ရွှေတြိဂံရဲ့ ပြည့်ရှင်မင်း (သို့မဟုတ်) သုခဘုံရဲ့ မင်းသားလေး ဘိန်းဘုရင် ခွန်ဆာအကြောင်း

ရွှေတြိဂံရဲ့ ပြည့်ရှင်မင်း (သို့မဟုတ်) သုခဘုံရဲ့ မင်းသားလေး ဘိန်းဘုရင် ခွန်ဆာအကြောင်း

ခွန်ဆာဆိုတဲ့ အဓိပ္ပါယ်က သုခဘုံ မင်းသားလေးတဲ့ ။ လှလိုက်တဲ့ နာမည် ။ နာမည်ရင်းက ချန်စစ်ဖူ ။ရှမ်း တရုတ် ကပြား ။

လူသိများတဲ့ ခွန်ဆာရဲ့ စကားတခွန်းကတော့ ဗြိတိန် သတင်းထောက် တစ်ယောက်ကို ပြောခဲ့တဲ့ စကားပါပဲ ။

ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့အောင်ဆန်းစုကြည်ကို ကြည့်ပါလား ။ သူ့မှာ စစ်တပ် မရှိတော့ စစ်အစိုးရက အကျယ်ချုပ်ထားတာ ခံနေရတယ် ဆိုတဲ့စကား ။

ခွန်ဆာ လက်ကိုင်ထားတဲ့ သဘောတရားကတော့ ခင်ဗျားမှာ ကိုယ့်တိုင်းပြည်ဆိုတာ ရှိပြီး ကိုယ့်အစိုးရဆိုတာ မရှိရင် ခင်ဗျားရဲ့ဘယ်ပိုင်ဆိုင်မှုမှ စိတ် မချရတော့ဘူး ။

ခွန်ဆာကို အရှေ့တောင်အာရှရဲ့ ပါဘလို အက်စကိုဘာအဖြစ် တင်စားကြတယ်။

ဒီစကားကြားတော့ ခွန်ဆာကြီးက ရယ်တယ်တဲ့ဗျ ။ ဒီကောင်မှာ ငါ့လို လူ ၄၀၀၀၀ လောက် ရှိပြီး လေယာဉ်ပစ် အမြောက်ပိုင်တဲ့ ကိုယ်ပိုင် စစ်တပ် မရှိပါဘူးကွ။ ကိုယ်ပိုင်မြို့လည်း မရှိဘူး ။

အဓိက အချက်ကတော့ ဒီကောင်မှာ ငါ့လို ပါးရည်နပ်ရည် မရှိဘူးတဲ့ ။ ခွန်ဆာ ကြွားမယ်ဆိုလည်း ကြွား လောက်တယ်။

သူ့ အသက် ၃ နှစ် အရွယ်မှာ အဖေ မဲ့ခဲ့ပြီး ပထွေး လက်အောက်မှာ အနှိမ်ခံဘဝနဲ့ ကြီး ပြင်းခဲ့ရတယ်။ ပထွေးဖက်က ပါလာတဲ့ သား ၃ ယောက်ရဲ့ ခိုင်းဖတ်ဘဝ ဖြစ်ခဲ့ရတယ်။

တန်းတူ ကျောင်း မတက်ခဲ့ရဘဲ လွယ်မော်တောင်တန်းက ဘိန်းခင်းတွေမှာ အချိန် ကုန်ခဲ့ရတယ် ။

အသက် ၁၆ နှစ် အရွယ် မှာ ခွန်ဆာ သေနတ် စ ကိုင်တယ်။ ကျုးကျော် ကွန်မင်တန်တွေကို ဗမာဖက်က ဝင်တိုက်ပေးရင်း တရားမဝင် ဘိန်း သယ်ခွင့်ရခဲ့တယ်လို့ အဆို ရှိကြပါတယ်

ခွန်ဆာဟာ သေနတ်နဲ့ လမိုင်း သိပ်ကပ်တယ်။ သူ သဘောကျတာက မင်းသားကြီး ဂျွန်ဝိန်း။သူ ကိုင်တာက နီလာနဲ့စိန် ခြယ်ထားတဲ့ သေနတ်။ ဂျွန်ဝိန်းလို သေနတ် အမြန်ဆွဲထုတ်တာ သိပ်မြန်တယ်။

ဂျွန်ဝိန်းထက် သာတာက သူက တကယ် လက်ဖြောင့်တယ် ။ သူ့ပစ်မှတ်ဟာ သက်မဲ့စက်ဝိုင်း မဟုတ် ဘူး။ သက်ရှိ ။ ရှမ်း တရုတ် ကပြား ခွန်ဆာဟာ ရုပ်ဖြောင့်တယ် ။ ပိန်ပိန် ပါးပါး ကိုယ်ဟန်ဖြောင့်ဖြောင့် ။ တခေတ်က မင်းသားကျော်ဆွေလို စတိုင်။ အက်စကိုဘာလို နှုတ်ခမ်းမွှေး နဲ့ လူကြမ်းရုပ် မဟုတ်ဘူး ။

အပြော သိပ်ကောင်းတယ် ။ အဆို ပိုင်တယ် ။ အသံ ကောင်းတယ် ။အထူးသဖြင့် မ ကျမ်း ကျေတာပါပဲ ။ဒါတွေကြောင့် ခွန်ဆာကို မိန်းမ တွေ အသေ ကြွေကြတာ ။

ဆေးလိပ်သိပ်ကြိုက်တဲ့ ခွန်ဆာ ရဲ့ စီးကရက် သောက်ဟန်ဟာ အနောက် တိုင်းက ကောင်းဘွိုင် စတိုင်အတိုင်းပဲလို့ ပြောစမှတ်ပြုရတယ်

မယား လေးယောက်ကို တပြိုင်နက် ပေါင်းခဲ့ ပြီး အငယ်ဆုံးမယားက အသက် ၁၅ နှစ် တူမအရင်း ။

ဒါတွေ ရေးပြလို့ ခွန်ဆာဟာ မင်းသားလေးလို လွမ်းပြမယ် မထင်နဲ့ဗျ ။ မျက်နှာ ၂ ဖက် နဲ့ လူ ။ သူနဲ့ ပြိုင်ဘက် ကွန်မင်တန် ဗိုလ်ချုပ်ကြီးလီရဲ့ ချင်းမိုင်က စံအိမ်ကို TNT ယမ်း ၂တန် သယ်လာတဲ့ကားနဲ့ ဖောက်ခွဲ ဖျက်စီးလိုက်တာ အခန်း ၄၀ ပါ စံအိမ်တော်ကြီးဟာ မြေပေါ် ဗုန်းဗုန်း လဲရော ။

ရွာလုံးကျွတ် လူရာချီ ပြီး ကျင်းတူး ဗြင်းပစ်တာတွေ။ လူကို ခွေးစာ ကျွေး ပစ်တာတွေ ။ လည်ပင်းကို အပေါက် ဖောက် ။ အဲ့ဒီအပေါက်ကနေ လျှာကို ဆွဲထုတ်ထားပြီး လျှာကို နက်ကတိုင်လုပ်တမ်း ကစားတာတွေ ။ ဒါတွေ သာ အက်စ်ကိုဘာကြားရင် ရှုရှုး တောင် ထွက်ကျသွားနိုင်တယ် ။

၁၉၆၉ မှာ ခွန်ဆာ အဖမ်းခံရတယ် ။မန္တလေးထောင်မှာ သီးသန့် အကျဉ်းချထား ပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ သေဒဏ် အပေးခံရတယ်။ အဲ့ဒီခေတ်က တကယ်သတ်တဲ့ ခေတ်။

ထောင်ထဲမှာ ဘာအခွင့်အရေးမှ မရဘဲ တိုက်ပိတ်ထားလိုက်တာ ။ သေဖို့က သေချာနေပြီ ။ မျှော်လင့်ချက် မရှိတော့ဘူး။ ၁၉၇၃ မှာ ခွန်ဆာ့ လူယုံတော်တွေက တောင်ကြီးမှာ ဆေးရုံလာစစ်တဲ့ ရုရှားဆရာဝန် ၂ ယောက် ကို နေ့ခင်းဘက်ကြီး ဗြောင် ဝင်ဆွဲ သွားတယ်။

အစိုးရက တပ်မ တစ်မနဲ့ လိုက်တာ မမှီတော့ဘူး ။ ၁၉၇၄ မှာ အလဲအလှယ်နဲ့ ခွန်ဆာ လွတ်သွားတယ်။ တောထဲတန်းသွား တယ်။ ဘာမှ လုပ်မရဘူး။ လက်ပိုက် ကြည့်နေရတဲ့ ဘဝ ဖြစ်သွားတယ် ။ အဲ့ဒီမှာတင် ခွန်ဆာ တပ်ထောင်တာ ပါပဲ။ Shan United Army SUA ရှမ်းပြည် သွေးစည်း ညီညွတ်ရေးတပ်ဆိုတာ ပေါ်လာတယ် ။

ဟိုမိန်း မှာ မြို့တည်တယ် ။ ရေအားလျှပ်စစ်နဲ့ မီး ပေးတယ် ။ ဆေးရုံ စာသင်ကျောင်း ရှိတယ် ။ ကိုယ်ပိုင် ဂေါက်ကွင်း ရှိတယ် ။ ကျနော်တို့ကသာ တောထဲထင်နေတာ ။

ကမ္ဘာကတော့ ဟိုမိန်းဟာ မြန်မာပြည် က ဟောင်ကောင်ပဲ ။ ကမ္ဘာလှည့် ခရီး သွားလုပ်ငန်း ရှိတယ်။ ခွန်ဆာ ကျင်းပတဲ့ ဂေါက်ပြိုင်ပွဲဟာ နအဖဂေါက်ပွဲထက် ကမ္ဘာကျော်တယ် ။

ထိုင်ဝမ် စင်္ကာပူ ဂျပန် အမေရိကား က လာရိုက်ကြတယ် ။ ကမ္ဘာကျော်အဆိုတော်တွေ လာတယ် ။ ဗြိတိန် တော်ဝင်တွေ Lady တွေ Lord တွေတောင် လာတယ်။

ဒီသတင်းသာ အက်စ်ကိုဘာ ကြားရင် တက်သေသွား နိုင်လောက်တယ်။ ခွန်ဆာဟာ ရွှေတြိဂံရဲ့ အရှင်သခင် ဖြစ်လာတယ် ။

သူထုတ်တဲ့ ဟီးရိုးအင်းဟာ ကမ္ဘာ ကျော်တယ် ။ သန့်စင်မှု 90 % လောက်ရှိတော့ အမေရိကား ရောက်ရင် ကြိုက်သလောက်ရော အာနိသင် မလျော့ဘူး ။ အက်စကိုဘာရဲ့ ကုတ်ကင်းတောင် မြောင်းထဲ ရောက်မတတ် ဖြစ်ကုန်တယ် ။

ဆယ်စုနှစ် လေးခုလောက် ပြိုင်ဖက် စစ်ဘုရင်တွေ မြန်မာအစိုးရ ထိုင်း လာအိုအစိုးရ အမေရိကန် CIA DEA တွေနဲ့ ထွေပစ်တမ်း ကစားလာတဲ့ ခွန်ဆာဟာ ကိုလံဘီယာက အက်စ်ကို ဘာ ကျဆုံးသွားတာနဲ့ သူ့အလှည့်ဆိုတာ ရိပ်မိတယ်။ သူဟာ ၁၉၈၉ ထဲ က ဒေါ်လာ ၂ သန်း ဆုငွေ ထုတ်ခံ ထားရသူ။ သူ ကျားကွက်ရွေ့ လိုက်တယ်။ ၁၉၉၆ တမနက်မှာ အမေရိကန် DEA ရုံးကို သတင်းတခု ဝင်လာတယ်။

ခွန်ဆာ နဝတဆီ လက်နက် ချသွားပြီတဲ့။ တရုံးလုံး အောင်ပွဲခံ အော်ဟစ် ခဲ့ကြတာပေါ့ ။

၁၉၉၆ မတ်လရောက်တော့ ခွန်ဆာကို လွှဲပြောင်းပေးရေးဟာ ရေပေါ် အရုပ် ရေးသလို ဖြစ်သွားပြီဆိုတာ သူတို့ သိရတော့ နောက်ကျသွားပြီ။

(ခွန်ဆာ လက်နက်ချပြီး သူ့စခန်း ဟိုမိန်းကို နအဖထံမှာ အကြွင်းမဲ့ အပ်နှံ လိုက်တယ်။

တောင်ပုံ ရာပုံ လက်နက်တွေ လေယာဉ်ပစ် အမြောက်တွေ ဆေးရုံတရုံနဲ့ ဆေးရုံသုံး ပစ္စည်းတွေ ဆိုတာ အများကြီး။ အဲ့ဒီခေတ်က ရှားပါတယ်ဆိုတဲ့ လက်ကိုင် စကားပြောစက် အိုင်ကွန်တွေဆိုတာ တောင်ပုံ ရာပုံ ၊ ကြိုက်သလောက်ယူ ၊ ကျိုင်းတုံ ပြန်ရောက်ရင် တလုံးတသိန်း ၊ ဝယ်မယ့်သူက အဆင်သင့်။

ဟိုမိန်း စခန်းသိမ်းသွားမယ့် အရာရှိတွေက အလုအယက်ပဲ။ အဲ့ဒီ အချိန်ကျိုင်းတုံ ဆေးတပ်မှာ ကျနော် တာဝန် ကျနေတယ်။ ရှေ့တန်းဆို အမြဲ မဲပေါက်တတ်တဲ့ ကျနော်တော့ ဒီတခါ ဟိုမိန်းသိမ်းပွဲမှာ မဲ မပေါက်ခဲ့ပါဘူး။ ဒါက ကိုယ်တွေ့ လေး ထည့်ရေးတာ )

ဆွစ်ဇာလန် နဲ့ ထိုင်းက ခွန်ဆာ ငွေ ဒေါ်လာ တစ်ဘီလျံကျော်ဟာ ပြည်တွင်း ပြန်ဝင်သွားပြီး သယ်ယူ ပို့ ဆောင်ရေးတွေ ဟိုတယ်တွေ အပြင် အမေရိကန်က Unocal နဲ့ပြင်သစ် Total တို့မှာ မြုပ်နှံလိုက်ပါပြီ။

ခွန်ဆာကတော့ ရှမ်းမိန်းကလေး ၄ ယောက်။ သမီး ၃ ယောက် သား ၅ ယောက် နဲ့ အတူ ရန်ကုန် မှာပေါ့လေ ။ခွန်ဆာ ဇာတ်သိမ်းဟာ Happy Ending ဗျ။

သူနဲ့ ခေတ်ပြိုင် အက်စ်ကိုဘာလို လမ်းကြိုလမ်းကြားမှာ ဝရမ်းပြေးဘဝနဲ့ ဇာတ် မသိမ်းသွားဘူး။ အရိုး ပြာကိုလည်း သေခါနီးမှာ သွားလို့ပါ ဆိုပြီး ပင်လယ်ထဲ အမျော မခံရဘူး။ဘယ်မှာ မြုပ်နှံထားတယ် ဆိုတာ လည်း မသိရဘူး။ သေချာတာ တခုတော့ ရှိတယ်။

သူ့ ဇာတိမြေမှာ ခွန်ဆာ ပြတိုက် ရှိတယ်။ သူ့ ရဲ့ အမှတ်တရ မြင်းစီးကြေးရုပ် ရှိတယ် ။ ပြခန်းတွေ အသုံးအဆောင် တွေ ပြသထားတယ် ။

၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၆ ရက် နေ့မှာ ဦးခွန်ဆာဟာ သွေးတိုး ဆီးချိုလူကြီးရောဂါနဲ့ ကွယ်လွန် သွားပါ တယ်။ ခွန်ဆာ အကြောင်းသာ ရုပ်ရှင်ရိုက်လိုက်ရင် ကမ္ဘာကျော်ပါတယ် ဆိုတဲ့ အက်စကိုဘား ဘဝအကြောင်း ရုပ်ရှင်ဟာ မြောင်းထဲ ရောက်သွားနိုင်ကြောင်း မြန်မာ ရုပ်ရှင်ပညာရှင်များကို လက်တို့ အသိပေးလိုက်ပါတယ်နော် ။

ဗုံတွေမောင်းတွေလို မကျင့်ကြနဲ့ ။သူတို့က တီးမှမြည်တာ ။ နာရီလို ပြုမှု ကြပါ ။ လိုအပ်ချိန်တိုင်း အသံ ထွက် ပေးပါ ။

ဆရာအောင်အေး (ရန်ကုန် တက္ကသိုလ် ) ရဲ့ ဘိန်းဘုရင် ခွန်ဆာ ကို ခြေရာခံခြင်း ဘာသာပြန်စာအုပ် မှ ဓါတ်ပုံနဲ့ အကြောင်းအရာများ မှီငြမ်းထားပါကြောင်း ဝန်ခံပါတယ် ။ မဖတ်ရသေးသူများအတွက် ပြန်တင်ပေးတာပါ ။

လေးစားမှုဖြင့် ခရစ်ဒက် Zarni Zaya

 

Zawgyi

ေ႐ႊႀတိဂံရဲ႕ ျပည့္ရွင္မင္း (သို႔မဟုတ္) သုခဘုံရဲ႕ မင္းသားေလး ဘိန္းဘုရင္ ခြန္ဆာအေၾကာင္း

ခြန္ဆာဆိုတဲ့ အဓိပၸါယ္က သုခဘုံ မင္းသားေလးတဲ့ ။ လွလိုက္တဲ့ နာမည္ ။ နာမည္ရင္းက ခ်န္စစ္ဖူ ။ရွမ္း တ႐ုတ္ ကျပား ။ လူသိမ်ားတဲ့ ခြန္ဆာရဲ႕ စကားတခြန္းကေတာ့ ၿဗိတိန္သတင္းေထာက္ တစ္ေယာက္ကို ေျပာခဲ့တဲ့ စကားပါပဲ ။

ေ႐ြးေကာက္ပြဲမွာ အႏိုင္ရသြားတဲ့ေအာင္ဆန္းစုၾကည္ကို ၾကည့္ပါလား ။ သူ႔မွာ စစ္တပ္ မရွိေတာ့ စစ္အစိုးရ က အက်ယ္ခ်ဳပ္ထားတာ ခံေနရ တယ္ ဆိုတဲ့စကား ။ ခြန္ဆာ လက္ကိုင္ထားတဲ့ သေဘာတရားကေတာ့ ခင္ဗ်ားမွာ ကိုယ့္တိုင္းျပည္ ဆိုတာ ရွိၿပီး ကိုယ့္အစိုးရဆိုတာ မရွိရင္ ခင္ဗ်ားရဲ႕ဘယ္ပိုင္ဆိုင္မႈမွ စိတ္မ ခ်ရေတာ့ဘူး ။

ခြန္ဆာကို အေရွ႕ေတာင္အာရွရဲ႕ ပါဘလို အက္စကိုဘာအျဖစ္ တင္စားၾကတယ္။

ဒီ စကားၾကားေတာ့ ခြန္ဆာႀကီးက ရယ္တယ္တဲ့ဗ် ။ ဒီေကာင္မွာ ငါ့လို လူ ၄၀၀၀၀ ေလာက္ ရွိၿပီး ေလယာဥ္ ပစ္ အေျမာက္ပိုင္တဲ့ ကိုယ္ပိုင္ စစ္တပ္ မရွိပါဘူးကြ။ ကိုယ္ပိုင္ၿမိဳ႕လည္း မရွိဘူး ။

အဓိက အခ်က္ကေတာ့ ဒီေကာင္မွာ ငါ့လို ပါးရည္နပ္ရည္ မရွိဘူးတဲ့ ။ ခြန္ဆာ ႂကြားမယ္ဆိုလည္း ႂကြား ေလာက္တယ္။ သူ႔ အသက္ ၃ ႏွစ္ အ႐ြယ္မွာ အေဖ မဲ့ခဲ့ၿပီး ပေထြး လက္ေအာက္မွာ အႏွိမ္ခံဘဝနဲ႔ ႀကီး ျပင္းခဲ့ရတယ္။ ပေထြးဖက္က ပါလာတဲ့ သား ၃ ေယာက္ရဲ႕ ခိုင္းဖတ္ဘဝ ျဖစ္ခဲ့ရတယ္။ တန္းတူ ေက်ာင္း မတက္ခဲ့ရပဲ လြယ္ေမာ္ေတာင္တန္းက ဘိန္းခင္းေတြမွာ အခ်ိန္ ကုန္ခဲ့ ရတယ္ ။

အသက္ ၁၆ ႏွစ္ အ႐ြယ္ မွာ ခြန္ဆာ ေသနတ္ စ ကိုင္တယ္။ က်ဳးေက်ာ္ ကြန္မင္တန္ေတြကို ဗမာဖက္က ဝင္ တိုက္ေပးရင္း တရားမဝင္ ဘိန္း သယ္ခြင့္ရခဲ့တယ္လို႔ အဆို ရွိၾကပါတယ္။ ခြန္ဆာဟာ ေသနတ္နဲ႔ လမိုင္း သိပ္ကပ္တယ္။ သူ သေဘာက် တာ က မင္းသားႀကီး ဂြၽန္ဝိန္း။သူ ကိုင္ တာက နီလာနဲ႔စိန္ ျခယ္ထားတဲ့ ေသနတ္။ ဂြၽန္ဝိန္းလို ေသနတ္ အျမန္ဆြဲထုတ္တာ သိပ္ျမန္တယ္။

ဂြၽန္ဝိန္းထက္ သာတာက သူက တကယ္ လက္ေျဖာင့္တယ္ ။ သူ႔ပစ္မွတ္ဟာ သက္မဲ့စက္ဝိုင္း မဟုတ္ ဘူး။ သက္ရွိ ။ ရွမ္း တ႐ုတ္ ကျပား ခြန္ဆာဟာ ႐ုပ္ေျဖာင့္တယ္ ။ ပိန္ပိန္ ပါးပါး ကိုယ္ဟန္ေျဖာင့္ေျဖာင့္ ။ တေခတ္က မင္းသားေက်ာ္ေဆြလို စတိုင္။ အက္စကိုဘာလို ႏႈတ္ခမ္းေမႊး နဲ႔ လူၾကမ္း႐ုပ္ မဟုတ္ဘူး ။

အေျပာ သိပ္ေကာင္းတယ္ ။ အဆို ပိုင္တယ္ ။ အသံ ေကာင္းတယ္ ။အထူးသျဖင့္ မ က်မ္း ေက်တာပါပဲ ။ဒါေတြေၾကာင့္ ခြန္ဆာကို မိန္းမ ေတြအေသ ေႂကြၾကတာ ။

ေဆးလိပ္သိပ္ႀကိဳက္တဲ့ ခြန္ဆာ ရဲ႕ စီးကရက္ ေသာက္ဟန္ဟာ အေနာက္ တိုင္းက ေကာင္းဘြိဳင္ စတိုင္အတိုင္း ပဲလို႔ ေျပာစမွတ္ျပဳရတယ္ ။ မယား ေလးေယာက္ကို တၿပိဳင္နက္ ေပါင္းခဲ့ ၿပီး အငယ္ဆုံးမယားက အသက္ ၁၅ ႏွစ္ တူမအရင္း ။

ဒါေတြေရးျပလို႔ ခြန္ဆာဟာ မင္းသားေလးလို လြမ္းျပမယ္ မထင္နဲ႔ဗ် ။မ်က္ႏွာ ၂ ဖက္ နဲ႔ လူ ။ သူနဲ႔ ၿပိဳင္ဘက္ ကြန္မင္တန္ ဗိုလ္ခ်ဳပ္ႀကီးလီရဲ႕ ခ်င္းမိုင္က စံအိမ္ကို TNT ယမ္း ၂တန္ သယ္လာတဲ့ကားနဲ႔ ေဖာက္ခြဲ ဖ်က္စီးလိုက္တာ အခန္း ၄၀ ပါ စံအိမ္ေတာ္ႀကီးဟာ ေျမေပၚ ဗုန္းဗုန္း လဲေရာ ။

႐ြာလုံးကြၽတ္ လူရာခ်ီ ၿပီး က်င္းတူး ျဗင္းပစ္တာေတြ။ လူကို ေခြးစာ ေကြၽး ပစ္တာေတြ ။ လည္ပင္းကို အေပါက္ ေဖာက္ ။ အဲ့ဒီအေပါက္ကေန လွ်ာကို ဆြဲထုတ္ထားၿပီး လွ်ာကို နက္ကတိုင္လုပ္တမ္း ကစားတာေတြ ။ ဒါေတြ သာ အက္စ္ကိုဘာၾကားရင္ ရႈရႈး ေတာင္ ထြက္က်သြားႏိုင္တယ္ ။

၁၉၆၉ မွာ ခြန္ဆာ အဖမ္းခံရတယ္ ။မႏၲေလးေထာင္မွာ သီးသန႔္ အက်ဥ္းခ်ထား ၿပီး ႏိုင္ငံေတာ္သစၥာ ေဖာက္မႈနဲ႔ ေသဒဏ္ အေပးခံရတယ္ ။ အဲ့ဒီေခတ္က တကယ္ သတ္တဲ့ ေခတ္ ။

ေထာင္ထဲမွာ ဘာအခြင့္အေရးမွ မရဘဲ တိုက္ပိတ္ထားလိုက္တာ ။ ေသဖို႔က ေသခ်ာေနၿပီ ။ ေမွ်ာ္လင့္ခ်က္ မရွိေတာ့ဘူး။ ၁၉၇၃ မွာ ခြန္ဆာ့ လူယုံေတာ္ေတြက ေတာင္ႀကီးမွာ ေဆး႐ုံလာစစ္တဲ့ ႐ုရွားဆရာဝန္ ၂ ေယာက္ ကို ေန႔ခင္းဘက္ႀကီး ေျဗာင္ ဝင္ဆြဲ သြားတယ္။ အစိုးရက တပ္မ တစ္မနဲ႔ လိုက္တာ မမွီေတာ့ဘူး ။

၁၉၇၄ မွာ အလဲအလွယ္နဲ႔ ခြန္ဆာ လြတ္သြားတယ္။ ေတာထဲတန္းသြား တယ္။ ဘာမွ လုပ္မရဘူး။ လက္ပိုက္ ၾကည့္ေနရတဲ့ ဘဝ ျဖစ္သြားတယ္ ။အဲ့ဒီမွာတင္ ခြန္ဆာ တပ္ေထာင္တာ ပါပဲ။ Shan United Army SUA ရွမ္းျပည္ေသြးစည္း ညီၫြတ္ေရးတပ္ဆိုတာ ေပၚလာတယ္ ။ဟိုမိန္း မွာ ၿမိဳ႕တည္တယ္ ။

ေရအားလွ်ပ္စစ္နဲ႔ မီး ေပးတယ္ ။ ေဆး႐ုံ စာသင္ေက်ာင္း ရွိတယ္ ။ ကိုယ္ပိုင္ ေဂါက္ကြင္း ရွိတယ္ ။က်ေနာ္တို႔ကသာ ေတာထဲထင္ေနတာ ။ကမာၻကေတာ့ ဟိုမိန္းဟာ ျမန္မာျပည္ က ေဟာင္ေကာင္ပဲ ။ ကမာၻလွည့္ ခရီး သြားလုပ္ငန္း ရွိတယ္။ ခြန္ဆာ က်င္းပတဲ့ ေဂါက္ၿပိဳင္ပြဲဟာ နအဖေဂါက္ပြဲထက္ ကမာၻေက်ာ္တယ္ ။

ထိုင္ဝမ္ စကၤာပူ ဂ်ပန္ အေမရိကား က လာ႐ိုက္ၾကတယ္ ။ ကမာၻေက်ာ္အဆိုေတာ္ေတြ လာတယ္ ။ ၿဗိတိန္ ေတာ္ဝင္ေတြ Lady ေတြ Lord ေတြေတာင္ လာတယ္။ ဒီသတင္းသာ အက္စ္ကိုဘာ ၾကားရင္ တက္ေသသြား ႏိုင္ေလာက္တယ္။ ခြန္ဆာဟာ ေ႐ႊႀတိဂံရဲ႕ အရွင္သခင္ ျဖစ္လာတယ္ ။

သူထုတ္တဲ့ ဟီး႐ိုးအင္းဟာ ကမာၻ ေက်ာ္တယ္ ။ သန႔္စင္မႈ 90 % ေလာက္ရွိေတာ့ အေမရိကား ေရာက္ရင္ ႀကိဳက္သေလာက္ေရာ အာနိသင္ မေလ်ာ့ဘူး ။ အက္စကိုဘာရဲ႕ ကုတ္ကင္းေတာင္ ေျမာင္းထဲ ေရာက္မတတ္ ျဖစ္ကုန္တယ္ ။

ဆယ္စုႏွစ္ ေလးခုေလာက္ ၿပိဳင္ဖက္ စစ္ဘုရင္ေတြ ျမန္မာအစိုးရ ထိုင္း လာအိုအစိုးရ အေမရိကန္ CIA DEA ေတြနဲ႔ ေထြပစ္တမ္း ကစားလာတဲ့ ခြန္ဆာဟာ ကိုလံဘီယာက အက္စ္ကို ဘာ က်ဆုံးသြားတာနဲ႔ သူ႔အလွည့္ဆိုတာ ရိပ္မိတယ္။ သူဟာ ၁၉၈၉ ထဲ က ေဒၚလာ ၂ သန္း ဆုေငြ ထုတ္ခံ ထားရသူ။ သူ က်ားကြက္ေ႐ြ႕ လိုက္တယ္။ ၁၉၉၆ တမနက္မွာ အေမရိကန္ DEA ႐ုံးကို သတင္းတခု ဝင္လာတယ္။

ခြန္ဆာ နဝတဆီ လက္နက္ ခ်သြားၿပီတဲ့။ တ႐ုံးလုံး ေအာင္ပြဲခံ ေအာ္ဟစ္ ခဲ့ၾကတာေပါ့ ။ ၁၉၉၆ မတ္လေရာက္ေတာ့ ခြန္ဆာကို လႊဲေျပာင္းေပးေရးဟာ ေရေပၚ အ႐ုပ္ ေရးသလို ျဖစ္သြားၿပီဆိုတာ သူတို႔ သိရေတာ့ ေနာက္က်သြားၿပီ။

(ခြန္ဆာ လက္နက္ခ်ၿပီး သူ႔စခန္း ဟိုမိန္းကို နအဖထံမွာ အႂကြင္းမဲ့ အပ္ႏွံ လိုက္တယ္။ ေတာင္ပုံ ရာပုံ လက္နက္ေတြ ေလယာဥ္ပစ္ အေျမာက္ေတြ ေဆး႐ုံတ႐ုံနဲ႔ ေဆး႐ုံသုံး ပစၥည္းေတြ ဆိုတာ အမ်ားႀကီး။ အဲ့ဒီေခတ္က ရွားပါတယ္ဆိုတဲ့ လက္ကိုင္ စကားေျပာစက္ အိုင္ကြန္ေတြဆိုတာ ေတာင္ပုံ ရာပုံ ၊ ႀကိဳက္သေလာက္ယူ ၊ က်ိဳင္းတုံ ျပန္ေရာက္ရင္ တလုံးတသိန္း ၊ ဝယ္မယ့္သူက အဆင္သင့္။

ဟိုမိန္း စခန္းသိမ္းသြားမယ့္ အရာရွိေတြက အလုအယက္ပဲ။ အဲ့ဒီ အခ်ိန္က်ိဳင္းတုံ ေဆးတပ္မွာ က်ေနာ္ တာဝန္ က်ေနတယ္။ ေရွ႕တန္းဆို အၿမဲ မဲေပါက္တတ္တဲ့ က်ေနာ္ေတာ့ ဒီတခါ ဟိုမိန္းသိမ္းပြဲမွာ မဲ မေပါက္ခဲ့ပါဘူး။ ဒါက ကိုယ္ေတြ႕ ေလး ထည့္ေရးတာ )

ဆြစ္ဇာလန္ နဲ႔ ထိုင္းက ခြန္ဆာ ေငြ ေဒၚလာ တစ္ဘီလ်ံေက်ာ္ဟာ ျပည္တြင္း ျပန္ဝင္သြားၿပီး သယ္ယူ ပို႔ ေဆာင္ေရးေတြ ဟိုတယ္ေတြ အျပင္ အေမရိကန္က Unocal နဲ႔ျပင္သစ္ Total တို႔မွာ ျမဳပ္ႏွံလိုက္ပါၿပီ။

ခြန္ဆာကေတာ့ ရွမ္းမိန္းကေလး ၄ ေယာက္။ သမီး ၃ ေယာက္ သား ၅ ေယာက္ နဲ႔ အတူ ရန္ကုန္ မွာေပါ့ေလ ။ခြန္ဆာ ဇာတ္သိမ္းဟာ Happy Ending ဗ်။

သူနဲ႔ ေခတ္ၿပိဳင္ အက္စ္ကိုဘာလို လမ္းႀကိဳလမ္းၾကားမွာ ဝရမ္းေျပးဘဝနဲ႔ ဇာတ္ မသိမ္းသြားဘူး။ အ႐ိုး ျပာကိုလည္း ေသခါနီးမွာ သြားလို႔ပါ ဆိုၿပီး ပင္လယ္ထဲ အေမ်ာ မခံရဘူး။ဘယ္မွာ ျမဳပ္ႏွံထားတယ္ ဆိုတာ လည္း မသိရဘူး။ ေသခ်ာတာ တခုေတာ့ ရွိတယ္။ သူ႔ ဇာတိေျမမွာ ခြန္ဆာ ျပတိုက္ ရွိတယ္။ သူ႔ ရဲ႕ အမွတ္တရ ျမင္းစီးေၾကး႐ုပ္ ရွိတယ္ ။ ျပခန္းေတြ အသုံးအေဆာင္ ေတြ ျပသထားတယ္ ။

၂၀၀၇ ခုႏွစ္ ေအာက္တိုဘာ ၂၆ ရက္ ေန႔မွာ ဦးခြန္ဆာဟာ ေသြးတိုး ဆီးခ်ိဳလူႀကီးေရာဂါနဲ႔ ကြယ္လြန္ သြားပါ တယ္။ ခြန္ဆာ အေၾကာင္းသာ ႐ုပ္ရွင္႐ိုက္လိုက္ရင္ ကမာၻေက်ာ္ပါတယ္ ဆိုတဲ့ အက္စကိုဘား ဘဝအေၾကာင္း ႐ုပ္ရွင္ဟာ ေျမာင္းထဲ ေရာက္သြားႏိုင္ေၾကာင္း ျမန္မာ ႐ုပ္ရွင္ပညာရွင္မ်ားကို လက္တို႔ အသိေပးလိုက္ပါတယ္ေနာ္ ။

ဗုံေတြေမာင္းေတြလို မက်င့္ၾကနဲ႔ ။သူတို႔က တီးမွျမည္တာ ။ နာရီလို ျပဳမႈ ၾကပါ ။ လိုအပ္ခ်ိန္တိုင္း အသံ ထြက္ ေပးပါ ။ ဆရာေအာင္ေအး (ရန္ကုန္ တကၠသိုလ္ ) ရဲ႕ ဘိန္းဘုရင္ ခြန္ဆာ ကို ေျခရာခံျခင္း ဘာသာျပန္စာအုပ္ မွ ဓါတ္ပုံနဲ႔ အေၾကာင္းအရာမ်ား မွီျငမ္းထားပါေၾကာင္း ဝန္ခံပါတယ္ ။ မဖတ္ရေသးသူမ်ားအတြက္ ျပန္တင္ေပးတာပါ ။
ေလးစားမႈျဖင့္ ခရစ္ဒက္ Zarni Zaya

Be the first to comment

Leave a Reply

Your email address will not be published.


*