ကားစပယ်ယာကနေ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင်ဘဝ ရောက်အောင် ကြိုးစားခဲ့တဲ့ ဦးဝင်းစိန်ရဲ့ ဘဝဇာတ်ကြောင်း

ကားစပယ်ယာကနေ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ဘဝရောက်အောင် ကြိုးစားခဲ့တဲ့ ဦးဝင်းစိန်ရဲ့ ဘဝဇာတ်ကြောင်း ( လူငယ်တွေ စိတ်ဓာတ်ခွန်အားယူလို့ရအောင် ဖတ်ကြည့်ပါ )

အဖိုးရဲ့ငယ်ဘဝလေးက တော်တော်လေး မကောင်းခဲ့ရှာဘူး။ ထမင်းတလုတ်တောင် မစားခဲ့ရတဲ့နေ့တွေ မရေမတွက်နိုင်အောင်ပဲတဲ့။ အဖိုးအိမ်ကထွက်လာတော့ အသက် ၁၆နှစ်၊ ပထမဆုံးအလုပ်က မန္တလေးကနေ ရှမ်းပြည်သွားတဲ့ဘက် သွားတဲ့ကားမှာ ကားစပယ်ယာလုပ်တာ၊ အရမ်းအေးတဲ့ ဆောင်းတွင်းတွေမှာ အနွေးထည်တထည်တောင်ကောင်းကောင်း မသုံးနိုင်ခဲ့တဲ့သူ။

ကျွန်မတို့ သီပေါသွားမယ် ပြောတော့ သူက သူ မလိုက်ချင်ဘူးတဲ့။ သူအခါခါအလီလီ သွားခဲ့ဖူးတဲ့နေရာ။ သူအဲ့နေရာရဲ့ အအေးဓာတ်ကို သူပြန်မခံစားချင်ဘူးတဲ့။

နောက်တော့ သူ ရန်ကုန်တက်တယ်။ သူ့ဦးလေးတယောက်ရဲ့အကူအညီနဲ့ တိုက်စန်း ရွှေဆိုင်မှာ ပန်းထိမ် ဝင်လုပ်တယ်။ ၁၀ နှစ်လောက် ကြာသွားတယ်။

သူ့ လုပ်ဖော်ကိုင်ဖက်တွေက သူ့မှာမိဘဆွေမျိုးသားချင်း မရှိဘူးလို့တောင် သူ့ကို ထင်တယ် ။ သူ့မိဘတွေက ဆင်းရဲလွန်းလို့ သူ့ဆီ လာစရာ ကားခ မရှိဘူး။ သူမှာလည်း ရသမျှ ကျစ်ကျစ်ပါအောင် စုပြီး အမေရယ် အမရယ်ကို ထောက်ပံ့တယ်။

အဖိုးက ကြိုးစားတယ် ရိုးသားတယ်။ အဲ့ဒါကြောင့် အဖိုးရဲ့ဆရာက ပဲခူးသူလေး ဒေါ်ရိမ်နဲ့ အောင်သွယ်ပေးပြီး မိဘနေရာကနေ နေရာချပေးခဲ့တယ်၊ သူ့မှာ စီးကရက်ဘူး တဘူးစာ ရွှေလေး စုမိထားတယ်။ သူအိမ်ထောင်ပြုပြီး မန္တလေးကို ဆင်းလာတယ်။

သူတတ်တဲ့ ပညာလေးနဲ့စီးပွားရှာဖို့၊ အဖိုးက စာ သေချာ မသင်ခဲ့ရရှာဘူး။ ဒါပေမယ့် သူနားလည်တာ တခုရှိတယ်။ မှန်မှန်ကန်ကန်နဲ့ ဖြေးဖြေးသာသွား။ သူ တနေ့ အောင်မြင်မယ်ဆိုတာပဲ။ ဝိန့်စိန်က ဆိုင်လေး စဖွင့်တော့ ဆိုင်ကြီးတွေ အလျှင်အမြန် မလုပ်ပေးနိုင်တဲ့ အရေးပေါ် အထည်လေးတွေနဲ့ စ ခဲ့တယ်။

ညတွင်းချင်း လက်စွပ်ပြီးအောင် လုပ်ပေးတာတို့ ပြင်ထည်လေးတွေတို့နဲ့ပေါ့။ အဖိုးရဲ့ စေတနာ လက်ရာ ပညာကြောင့် ဝိန့်စိန်ဟာ တဖြည်းဖြည်း လူသိများလာတယ်၊

၁၀ ပေ x ပေ ၂၀ အခန်းလေးမှာ မိသားစု ၅ ယောက် နေရာကနေ ပိုကြီးတဲ့ အခန်းလေး ပြောင်းလာနိုင်တယ်။ အဲ့ကနေ ပိုက်ဆံစု အိမ်လေးဝယ်လာနိုင်တယ်။ အဖိုးရဲ့ ပထမဆုံးအိမ်လေးက အခုဆိုင်အမှတ် ၁ ဖွင့်ထားတဲ့ ၂၈လမ်း x ၈၄ လမ်းထောင့်ကအိမ်၊ သူ့မိသားစုလေး အတွက်အိမ်။

သူ့ရဲ့လက်သုံးစကားလေးဖြစ်တဲ့ မှန်မှန်ကန်ကန်လုပ်ကလေးကို လက်ကိုင်ထားပြီးတော့ ရွှေဆိုင်လောကမှာ ရောင်းစျေးဝယ်စျေးကို ပထမဆုံး ရွှေစျေးကို တရားဝင် ရေးပြီးရောင်းတဲ့ ဆိုင်လေး ဖြစ်လာတယ်။ ရောင်းရင် ဘယ်စျေးရမယ် ဝယ်ရင် ဘယ်စျေးပေးရမယ်ဆိုတာ မေးစရာမလို ဆိုင်ထဲဝင်လိုက်တာနဲ့ ပွင့်လင်းမြင်သာစွာ ရေးထားတယ်။

ဝိန့်စိန်က ဒါကြောင့် ယုံကြည်မှု ပိုရခဲ့တယ်။ ဦးကျားကြီးဝင်း မီးလောင်ခဲ့စဉ်ကလည်း အဖိုးက သူ့ဆီအပ်ထားတဲ့ ရွှေငွေ လက်ဝတ် ရတနာတွေကို တခုမကျန် ပြန်ပေးလို့ဆိုပြီး  ရန်သူမျိုး ၅ ပါး ရန်ကြောင့် ပျက်စီးသွားတာတွေတောင် ပြန်ပေးတယ်ဆိုပြီး ဝိန့်စိန်က နာမည် တက်ခဲ့ပြန်တယ်။

တဖြေးဖြေးနဲ့ ဝိန့်စိန်က ပိုပိုပြီး အောင်မြင်လာတယ်။ အဖေအိမ်ထောင်ကျတော့ အဖိုးက လုပ်ငန်းကို အဖေ့ကို ဦးစီးစေခဲ့ပြီး သူက အကြံပေးနေရာမှာ နေပြီး အဖေ့ကို လမ်းညွှန်ခဲ့တယ်။ အဖိုးကအမြဲတမ်းလိုလို ဆိုင်ထိုင်တယ်။ စျေးဝယ်တွေနဲ့ စကားပြောတယ်။

သူကအမြဲ အမှန်အတိုင်းပဲ အကြံတွေ ပေးတတ်သလို မဟုတ်မမှန် စွပ်စွဲရင်လည်း စိတ်ကြီးတတ်တယ်။ အဖိုးက လူဖြောင့်စိတ်တို။ တခါတလေ ရွှေစျေး တက်နေချိန် စျေးဝယ်တွေ လာဝယ်ရင် အဖိုးက အခုချိန် မဝယ်နဲ့။ မြေဝယ် စျေးပြန်ကျမှ ရွှေဝယ်တို့ ဘာတို့ပြောတာ။ တခါတလေ အဖိုးကို အဲ့လိုတွေ မပြောပါနဲ့ ပြောယူရတယ်။

ဆိုင်က ရွှေကို မကောင်းဘူး ဘာဘူး ပြောရင်လည်း သိပ်စိတ်တိုတာ။ လူများဆီက မတရားသဖြင့် တပြားတချပ်တောင် မယူခဲ့ဘူးဆိုပြီး သူ စိတ်တိုတတ်တယ်။

သူက ကျွန်မတို့ကို သိပ်ပြီး ပညာတတ်ကြီးတွေ ဖြစ်စေချင်တာ။ သူ့မှာ ကျွန်မတို့က ဘယ်လို နိုင်ငံခြားတွေမှာ စာသွားသင်ခဲ့တာ။ ဘာတွေလုပ်နိုင်တာ ဆိုတာကို သူ သိပ်ဂုဏ်ယူတာ။ ငယ်ငယ်ကတည်းက ကျောင်းတွေဆို သူကိုယ်တိုင်ပို့ သူကိုယ်တိုင် ကြိုတာ။

မနက် ၆ နာရီ တရုတ်ကျောင်း ပို့တာကနေ စပြီး ည ၉ နာရီ ကျူရှင် ပြီးတဲ့အထိ သူ့ရဲ့ ပထမဆုံးကား ဖြစ်တဲ့ ဂျစ်ကားကြီးနဲ့ အပို့အကြို လုပ်တာ။ ဂျစ်ကား စီးရတာကို သိပ်ရှက်ခဲ့တာ တော်တော် ဟောင်းနေပြီကို။

ဒါပေမယ့် အဖိုးအတွက်တော့ ဒီကားလေးက သူ့ကို မီးဘေးက ကယ်ခဲ့တဲ့ ကားလေး။ သူ့သား ၁၀ တန်းအောင်လို့ အမှတ်တရ ပေးခဲ့တဲ့ ကားလေးဖြစ်လို့ အဲ့ကားလေးကို မရောင်းရက်ခဲ့ဘူး။ အဖိုးက အမြဲပြောတယ်။

မရှိတဲ့ဒုက္ခကို သူ ကောင်းကောင်းနားလည်တယ်။ မရှိမှာ သူသိပ်ကြောက်တယ်တဲ့။ သူနားလည်တာနဲ့အမျှ သူ ကိုယ်ချင်းစာစိတ် အပြည့်နဲ့ မိဘမဲ့ကျောင်းတွေ လှူတယ်။ လူအိုရုံတွေ ဆောက်ပေးတယ်။

သူစာမသင်ခဲ့ရသမျှ လူများတွေ စာတတ်အောင် ဘက ကျောင်းတွေ ဆောက်တယ်။ စာသင်ကျောင်းတွေ လှူတယ်။ ဆေးရုံသုံးပစ္စည်းတွေ စက်တွေအကုန်လှူတယ်။ မျက်စိဆေးရုံမှာလည်း ရာသက်ပန် လူနာမှတ်တမ်းစာအုပ် အလှူလေးလုပ်ထားတယ်။

အဖိုးက အဖွားကို သိပ်ချစ်တာ အဖွားက ၁ ဆို သူ ၂ မလုပ်ဘူး။ သူ့ဘေးနားမှာ နေပြီး အခက်အခဲ မှန်သမျှကို သူနဲ့အတူ ရင်ဆိုင်ပေးခဲ့လို့ သူ ဒီဘဝရောက်ရတာတဲ့ ကျွန်မတို့ အဘိုးကိုအမြဲနောက်နေကျ စကားရှိတယ်။

“ဦးဝင်းစိန်ရဲ့ဘဝမှာ ဒေါ်ရိမ်သာ ၁ ဒေါ်ရိမ်သာ ၂ ဒေါ်ရိမ်သာ ၁ ကနေ ၁၀ထိပဲလို့ ” အဖိုးက အဲ့လို သံယောဇဉ်ကြီးတဲ့သူ။ စည်းကမ်းကြီးတဲ့သူ။

ကျွန်မ အဖိုးဆီက အကြိုက်ဆုံးစကားကို ပြောပါဆိုရင် အဖေငယ်ငယ်က ဥပုဒ်နေ့ နားမယ် အလုပ်မလုပ်ဘူး ပြောတော့ အဖိုးက “အဲ့ဆိုမင်းဥပုဒ်နေ့ဆို ထမင်းမစားဘူးပေါ့?” ဆိုပြီး ပြန်ပြောတာပဲ။

ဒါ ကျွန်မ သိပ်လေးစား သိပ်မြတ်နိုးချစ်ခင်ရတဲ့ ဝိန့်စိန်ကို အုပ်တချပ် သဲတပွင့်ကနေ စတည်ထောင်ခဲ့သူ ဖိုးဖိုး ဦးဝင်းစိန်ရဲ့အကြောင်းပါ။

(ကျွန်မတို့အိမ်မှာ ပုံထဲကအတိုင်း ထမင်းစားတာ သိပ်ရှားတာနော်။ မွေးနေ့မလို့။ တနေ့ အရွက် ၂ မျိုး အသား ၂ မျိုး ဟင်းရည်ပဲ။ မကုန်တာတွေ ပိုနေတာတွေကို အဖိုးရောအဖွားရောက သိပ်မုန်းတာ လိုသလောက်ပဲ ချက်စားစေချင်တာ)

crd-Thiri Swe

Zawgyi ဖြင့် ဖတ်ရန်

ကားစပယ္ယာကေန ဝိန႔္စိန္ေ႐ႊဆိုင္ပိုင္ရွင္ ဘဝေရာက္ေအာင္ ႀကိဳးစားခဲ့တဲ့ ဦးဝင္းစိန္ရဲ႕ ဘဝဇာတ္ေၾကာင္း ( လူငယ္ေတြ စိတ္ဓာတ္ခြန္အားယူလို႔ရေအာင္ ဖတ္ၾကည့္ပါ )

အဖိုးရဲ႕ငယ္ဘဝေလးက ေတာ္ေတာ္ေလး မေကာင္းခဲ့ရွာဘူး။ ထမင္းတလုတ္ေတာင္ မစားခဲ့ရတဲ့ေန႔ေတြ မေရမတြက္ႏိုင္ေအာင္ပဲတဲ့။ အဖိုးအိမ္ကထြက္လာေတာ့ အသက္ ၁၆ႏွစ္၊ ပထမဆုံးအလုပ္က မႏၲေလးကေန ရွမ္းျပည္သြားတဲ့ဘက္ သြားတဲ့ကားမွာ ကားစပယ္ယာလုပ္တာ၊ အရမ္းေအးတဲ့ ေဆာင္းတြင္းေတြမွာ အေႏြးထည္တထည္ေတာင္ေကာင္းေကာင္း မသုံးႏိုင္ခဲ့တဲ့သူ။

ကြၽန္မတို႔ သီေပါသြားမယ္ ေျပာေတာ့ သူက သူ မလိုက္ခ်င္ဘူးတဲ့။ သူအခါခါအလီလီ သြားခဲ့ဖူးတဲ့ေနရာ။ သူအဲ့ေနရာရဲ႕ အေအးဓာတ္ကို သူျပန္မခံစားခ်င္ဘူးတဲ့။ ေနာက္ေတာ့ သူ ရန္ကုန္တက္တယ္။ သူ႔ဦးေလးတေယာက္ရဲ႕အကူအညီနဲ႔ တိုက္စန္း ေ႐ႊဆိုင္မွာ ပန္းထိမ္ ဝင္လုပ္တယ္။ ၁၀ ႏွစ္ေလာက္ ၾကာသြားတယ္။

သူ႔ လုပ္ေဖာ္ကိုင္ဖက္ေတြက သူ႔မွာမိဘေဆြမ်ိဳးသားခ်င္း မရွိဘူးလို႔ေတာင္ သူ႔ကို ထင္တယ္ ။ သူ႔မိဘေတြက ဆင္းရဲလြန္းလို႔ သူ႔ဆီ လာစရာ ကားခ မရွိဘူး။ သူမွာလည္း ရသမွ် က်စ္က်စ္ပါေအာင္ စုၿပီး အေမရယ္ အမရယ္ကို ေထာက္ပံ့တယ္။

အဖိုးက ႀကိဳးစားတယ္ ႐ိုးသားတယ္။ အဲ့ဒါေၾကာင့္ အဖိုးရဲ႕ဆရာက ပဲခူးသူေလး ေဒၚရိမ္နဲ႔ ေအာင္သြယ္ေပးၿပီး မိဘေနရာကေန ေနရာခ်ေပးခဲ့တယ္၊ သူ႔မွာ စီးကရက္ဘူး တဘူးစာ ေ႐ႊေလး စုမိထားတယ္။ သူအိမ္ေထာင္ျပဳၿပီး မႏၲေလးကို ဆင္းလာတယ္။ သူတတ္တဲ့ ပညာေလးနဲ႔စီးပြားရွာဖို႔၊ အဖိုးက စာ ေသခ်ာ မသင္ခဲ့ရရွာဘူး။

ဒါေပမယ့္ သူနားလည္တာ တခုရွိတယ္။ မွန္မွန္ကန္ကန္နဲ႔ ေျဖးေျဖးသာသြား။ သူ တေန႔ ေအာင္ျမင္မယ္ဆိုတာပဲ။ ဝိန႔္စိန္က ဆိုင္ေလး စဖြင့္ေတာ့ ဆိုင္ႀကီးေတြ အလွ်င္အျမန္ မလုပ္ေပးႏိုင္တဲ့ အေရးေပၚ အထည္ေလးေတြနဲ႔ စ ခဲ့တယ္။

ညတြင္းခ်င္း လက္စြပ္ၿပီးေအာင္ လုပ္ေပးတာတို႔ ျပင္ထည္ေလးေတြတို႔နဲ႔ေပါ့။ အဖိုးရဲ႕ ေစတနာ လက္ရာ ပညာေၾကာင့္ ဝိန႔္စိန္ဟာ တျဖည္းျဖည္း လူသိမ်ားလာတယ္၊

၁၀ ေပ x ေပ ၂၀ အခန္းေလးမွာ မိသားစု ၅ ေယာက္ ေနရာကေန ပိုႀကီးတဲ့ အခန္းေလး ေျပာင္းလာႏိုင္တယ္။ အဲ့ကေန ပိုက္ဆံစု အိမ္ေလးဝယ္လာႏိုင္တယ္။ အဖိုးရဲ႕ ပထမဆုံးအိမ္ေလးက အခုဆိုင္အမွတ္ ၁ ဖြင့္ထားတဲ့ ၂၈လမ္း x ၈၄ လမ္းေထာင့္ကအိမ္၊ သူ႔မိသားစု႔ေလးအတြက္အိမ္။ သူ႔ရဲ႕လက္သုံးစကားေလးျဖစ္တဲ့ မွန္မွန္ကန္ကန္လုပ္ကေလးကို လက္ကိုင္ထားၿပီးေတာ့ ေ႐ႊဆိုင္ေလာကမွာ ေရာင္းေစ်းဝယ္ေစ်းကို ပထမဆုံး ေ႐ႊေစ်းကို တရားဝင္ေရးၿပီးေရာင္းတဲ့ ဆိုင္ေလးျဖစ္လာတယ္၊ ေရာင္းရင္ဘယ္ေစ်းရမယ္ ဝယ္ရင္ ဘယ္ေစ်းေပးရမယ္ဆိုတာ

ေမးစရာမလို ဆိုင္ထဲဝင္လိုက္တာနဲ႔ ပြင့္လင္းျမင္သာစြာ ေရးထားတယ္။ ဝိန႔္စိန္က ဒါေၾကာင့္ ယုံၾကည္မႈ ပိုရခဲ့တယ္။ ဦးက်ားႀကီးဝင္း မီးေလာင္ခဲ့စဥ္ကလည္း အဖိုးက သူ႔ဆီအပ္ထားတဲ့ ေ႐ႊေငြ လက္ဝတ္ ရတနာေတြကို တခုမက်န္ ျပန္ေပးလို႔ဆိုၿပီး .. ရန္သူမ်ိဳး ၅ ပါးရန္ေၾကာင့္ပ်က္စီးသြားတာေတြေတာင္ ျပန္ေပးတယ္ဆိုၿပီး ဝိန႔္စိန္က နာမည္တက္ခဲ့ျပန္တယ္။

တေျဖးေျဖးနဲ႔ ဝိန႔္စိန္က ပိုပိုၿပီးေအာင္ျမင္လာတယ္။ အေဖအိမ္ေထာင္က်ေတာ့ အဖိုးက လုပ္ငန္းကို အေဖ့ကို ဦးစီးေစခဲ့ၿပီး သူက အႀကံေပးေနရာမွာ ေနၿပီး အေဖ့ကို လမ္းၫႊန္ခဲ့တယ္။ အဖိုးကအၿမဲတမ္းလိုလို ဆိုင္ထိုင္တယ္။ ေစ်းဝယ္ေတြနဲ႔ စကားေျပာတယ္။ သူကအၿမဲ အမွန္အတိုင္းပဲ အႀကံေတြ ေပးတတ္သလို မဟုတ္မမွန္ စြပ္စြဲရင္လည္း စိတ္ႀကီးတတ္တယ္။

အဖိုးက လူေျဖာင့္စိတ္တို။ တခါတေလ ေ႐ႊေစ်း တက္ေနခ်ိန္ ေစ်းဝယ္ေတြ လာဝယ္ရင္ အဖိုးက အခုခ်ိန္ မဝယ္နဲ႔။

ေျမဝယ္ ေစ်းျပန္က်မွ ေ႐ႊဝယ္တို႔ ဘာတို႔ေျပာတာ။ တခါတေလ အဖိုးကို အဲ့လိုေတြ မေျပာပါနဲ႔ ေျပာယူရတယ္။ ဆိုင္က ေ႐ႊကို မေကာင္းဘူး ဘာဘူး ေျပာရင္လည္း သိပ္စိတ္တိုတာ။ လူမ်ားဆီက မတရားသျဖင့္ တျပားတခ်ပ္ေတာင္ မယူခဲ့ဘူးဆိုၿပီး သူ စိတ္တိုတတ္တယ္။

သူက ကြၽန္မတို႔ကို သိပ္ၿပီး ပညာတတ္ႀကီးေတြ ျဖစ္ေစခ်င္တာ။ သူ႔မွာ ကြၽန္မတို႔က ဘယ္လို ႏိုင္ငံျခားေတြမွာ စာသြားသင္ခဲ့တာ။ ဘာေတြလုပ္ႏိုင္တာ ဆိုတာကို သူ သိပ္ဂုဏ္ယူတာ။ ငယ္ငယ္ကတည္းက ေက်ာင္းေတြဆို သူကိုယ္တိုင္ပို႔ သူကိုယ္တိုင္ႀကိဳတာ။

မနက္ ၆ နာရီ တ႐ုတ္ေက်ာင္း ပို႔တာကေန စၿပီး ည ၉ နာရီ က်ဴရွင္ၿပီးတဲ့အထိ သူ႔ရဲ႕ ပထမဆုံးကား ျဖစ္တဲ့ ဂ်စ္ကားႀကီးနဲ႔ အပို႔အႀကိဳ လုပ္တာ။ ဂ်စ္ကား စီးရတာကို သိပ္ရွက္ခဲ့တာ ေတာ္ေတာ္ ေဟာင္းေနၿပီကို။

ဒါေပမယ့္ အဖိုးအတြက္ေတာ့ ဒီကားေလးက သူ႔ကို မီးေဘးက ကယ္ခဲ့တဲ့ ကားေလး။ သူ႔သား ၁၀ တန္းေအာင္လို႔ အမွတ္တရ ေပးခဲ့တဲ့ ကားေလးျဖစ္လို႔ အဲ့ကားေလးကို မေရာင္းရက္ခဲ့ဘူး။ အဖိုးက အၿမဲေျပာတယ္။

မရွိတဲ့ဒုကၡကို သူ ေကာင္းေကာင္းနားလည္တယ္။ မရွိမွာ သူသိပ္ေၾကာက္တယ္တဲ့။ သူနားလည္တာနဲ႔အမွ် သူ ကိုယ္ခ်င္းစာစိတ္ အျပည့္နဲ႔

မိဘမဲ့ေက်ာင္းေတြ လႉတယ္။ လူအို႐ုံေတြ ေဆာက္ေပးတယ္။ သူစာမသင္ခဲ့ရသမွ် လူမ်ားေတြ စာတတ္ေအာင္ ဘကေက်ာင္းေတြ ေဆာက္တယ္။ စာသင္ေက်ာင္းေတြ လႉတယ္။ ေဆး႐ုံသုံးပစၥည္းေတြ စက္ေတြအကုန္လႉတယ္။ မ်က္စိေဆး႐ုံမွာလည္း ရာသက္ပန္လူနာမွတ္တမ္းစာအုပ္ အလႉေလးလုပ္ထားတယ္။ အဖိုးက အဖြားကို သိပ္ခ်စ္တာ အဖြားက ၁ ဆို သူ ၂ မလုပ္ဘူး။

သူ႔ေဘးနားမွာ ေနၿပီး အခက္အခဲ မွန္သမွ်ကို သူနဲ႔အတူ ရင္ဆိုင္ေပးခဲ့လို႔ သူ ဒီဘဝေရာက္ရတာတဲ့ ကြၽန္မတို႔ အဘိုးကိုအၿမဲေနာက္ေနက် စကားရွိတယ္။

“ဦးဝင္းစိန္ရဲ႕ဘဝမွာ ေဒၚရိမ္သာ ၁ ေဒၚရိမ္သာ ၂ ေဒၚရိမ္သာ ၁ ကေန ၁၀ထိပဲလို႔ ” အဖိုးက အဲ့လို သံေယာဇဥ္ႀကီးတဲ့သူ။ စည္းကမ္းႀကီးတဲ့သူ။

ကြၽန္မ အဖိုးဆီက အႀကိဳက္ဆုံးစကားကို ေျပာပါဆိုရင္ အေဖငယ္ငယ္က ဥပုဒ္ေန႔ နားမယ္ အလုပ္မလုပ္ဘူး ေျပာေတာ့ အဖိုးက “အဲ့ဆိုမင္းဥပုဒ္ေန႔ဆို ထမင္းမစားဘူးေပါ့?” ဆိုၿပီး ျပန္ေျပာတာပဲ။

ဒါ ကြၽန္မ သိပ္ေလးစား သိပ္ျမတ္ႏိုးခ်စ္ခင္ရတဲ့ ဝိန႔္စိန္ကို အုပ္တခ်ပ္ သဲတပြင့္ကေန စတည္ေထာင္ခဲ့သူ ဖိုးဖိုးဦးဝင္းစိန္ရဲ႕အေၾကာင္းပါ။

(ကြၽန္မတို႔အိမ္မွာ ပုံထဲကအတိုင္း ထမင္းစားတာ သိပ္ရွားတာေနာ္။ ေမြးေန႔မလို႔။ တေန႔ အ႐ြက္ ၂ မ်ိဳး အသား ၂ မ်ိဳး ဟင္းရည္ပဲ။ မကုန္တာေတြ ပိုေနတာေတြကို အဖိုးေရာအဖြားေရာက သိပ္မုန္းတာ လိုသေလာက္ပဲ ခ်က္စားေစခ်င္တာ)

crd-Thiri Swe

Be the first to comment

Leave a Reply

Your email address will not be published.


*