“အတန်းတိုင်း ပထမရခဲ့တဲ့ ကျွန်တော်… အခုတော့ ပထမ မရချင်တော့ပါပြီ”

ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်) – “အတန်းတိုင်း ပထမ ရခဲ့တဲ့ ကျွန်တော် အခုတော့ ပထမ မရချင်တော့ပါပြီ”

ငယ်ငယ်က ကျွန်တော် အတန်းတိုင်းမှာ ပထမ အမြဲ ရခဲ့ဘူးပါသည်။ ပထမတန်းမှာ ပထမ ဘယ်သူပါလဲ။ ကျွန်တော်ပါဘဲ။ ဒုတိယတန်းမှာလဲ ဒီလိုပါဘဲ။ အတန်းတိုင်းမှာ ပထမနေရာသည် ကျွန်တော့အတွက်။

ကျောင်းမှာ စာမေးပွဲ တစ်ခုဖြေလိုက်လျှင် ပထမ ဘယ်သူလဲ။ ကျွန်တော်သာ ဖြစ်ပါသည်။ ကံဇာတ်ဆရာအလိုကျ ကရင်း ပြရင်း ကျွန်တော် ဆယ်တန်းမှာ နှစ်နှစ်ကြာခဲ့သည်။ စာမေးပွဲ ကျလို့မဟုတ်။ ၁၉၈၈ အရေးတော်ပုံကြီးနှင့် တိုးသောကြောင့် ဖြစ်လေသည်။ ကျွန်တော့ အမေက ဗေဒင်ဝါသနာကြီးသည်။ သူကိုယ်တိုင်လည်း တွက်တတ်သည်။ ကျွန်တော် ရှစ်တန်းလောက်မှာ ကျွန်တော့် ဇာတာကို အမေက တွက်သည်။

“ဟဲ့ နင် ဆယ်တန်းမှာ ကျမယ်တဲ့။” အမေက ဗေဒင်ဟောသည်။ “ဟာ အမေ ကလဲ မဖြစ်နိုင်တာ။ ဘယ်တော့မှ ကျွန်တော်မကျဘူး” အမေ့ကို ပြန်ပြောခဲ့သည့် စကား။

ဒါပေမဲ့ ၁၉၈၈ နဝမတန်း သုံးထပ်ကွမ်း လူရည်ချွန်စခန်းက ပြန်လာပြီး သိပ်မကြာမီ ပြည်သူ့ အရေးတော်ပုံကြီးကို ကြုံရတော့သည်။ ဆယ်တန်းတက်လက်စ ကျောင်းပိတ်၊ ၁၉၉၀ မှာမှ ဆယ်တန်းအောင်တော့သည်။ အမေ့ဗေဒင် မှန်လေစွ။

ဆယ်တန်းအောင်ပြန်တော့ တက္ကသိုလ်တွေက မဖွင့်သေး။ ဘယ်အချိန် ဆေးကျောင်းဖွင့်မှာလဲ၊ ဘယ်သူမှ မသိ။ အဖေက စိတ်လေမှာ စိုးသဖြင့် သူကျောင်းအုပ်လုပ်နေသော မြောင်းမြ အထက (၅) မှာ ကျွန်တော့်ကို လုပ်အားပေးဆရာ လုပ်စေသည်။

သင်ရမှာက (၈)တန်း၊ ဘာသာက သင်္ချာ။ ကျောင်းဆရာ ဖြစ်လာသည်မှာ အကောင်းတော့ မဟုတ်။ ထိုနှစ် ၁၉၉၀ မှာ အဖေက မြောင်းမြ အထက (၅) ကျောင်းသို့ ကျောင်းအုပ်ကြီးအဖြစ် ပြောင်းလာသည်။

အဖေပြောင်းပြီး တစ်ပတ်အကြာမှာ အစိုးရစစ် (၈) တန်း အောင်စာရင်းထွက်သည်။ အားတက်စရာပင်။ ဖြေဆိုသူ (၅၀) မှာ အောင်မြင်သူ (၃) ယောက်။ ဧရာဝတီ တိုင်းမှာ အောင်ချက် အနည်းဆုံးကျောင်း၊

ကျောင်းသားတွေ ဘာနဲ့ကျ။ သင်္ချာနှင့် ကျလေသည်။ ကျလည်း ကျသင့်ပါသည်။ သင်္ချာဆရာ ပြောင်းသွားတာ (၆) လ။ ဟိုလူဝင်သင်လိုက်၊ ဒီလူ ဝင်သင်လိုက်။ အဖေ့မှာ ရောက်လို့မှ မကြာခင် ထုချေလွှာ ရေးရတော့သည်။

ဒီနှစ်တော့ ဒီလို မဖြစ်မခံနိုင်။ သင်္ချာ သေသေချာချာ သင်ရမည်။ ဆရာ၊ ဆရာမတွေ အားလုံးက ထုချေလွှာ အများဆုံး ရေးရသော ကလေးတွေနှင့် ကျွန်တော် အသက်မကွာလှ။ ညီအစ်ကို သင်္ချာဆရာဘဝကို ဝေါင်ဝေါင်ရှေး၍ ဝေးဝေးရှောင်ကြလေသည်။

သည်မှာတင် ကျွန်တော် သင်္ချာဆရာ ဖြစ်လာပါတော့သတည်း။ ကလေးတွေနှင့် ကျွန်တော် အသက်မကွာလှ။ ညီအစ်ကိုလိုလည်း မေးလို့ရသည်။ ဆရာလိုလည်း သင်လို့ရသည်။ သူတို့ ကျွန်တော့်ကို ချစ်ကြသည်။ ကျွန်တော်တို့ သင်္ချာ စာသင်ခန်းလေးသည်၊ ပျော်စရာကောင်းလှသည်။

သူတို့ အများစုက ဆင်းရဲကြသည်။ ကျူရှင် မရှိကြ၊ ကျောင်းကိုသာ အားကိုးရသည်။ သူတို့ အားကိုးမှန်းသိတော့ ကျွန်တော်တို့ သားအဖ အချိန်ပို သင်ကြသည်။

မီးမရှိသော ကျောင်းလေးမှာ ဖယောင်းတိုင်ဖိုး စိုက်ရင်း စာသင်ကြသည်။ တစ်နေ့။ ထိုတစ်နေ့ကို ကျွန်တော် မမေ့နိုင်ပါပြီ။ ကျောင်းဆရာပေါက်စ ကျွန်တော်က တပည့်တွေကို အိမ်စာပေးလိုက်သည်။

သင်္ချာ(၅) ပုဒ် ပြီးအောင်တွက်ခဲ့ကြ။ မပြီးလျှင် သုံးချက်ရိုက်မည်။ နောက်နေ့မှာ ကလေးတွေ စာအုပ်လာထပ်ကြသည်။ ကျွန်တော်ကလည်း အသေအချာစစ်သည်။ သည်မှာ ကလေးတစ်ယောက် စာအုပ် လာမထပ်တာ သိလိုက်သည်။

သူ့နာမည်က သိန်းထွေးတင့်။ သူသည် အတန်းထဲမှာ ထူးချွန်သူတစ်ယောက် ဖြစ်လေသည်။ တောကျောင်းမှာဆိုတော့ သူ့အဆင့်နှင့်သူပေါ့။ သည်လို ကျောင်းသားက စာမလုပ်လာတာဆိုတော့ ကျွန်တော်က ခွင့်မလွှတ်နိုင်ပြီ။

“သိန်းထွေးတင့်၊ မင်း စာမလုပ်လာဘူး မဟုတ်လား” “ဟုတ်ကဲ့ပါ ဆရာ” “မင်းမှာ အပြစ်ရှိလား” “ရှိပါတယ် ဆရာ” “စာမလုပ်လာရင် ဘာလုပ်မယ်လို့ ဆရာမှာလိုက်လဲ” “ရိုက်မယ်လို့ ပြောထားပါတယ် ဆရာ”

တပည့် သိန်းထွေးတင့်က သူ့လက်လေးကို ကျွန်တော့်ရှေ့မှာ ဖြန့်လိုက်သည်။ ကျွန်တော်က ရိုက်မည်ဟု ရွယ်လိုက်သည်။ ထိုစဉ် ကျွန်တော့်ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာပါသည်။

“နေပါဦးကွ၊ မင်းက ဘာလို့ အိမ်စာလုပ်မလာရတာလဲ” “ညက လမ်းမီးပျက်လို့ပါ ဆရာ” “ဟ လမ်းမီးပျက်တာနဲ့ သင်္ချာ လုပ်တာ ဘာဆိုင်လို့လဲ” သည်မှာတင် သိန်းထွေးတင့်က သူ့ဖြစ်ကြောင်းကို ပြောပြပါတော့သည်။

သူ့မှာ အဖေမရှိ၊ အမေအိုကြီးသာရှိသည်။ သူ ကျောင်းဆင်းလျှင် ဆိုက်ကားနင်းရလေသည်။ ထိုဆိုက်ကားနင်းရငွေက အိမ်အတွက် ထမင်းဖိုး၊ ဟင်းဖိုး။ ညကျလျှင် သူ မီးကင်းစောင့်သေးသည်။

မီးကင်းစောင့်ရင်း စာလုပ်သည်။ လမ်းမီးတိုင်လေး အားကိုးလို့။ လမ်းမီးမလာလျှင် သူ စာမလုပ်နိုင်တော့။

သူ့ဘဝကို ပြောပြတော့ သူ့ကို ကျွန်တော် မရိုက်ရက်တော့ပြီ။ သူ့ကို ရွယ်ထားသော တုတ် အောက်ကို ပြန်ကျသွားသည်။ သူ့ကို မရိုက်တော့။ ကျွန်တော် တွေးမိသည်။

သိန်းထွေးတင့်လို လူငယ်တွေကြားမှာ ကျွန်တော် ပထမရတာ တရားရဲ့လား။ လက်ဝှေ့ထိုးသည်ဆိုလျှင် တန်းတူမှ ထိုးရသည်လေ။ အလေးမသည်ဆိုလျှင် ဝိတ်တူမှ မ ရသည်လေ။ ကိုယ်က တစ်ပန်းသာသော အနေအထားဖြင့် သူတို့ကို အနိုင်ယူပြီး ပထမရခြင်းသည် မတရား။

သူတို့ကိုလည်း ကိုယ့်လိုအဆင့် ဖြစ်အောင် လုပ်ရမည်။ ကိုယ်စာကျက်ချိန် သူမီးကင်းစောင့်နေခြင်းသည် မတရား။ သည်မှာတင် ကျွန်တော် အသိအမြင် ပြောင်းတော့သည်။

ကျွန်တော် တစ်ယောက်တည်း ပထမ မရချင်တော့။ ကျွန်တော်နှင့် ထိစပ်သူတိုင်းကို အတူတူကြိုးစားပြီး အတူတူသာ ပထမရချင်တော့သည်။ သိန်းထွေးတင့်လို လူငယ်လေးတွေကို ခွန်အားတွေ ပေးရင်း ကြော့ကြော့မော့မော့ ဆုယူနေသော သူဌေးသား ပထမဆုရှင်တွေကို အားမကျတော့ပြီ။

တတိယနှစ် ဆေးကျောင်းသားဘဝမှာ မြောက်ဒဂုံမြို့သစ် တည်ခါစအချိန်၊ အမှိုက်ပုံကြီးဘေးက လူငယ်လေးများအတွက် ကျွန်တော် စာသင်ကျောင်း တစ်ကျောင်း စတင် ထူထောင်ဖြစ်ခဲ့သည်။

ယခုဆို သက်တမ်း (၂၂) နှစ်ရှိပြီ။ ဦးကျော်သူတို့၏ နာရေးကူညီမှုအသင်းရုံးဘေးမှာ ယခုသွားကြည့်လိုက်လျှင် ဝေဇယန္တာ လူငယ်များ ဖွံ့ဖြိုးရေးကျောင်းဆိုတာ ယခုတိုင် တွေ့ရပါမည်။ ယခုထိလည်း ကျောင်းသူကျောင်းသားတွေ ပညာသင်နေဆဲ။

ကျွန်တော်လည်း ပရဟိတ လမ်းမှာ လျှောက်လှမ်းဆဲ။ သိန်းထွေးတင့် ပေးခဲ့သော အသိကြောင့် ကျွန်တော် ပထမ မရချင်တော့ပြီ။ အားလုံး အားလုံး ပထမရဖို့သာ ကျွန်တော် ကြိုးစားပါတော့သည်။ သတိရတုန်းပြောလိုက်ချင်ပါသေးသည်။

ထိုနှစ်က သိန်းထွေးတင့် ဂုဏ်ထူးသုံးဘာသာဖြင့် အောင်ပါသည်။ ကျွန်တော်တို့ မြောင်းမြ အထက (၅) ကျောင်းသည် ဧရာဝတီတိုင်းတွင် (၈) တန်းအောင်ချက် ပထမရပါသည်။

ဖြေဆိုသူ (၄၅) ဦး သင်္ချာဂုဏ်ထူး (၂၃)ဦး ထွက်ပါသည်။ သူတို့ကို ကြည့်ရင်း ကျွန်တော် ကျေနပ်နေပါသည်။

ကျွန်တော် ပထမ မရချင်တော့ပါပြီ။ (လူရည်ချွန်သုံးထပ်ကွမ်း၊ စာမူရှင် ဒေါက်တာ သန်းမင်းထွဋ်၏ ဖခင်၊ မြောင်းမြ အ-ထ-က ၅ သို့ ပြောင်းလာသူ ကျောင်းအုပ်ကြီးဆိုသူမှာ ကွယ်လွန်သူ အမှတ် (၁) အခြေခံပညာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (ငြိမ်း) ၊ ဆရာကြီး ဦးယုံရှိန် ဖြစ်ပါသည်။)

စာပိုင်ရှင် ဆရာ သန်းမင်းထွဋ် (ပင်းတယ မီးအိမ်ရှင်) အား ဂါရဝပြုအပ်ပါသည်။

Zawgyi ဖြင့် ဖတ်ရန်

ေဒါက္တာ သန္းမင္းထြဋ္ (ပင္းတယမီးအိမ္ရွင္) – “အတန္းတိုင္း ပထမ ရခဲ့တဲ့ ကြၽန္ေတာ္ အခုေတာ့ ပထမ မရခ်င္ေတာ့ပါၿပီ”

ငယ္ငယ္က ကြၽန္ေတာ္ အတန္းတိုင္းမွာ ပထမ အၿမဲ ရခဲ့ဘူးပါသည္။ ပထမတန္းမွာ ပထမ ဘယ္သူပါလဲ။ ကြၽန္ေတာ္ပါဘဲ။ ဒုတိယတန္းမွာလဲ ဒီလိုပါဘဲ။ အတန္းတိုင္းမွာ ပထမေနရာသည္ ကြၽန္ေတာ့အတြက္။

ေက်ာင္းမွာ စာေမးပြဲ တစ္ခုေျဖလိုက္လွ်င္ ပထမ ဘယ္သူလဲ။ ကြၽန္ေတာ္သာ ျဖစ္ပါသည္။ ကံဇာတ္ဆရာအလိုက် ကရင္း ျပရင္း ကြၽန္ေတာ္ ဆယ္တန္းမွာ ႏွစ္ႏွစ္ၾကာခဲ့သည္။

စာေမးပြဲ က်လို႔မဟုတ္။ ၁၉၈၈ အေရးေတာ္ပုံႀကီးႏွင့္ တိုးေသာေၾကာင့္ ျဖစ္ေလသည္။ ကြၽန္ေတာ့ အေမက ေဗဒင္ဝါသနာႀကီးသည္။ သူကိုယ္တိုင္လည္း တြက္တတ္သည္။ ကြၽန္ေတာ္ ရွစ္တန္းေလာက္မွာ ကြၽန္ေတာ့္ ဇာတာကို အေမက တြက္သည္။ “ဟဲ့ နင္ ဆယ္တန္းမွာ က်မယ္တဲ့။” အေမက ေဗဒင္ေဟာသည္။ “ဟာ အေမ ကလဲ မျဖစ္ႏိုင္တာ။ ဘယ္ေတာ့မွ ကြၽန္ေတာ္မက်ဘူး” အေမ့ကို ျပန္ေျပာခဲ့သည့္ စကား။

ဒါေပမဲ့ ၁၉၈၈ နဝမတန္း သုံးထပ္ကြမ္း လူရည္ခြၽန္စခန္းက ျပန္လာၿပီး သိပ္မၾကာမီ ျပည္သူ႔ အေရးေတာ္ပုံႀကီးကို ႀကဳံရေတာ့သည္။

ဆယ္တန္းတက္လက္စ ေက်ာင္းပိတ္၊ ၁၉၉၀ မွာမွ ဆယ္တန္းေအာင္ေတာ့သည္။ အေမ့ေဗဒင္ မွန္ေလစြ။ ဆယ္တန္းေအာင္ျပန္ေတာ့ တကၠသိုလ္ေတြက မဖြင့္ေသး။ ဘယ္အခ်ိန္ ေဆးေက်ာင္းဖြင့္မွာလဲ၊ ဘယ္သူမွ မသိ။ အေဖက စိတ္ေလမွာ စိုးသျဖင့္ သူေက်ာင္းအုပ္လုပ္ေနေသာ ေျမာင္းျမ အထက (၅) မွာ ကြၽန္ေတာ့္ကို လုပ္အားေပးဆရာ လုပ္ေစသည္။

သင္ရမွာက (၈)တန္း၊ ဘာသာက သခ်ၤာ။ ေက်ာင္းဆရာ ျဖစ္လာသည္မွာ အေကာင္းေတာ့ မဟုတ္။ ထိုႏွစ္ ၁၉၉၀ မွာ အေဖက ေျမာင္းျမ အထက (၅) ေက်ာင္းသို႔ ေက်ာင္းအုပ္ႀကီးအျဖစ္ ေျပာင္းလာသည္။

အေဖေျပာင္းၿပီး တစ္ပတ္အၾကာမွာ အစိုးရစစ္ (၈) တန္း ေအာင္စာရင္းထြက္သည္။ အားတက္စရာပင္။ ေျဖဆိုသူ (၅၀) မွာ ေအာင္ျမင္သူ (၃) ေယာက္။ ဧရာဝတီတိုင္းမွာ ေအာင္ခ်က္ အနည္းဆုံးေက်ာင္း၊ ေက်ာင္းသားေတြ ဘာနဲ႔က်။ သခ်ၤာႏွင့္က်ေလသည္။ က်လည္း က်သင့္ပါသည္။ သခ်ၤာဆရာ ေျပာင္းသြားတာ (၆) လ။ ဟိုလူဝင္သင္လိုက္၊ ဒီလူ ဝင္သင္လိုက္။ အေဖ့မွာ ေရာက္လို႔မွ မၾကာခင္ ထုေခ်လႊာ ေရးရေတာ့သည္။

ဒီႏွစ္ေတာ့ ဒီလို မျဖစ္မခံႏိုင္။ သခ်ၤာ ေသေသခ်ာခ်ာ သင္ရမည္။ ဆရာ၊ ဆရာမေတြ အားလုံးက ထုေခ်လႊာ အမ်ားဆုံး ေရးရေသာ ကေလးေတြႏွင့္ ကြၽန္ေတာ္ အသက္မကြာလွ။ ညီအစ္ကို သခ်ၤာဆရာဘဝကို ေဝါင္ေဝါင္ေရွး၍ ေဝးေဝးေရွာင္ၾကေလသည္။ သည္မွာတင္ ကြၽန္ေတာ္ သခ်ၤာဆရာ ျဖစ္လာပါေတာ့သတည္း။

ကေလးေတြႏွင့္ ကြၽန္ေတာ္ အသက္မကြာလွ။ ညီအစ္ကိုလိုလည္း ေမးလို႔ရသည္။ ဆရာလိုလည္း သင္လို႔ရသည္။ သူတို႔ ကြၽန္ေတာ့္ကို ခ်စ္ၾကသည္။ ကြၽန္ေတာ္တို႔ သခ်ၤာ စာသင္ခန္းေလးသည္၊ ေပ်ာ္စရာေကာင္းလွသည္။

သူတို႔ အမ်ားစုက ဆင္းရဲၾကသည္။ က်ဴရွင္ မရွိၾက၊ ေက်ာင္းကိုသာ အားကိုးရသည္။ သူတို႔ အားကိုးမွန္းသိေတာ့ ကြၽန္ေတာ္တို႔ သားအဖ အခ်ိန္ပို သင္ၾကသည္။ မီးမရွိေသာ ေက်ာင္းေလးမွာ ဖေယာင္းတိုင္ဖိုး စိုက္ရင္း စာသင္ၾကသည္။ တစ္ေန႔။ ထိုတစ္ေန႔ကို ကြၽန္ေတာ္ မေမ့ႏိုင္ပါၿပီ။ ေက်ာင္းဆရာေပါက္စ ကြၽန္ေတာ္က တပည့္ေတြကို အိမ္စာေပးလိုက္သည္။

သခ်ၤာ(၅) ပုဒ္ ၿပီးေအာင္တြက္ခဲ့ၾက။ မၿပီးလွ်င္ သုံးခ်က္႐ိုက္မည္။ ေနာက္ေန႔မွာ ကေလးေတြ စာအုပ္လာထပ္ၾကသည္။ ကြၽန္ေတာ္ကလည္း အေသအခ်ာစစ္သည္။ သည္မွာ ကေလးတစ္ေယာက္ စာအုပ္လာမထပ္တာ သိလိုက္သည္။

သူ႔နာမည္က သိန္းေထြးတင့္။ သူသည္ အတန္းထဲမွာ ထူးခြၽန္သူတစ္ေယာက္ ျဖစ္ေလသည္။ ေတာေက်ာင္းမွာဆိုေတာ့ သူ႔အဆင့္ႏွင့္သူေပါ့။

သည္လို ေက်ာင္းသားက စာမလုပ္လာတာဆိုေတာ့ ကြၽန္ေတာ္က ခြင့္မလႊတ္ႏိုင္ၿပီ။ “သိန္းေထြးတင့္၊ မင္း စာမလုပ္လာဘူး မဟုတ္လား” “ဟုတ္ကဲ့ပါ ဆရာ” “မင္းမွာ အျပစ္ရွိလား” “ရွိပါတယ္ ဆရာ” “စာမလုပ္လာရင္ ဘာလုပ္မယ္လို႔ ဆရာမွာလိုက္လဲ” “႐ိုက္မယ္လို႔ ေျပာထားပါတယ္ ဆရာ” တပည့္ သိန္းေထြးတင့္က သူ႔လက္ေလးကို ကြၽန္ေတာ့္ေရွ႕မွာ ျဖန႔္လိုက္သည္။ ကြၽန္ေတာ္က ႐ိုက္မည္ဟု ႐ြယ္လိုက္သည္။

ထိုစဥ္ ကြၽန္ေတာ့္ေခါင္းထဲမွာ အေတြးတစ္ခု ဝင္လာပါသည္။ “ေနပါဦးကြ၊ မင္းက ဘာလို႔ အိမ္စာလုပ္မလာရတာလဲ” “ညက လမ္းမီးပ်က္လို႔ပါ ဆရာ” “ဟ လမ္းမီးပ်က္တာနဲ႔ သခ်ၤာ လုပ္တာ ဘာဆိုင္လို႔လဲ” သည္မွာတင္ သိန္းေထြးတင့္က သူ႔ျဖစ္ေၾကာင္းကို ေျပာျပပါေတာ့သည္။

သူ႔မွာ အေဖမရွိ၊ အေမအိုႀကီးသာရွိသည္။ သူ ေက်ာင္းဆင္းလွ်င္ ဆိုက္ကားနင္းရေလသည္။ ထိုဆိုက္ကားနင္းရေငြက အိမ္အတြက္ ထမင္းဖိုး၊ ဟင္းဖိုး။ ညက်လွ်င္ သူ မီးကင္းေစာင့္ေသးသည္။ မီးကင္းေစာင့္ရင္း စာလုပ္သည္။ လမ္းမီးတိုင္ေလး အားကိုးလို႔။ လမ္းမီးမလာလွ်င္ သူစာမလုပ္ႏိုင္ေတာ့။

သူ႔ဘဝကို ေျပာျပေတာ့ သူ႔ကို ကြၽန္ေတာ္ မ႐ိုက္ရက္ေတာ့ၿပီ။ သူ႔ကို ႐ြယ္ထားေသာ တုတ္ ေအာက္ကို ျပန္က်သြားသည္။ သူ႔ကို မ႐ိုက္ေတာ့။ ကြၽန္ေတာ္ ေတြးမိသည္။ သိန္းေထြးတင့္လို လူငယ္ေတြၾကားမွာ ကြၽန္ေတာ္ ပထမရတာ တရားရဲ႕လား။ လက္ေဝွ႔ထိုးသည္ဆိုလွ်င္ တန္းတူမွ ထိုးရသည္ေလ။

အေလးမသည္ဆိုလွ်င္ ဝိတ္တူမွ မ ရသည္ေလ။ ကိုယ္က တစ္ပန္းသာေသာ အေနအထားျဖင့္ သူတို႔ကို အႏိုင္ယူၿပီး ပထမရျခင္းသည္ မတရား။

သူတို႔ကိုလည္း ကိုယ့္လိုအဆင့္ျဖစ္ေအာင္ လုပ္ရမည္။ ကိုယ္စာက်က္ခ်ိန္ သူမီးကင္းေစာင့္ေနျခင္းသည္ မတရား။ သည္မွာတင္ ကြၽန္ေတာ္ အသိအျမင္ ေျပာင္းေတာ့သည္။

ကြၽန္ေတာ္ တစ္ေယာက္တည္း ပထမ မရခ်င္ေတာ့။ ကြၽန္ေတာ္ႏွင့္ ထိစပ္သူတိုင္းကို အတူတူႀကိဳးစားၿပီး အတူတူသာ ပထမရခ်င္ေတာ့သည္။ သိန္းေထြးတင့္လို လူငယ္ေလးေတြကို ခြန္အားေတြ ေပးရင္း ေၾကာ့ေၾကာ့ေမာ့ေမာ့ ဆုယူေနေသာ သူေဌးသား ပထမဆုရွင္ေတြကို အားမက်ေတာ့ၿပီ။

တတိယႏွစ္ ေဆးေက်ာင္းသားဘဝမွာ ေျမာက္ဒဂုံၿမိဳ႕သစ္ တည္ခါစအခ်ိန္၊ အမႈိက္ပုံႀကီးေဘးက လူငယ္ေလးမ်ားအတြက္ ကြၽန္ေတာ္ စာသင္ေက်ာင္း တစ္ေက်ာင္း စတင္ ထူေထာင္ျဖစ္ခဲ့သည္။

ယခုဆို သက္တမ္း (၂၂) ႏွစ္ရွိၿပီ။ ဦးေက်ာ္သူတို႔၏ နာေရးကူညီမႈအသင္း႐ုံးေဘးမွာ ယခုသြားၾကည့္လိုက္လွ်င္ ေဝဇယႏၲာ လူငယ္မ်ား ဖြံ႕ၿဖိဳးေရးေက်ာင္းဆိုတာ ယခုတိုင္ ေတြ႕ရပါမည္။ ယခုထိလည္း ေက်ာင္းသူေက်ာင္းသားေတြ ပညာသင္ေနဆဲ။

ကြၽန္ေတာ္လည္း ပရဟိတ လမ္းမွာ ေလွ်ာက္လွမ္းဆဲ။ သိန္းေထြးတင့္ ေပးခဲ့ေသာ အသိေၾကာင့္ ကြၽန္ေတာ္ ပထမ မရခ်င္ေတာ့ၿပီ။ အားလုံး အားလုံး ပထမရဖို႔သာ ကြၽန္ေတာ္ ႀကိဳးစားပါေတာ့သည္။ သတိရတုန္းေျပာလိုက္ခ်င္ပါေသးသည္။

ထိုႏွစ္က သိန္းေထြးတင့္ ဂုဏ္ထူးသုံးဘာသာျဖင့္ ေအာင္ပါသည္။ ကြၽန္ေတာ္တို႔ ေျမာင္းျမ အထက (၅) ေက်ာင္းသည္ ဧရာဝတီတိုင္းတြင္ (၈) တန္းေအာင္ခ်က္ ပထမရပါသည္။

ေျဖဆိုသူ (၄၅) ဦး သခ်ၤာဂုဏ္ထူး (၂၃)ဦး ထြက္ပါသည္။ သူတို႔ကို ၾကည့္ရင္း ကြၽန္ေတာ္ ေက်နပ္ေနပါသည္။

ကြၽန္ေတာ္ ပထမ မရခ်င္ေတာ့ပါၿပီ။ (လူရည္ခြၽန္သုံးထပ္ကြမ္း၊ စာမူရွင္ ေဒါက္တာ သန္းမင္းထြဋ္၏ ဖခင္၊ ေျမာင္းျမ အ-ထ-က ၅ သို႔ ေျပာင္းလာသူ ေက်ာင္းအုပ္ႀကီးဆိုသူမွာ ကြယ္လြန္သူ အမွတ္ (၁) အေျခခံပညာ ဦးစီးဌာန လက္ေထာက္ ၫႊန္ၾကားေရးမႉး (ၿငိမ္း) ၊ ဆရာႀကီး ဦးယုံရွိန္ ျဖစ္ပါသည္။)

စာပိုင္ရွင္ ဆရာ သန္းမင္းထြဋ္ (ပင္းတယ မီးအိမ္ရွင္) အား ဂါရဝျပဳအပ္ပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*