Hiroo Onoda သို့မဟုတ် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး နှစ် ၃၀ နီးပါးကြာမှ လက်နက်ချသူ ဂျပန်စစ်သား

Hiroo Onoda သို့မဟုတ် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး နှစ် ၃၀ နီးပါးကြာမှ လက်နက်ချသူ ဂျပန်စစ်သား

ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး နှစ်ပေါင်း ၂၉ နှစ် ကြာမြင့်ပြီးတဲ့အထိ ဂျပန်ဘုရင့်တပ်မတော်က စစ်သားတစ်ယောက်ဟာ လက်နက်ချ အညံ့မခံဘဲ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ ပုန်းအောင်း နေခဲ့ပါတယ်။

နှစ်ပေါင်းသုံးဆယ်ခန့် ကြာမြင့်ပြီး ၁၉၇၄ ခုနှစ်ကျမှ သူ့ရဲ့ တပ်မှူးဟောင်းက စစ်ပြီးဆုံးသွားပြီလို့ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး သွားဖျောင်းဖျခဲ့မှ လက်နက်ချခဲ့တာပါ။

Onoda ဟာ ဂျပန်ဆာမူရိုင်း မျိုးရိုးမှမွေးဖွားလာသူ တစ်ဦး ဖြစ်ပြီး အသက် ၁၈ နစ်မှာ ဂျပန်စစ်တပ်ထဲကို ၀င်ခဲ့ပါတယ်။

အိုင်အို အဖြစ်နဲ့ တာ၀န် ထမ်းဆောင်ခဲ့ပြီး ၁၉၄၄ မှာ ဖိလစ်ပိုင်နိုင်ငံ Lubang ကျွန်းကို စေလွှတ်ခြင်း ခံခဲ့ရပါတယ်။

သူရဲ့ တာ၀န်ကတော့ ရန်သူ့တိုက်စစ်ကို နှောင့်နှေးအောင် အနှောက်အယှက် ပေးဖို့ပါ။ လေယာဉ်ပြေးလမ်းတွေကို ဖျက်စီးဖို့ ဆိပ်ကမ်းကိုဖျက်စီးဖို့ စသဖြင့် တတ်နိုင်တဲ့နည်းနဲ့ ရန်သူ့တပ်ကို အနှောက်အယှက် ပေးဖို့ပါ။ အကယ်၍ အဖမ်းခံခဲ့ရင် လက်နက်ချ အညံ့ခံခွင့် မရှိပါဘူး။

1945 ဖေဖော်ဝါရီ ၂၈ မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် မဟာမိတ်တပ်တွေဟာ ကျွန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့အခါ Onoda နဲ့ စစ်သည် သုံးဦးတို့ဟာ တောင်ပေါ်မှာ ပုန်းအောင်းစခန်းချခဲ့ကြပြီး ရန်သူကို ပျောက်ကြားစနစ်နဲ့ ဆက်လက် တိုက်ပွဲ၀င်ခဲ့ကြပါတယ်။

၁၉၄၅ မှာတော့ ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားခဲ့ပြီး စစ်ပြီးသွားပြီဖြစ်တဲ့အကြောင်း လေယာဉ်ပေါ်ကနေ စာတွေ ကျဲချခဲ့ပေမယ့် onoda ဟာ မဟာမိတ်တွေ ဝါဒဖြန့်တာ ဖြစ်မယ်ဆိုပြီး မယုံခဲ့ပါဘူး။

အဲဒီနောက်မှာ ဂျပန်ဗိုလ်ချုပ် Tomoyuki Yamashita လက်မှတ်ထိုးထားတဲ့ လက်နှက်ချဖို့ အမိန့်စာကို လေယာဉ်နဲ့ ကျဲချခဲ့ပေမယ့်လည်း onoda ကတော့ အတုလို့ပဲ ထင်နေခဲ့ပါတယ်။

၁၉၄၉ မှာတော့ သူတို့လေးယောက်ထဲက တစ်ယောက်ဟာ ထွက်ပြေးပြီး ဖိလစ်ပိုင်တွေဆီမှာ လက်နှက်ချခဲ့ပါတယ်။

၁၉၅၂ မှာ မိသားစုတွေဆီက စာနဲ့ ဓာတ်ပုံတွေကို လေယာဉ်နဲ့ ကျဲချခဲ့ပြီး သူတို့ကို လက်နက်ချဖို့ ဖျောင်းဖျခဲ့ပါတယ်။ ဒီတခါလည်း သူတို့သုံးယောက်ဟာ ရန်သူရဲ့ လှည့်ကွက်တစ်ခုလို့ပဲ ထင်နေခဲ့ပါတယ်။

ကျန်တဲ့ သူ့ရဲ့ အဖော်တွေဟာ ၁၉၅၄ မှာ တစ်ယောက် ၁၉၇၂ မှာ တစ်ယောက် ဖိလစ်ပိုင် ရဲတွေနဲ့ တိုက်ပွဲဖြစ်ပြီး ကျဆုံးကုန်တဲ့အတွက် Onoda ဟာ တစ်ယောက်ထဲပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် သူ လက်နက်မချသေးဘူး။

၁၉၇၄ ခုနှစ်မှာတော့ onoda ဟာ ဂျပန်ခရီးသွား တစ်ဦးဖြစ်သူ Norio Suzuki ဆိုသူနဲ့ တောထဲမှာ တွေခဲ့ပါတယ်။ Suzuki က သူ့ကို စစ်ပြီးသွားတာ နှစ်သုံးဆယ်တောင် ပြည့်တော့မှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပေမယ့် သူ့ဟာ အထက်အရာရှိရဲ့ အမိန်မရသေးလို့ လက်နက် မချနိုင်ကြောင်းပြန်ပြောခဲ့ပါတယ်။

suzuki ဟာ သက်သေအဖြစ် Onoda ကို ဓာတ်ပုံ ရိုက်ခဲ့ပြီး ဂျပန်အစိုးရကိုအကျိုးအကြောင်း တင်ပြခဲ့ရပါတယ်။

အဲဒီနောက် ဂျပန်အစိုးရက Onoda ရဲ့အထက်အရာရှိဟောင်း ဗိုလ်မှုး Major Yoshimi ကို ပြန်ရှာခဲ့ကြရပါတယ်။ Yoshimi ဟာ အဲဒီအချိန်မှာ စာအုပ်ရောင်းပြီး အသက်မွေးနေသူ တစ်ယောက် ဖြစ်နေပါပြီ။

၁၉၇၄ မတ်လ ၉ ရက် နေ့မှာတော့ Yoshimi ဟာ Lubang ကျွန်းကို လိုက်သွားပြီး ဒုတိယ ကမ္ဘာစစ်ကို စစ်ကြီးအပြီး နှစ် ၃၀ ကြာ နီးပါး လက်နှက်မချဘဲ တစ်ယောက်ထဲ ဆက်တိုက်နေခဲ့တဲ့ Onoda ကို လက်နက်ချခိုင်းခဲ့ရပါတော့တယ်

ref : Wikipedia Credit HlaThanAung

Zawgyi ဖြင့် ဖတ်ရန်

Hiroo Onoda သို႔မဟုတ္ ဒုတိယကမာၻစစ္ ၿပီးဆုံးၿပီး ႏွစ္ ၃၀ နီးပါးၾကာမွ လက္နက္ခ်သူ ဂ်ပန္စစ္သား

ဒုတိယကမာၻစစ္ ၿပီးဆုံးၿပီး ႏွစ္ေပါင္း ၂၉ ႏွစ္ ၾကာျမင့္ၿပီးတဲ့အထိ ဂ်ပန္ဘုရင့္တပ္မေတာ္က စစ္သားတစ္ေယာက္ဟာ လက္နက္ခ် အညံ့မခံဘဲ ဖိလစ္ပိုင္က ကြၽန္းတစ္ကြၽန္းမွာ ပုန္းေအာင္း ေနခဲ့ပါတယ္။

ႏွစ္ေပါင္းသုံးဆယ္ခန္႔ ၾကာျမင့္ၿပီး ၁၉၇၄ ခုႏွစ္က်မွ သူ႔ရဲ႕ တပ္မႉးေဟာင္းက စစ္ၿပီးဆုံးသြားၿပီလို႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံၿပီး သြားေဖ်ာင္းဖ်ခဲ့မွ လက္နက္ခ်ခဲ့တာပါ။

Onoda ဟာ ဂ်ပန္ဆာမူ႐ိုင္း မ်ိဳး႐ိုးမွေမြးဖြားလာသူ တစ္ဦး ျဖစ္ၿပီး အသက္ ၁၈ နစ္မွာ ဂ်ပန္စစ္တပ္ထဲကို ၀င္ခဲ့ပါတယ္။

အိုင္အို အျဖစ္နဲ႔ တာ၀န္ ထမ္းေဆာင္ခဲ့ၿပီး ၁၉၄၄ မွာ ဖိလစ္ပိုင္ႏိုင္ငံ Lubang ကြၽန္းကို ေစလႊတ္ျခင္း ခံခဲ့ရပါတယ္။

သူရဲ႕ တာ၀န္ကေတာ့ ရန္သူ႔တိုက္စစ္ကို ေႏွာင့္ေႏွးေအာင္ အေႏွာက္အယွက္ ေပးဖို႔ပါ။ ေလယာဥ္ေျပးလမ္းေတြကို ဖ်က္စီးဖို႔ ဆိပ္ကမ္းကိုဖ်က္စီးဖို႔ စသျဖင့္ တတ္ႏိုင္တဲ့နည္းနဲ႔ ရန္သူ႔တပ္ကို အေႏွာက္အယွက္ ေပးဖို႔ပါ။

အကယ္၍ အဖမ္းခံခဲ့ရင္ လက္နက္ခ် အညံ့ခံခြင့္ မရွိပါဘူး။

1945 ေဖေဖာ္ဝါရီ ၂၈ မွာ အေမရိကန္နဲ႔ ဖိလစ္ပိုင္ မဟာမိတ္တပ္ေတြဟာ ကြၽန္းကို တိုက္ခိုက္ သိမ္းပိုက္ခဲ့တဲ့အခါ Onoda နဲ႔ စစ္သည္ သုံးဦးတို႔ဟာ ေတာင္ေပၚမွာ ပုန္းေအာင္းစခန္းခ်ခဲ့ၾကၿပီး ရန္သူကို ေပ်ာက္ၾကားစနစ္နဲ႔ ဆက္လက္ တိုက္ပြဲ၀င္ခဲ့ၾကပါတယ္။

၁၉၄၅ မွာေတာ့ ဒုတိယ ကမာၻစစ္ႀကီးၿပီးသြားခဲ့ၿပီး စစ္ၿပီးသြားၿပီျဖစ္တဲ့အေၾကာင္း ေလယာဥ္ေပၚကေန စာေတြ က်ဲခ်ခဲ့ေပမယ့္ onoda ဟာ မဟာမိတ္ေတြ ဝါဒျဖန္႔တာ ျဖစ္မယ္ဆိုၿပီး မယုံခဲ့ပါဘူး။

အဲဒီေနာက္မွာ ဂ်ပန္ဗိုလ္ခ်ဳပ္ Tomoyuki Yamashita လက္မွတ္ထိုးထားတဲ့ လက္ႏွက္ခ်ဖို႔ အမိန႔္စာကို ေလယာဥ္နဲ႔ က်ဲခ်ခဲ့ေပမယ့္လည္း onoda ကေတာ့ အတုလို႔ပဲ ထင္ေနခဲ့ပါတယ္။

၁၉၄၉ မွာေတာ့ သူတို႔ေလးေယာက္ထဲက တစ္ေယာက္ဟာ ထြက္ေျပးၿပီး ဖိလစ္ပိုင္ေတြဆီမွာ လက္ႏွက္ခ်ခဲ့ပါတယ္။

၁၉၅၂ မွာ မိသားစုေတြဆီက စာနဲ႔ ဓာတ္ပုံေတြကို ေလယာဥ္နဲ႔ က်ဲခ်ခဲ့ၿပီး သူတို႔ကို လက္နက္ခ်ဖို႔ ေဖ်ာင္းဖ်ခဲ့ပါတယ္။ ဒီတခါလည္း သူတို႔သုံးေယာက္ဟာ ရန္သူရဲ႕ လွည့္ကြက္တစ္ခုလို႔ပဲ ထင္ေနခဲ့ပါတယ္။

က်န္တဲ့ သူ႔ရဲ႕ အေဖာ္ေတြဟာ ၁၉၅၄ မွာ တစ္ေယာက္ ၁၉၇၂ မွာ တစ္ေယာက္ ဖိလစ္ပိုင္ ရဲေတြနဲ႔ တိုက္ပြဲျဖစ္ၿပီး က်ဆုံးကုန္တဲ့အတြက္ Onoda ဟာ တစ္ေယာက္ထဲပဲ က်န္ပါေတာ့တယ္။ ဒါေပမယ့္ သူ လက္နက္မခ်ေသးဘူး။

၁၉၇၄ ခုႏွစ္မွာေတာ့ onoda ဟာ ဂ်ပန္ခရီးသြား တစ္ဦးျဖစ္သူ Norio Suzuki ဆိုသူနဲ႔ ေတာထဲမွာ ေတြခဲ့ပါတယ္။ Suzuki က သူ႔ကို စစ္ၿပီးသြားတာ ႏွစ္သုံးဆယ္ေတာင္ ျပည့္ေတာ့မွာ ျဖစ္တဲ့အေၾကာင္း ေျပာခဲ့ေပမယ့္ သူ႔ဟာ အထက္အရာရွိရဲ႕ အမိန္မရေသးလို႔ လက္နက္ မခ်ႏိုင္ေၾကာင္းျပန္ေျပာခဲ့ပါတယ္။

suzuki ဟာ သက္ေသအျဖစ္ Onoda ကို ဓာတ္ပုံ ႐ိုက္ခဲ့ၿပီး ဂ်ပန္အစိုးရကိုအက်ိဳးအေၾကာင္း တင္ျပခဲ့ရပါတယ္။

အဲဒီေနာက္ ဂ်ပန္အစိုးရက Onoda ရဲ႕အထက္အရာရွိေဟာင္း ဗိုလ္မႈး Major Yoshimi ကို ျပန္ရွာခဲ့ၾကရပါတယ္။ Yoshimi ဟာ အဲဒီအခ်ိန္မွာ စာအုပ္ေရာင္းၿပီး အသက္ေမြးေနသူ တစ္ေယာက္ ျဖစ္ေနပါၿပီ။

၁၉၇၄ မတ္လ ၉ ရက္ ေန႔မွာေတာ့ Yoshimi ဟာ Lubang ကြၽန္းကို လိုက္သြားၿပီး ဒုတိယ ကမာၻစစ္ကို စစ္ႀကီးအၿပီး ႏွစ္ ၃၀ ၾကာ နီးပါး လက္ႏွက္မခ်ဘဲ တစ္ေယာက္ထဲ ဆက္တိုက္ေနခဲ့တဲ့ Onoda ကို လက္နက္ခ်ခိုင္းခဲ့ရပါေတာ့တယ္

ref : Wikipedia Credit HlaThanAung

Be the first to comment

Leave a Reply

Your email address will not be published.


*