ကမ္ဘာ့အကြီးဆုံး ငှက်ပန်းပုလို့ လူသိများခဲ့တဲ့ ဒဏ္ဍာရီလာ ငှက်အဆောက်အအုံရဲ့အကြောင်း

ကမ္ဘာ့အကြီးဆုံး ငှက်ပန်းပုလို့ လူသိများခဲ့တဲ့ ဒဏ္ဍာရီလာ ငှက်အဆောက်အအုံရဲ့ အကြောင်း

“အိန္ဒိယရုပ်ရှင် ရိုက်ကူးသူ နဲ့ ပန်းပုဆရာ Rajiv Anchal ဟာ အိန္ဒိယနိုင်ငံ Kerala မြို့လယ်ရှိ ဒဏ္ဍာရီလာငှက် တစ်ကောင်ကို တည်ဆောက် ပုံဖော်ခဲ့ပါတယ်။

သူ ကောလိပ်ကျောင်း တက်စဉ် ကာလ ကတည်းကပင် တည်ဆောက်ရန် စိတ်တက်ကြွနေခဲ့တာပါ။

နောက်ဆုံးနှစ် အနည်းငယ် အကြာမှာ Anchal ဟာ သူ့ရဲ့ခန့်ညား ထည်ဝါတဲ့ အနုပညာကို ကမ္ဘာကို ပြသဖို့ ၆ နှစ် အချိန် ယူခဲ့ပါတယ်။

သူဟာ ဧရာမ ငှက်ကြီးကို သံမဏိဖြင့် ပြုလုပ်ထားပြီး ကွန်ကရစ်နဲ့ တည်ဆောက်ထားပါတယ်။

Jatayu Earth’s Center လို့ လူသိများတဲ့ အဆိုပါ ငှက်ပန်းပုဟာ အလျား ၂၀၀ ပေ၊ အမြင့် ၇၀ ပေနဲ့ အတောင် ၁၅၀ ရှိတဲ့ အမြင့်ဆုံးငှက် ဖြစ်တာကြောင့် ၎င်းဟာ ကမ္ဘာ့အကြီးဆုံး ငှက်ပန်းပု ဖြစ်ပါတယ်။

Anchal ရဲ့ အဆိုအရ ထိုဧရာမ ငှက်ကြီးနဲ့ အဆောက်အအုံဟာ အမျိုးသမီးများရဲ့ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာကို ချီးကျူး ဂုဏ်ပြုတဲ့ အထိမ်းအမှတ် ဖြစ်တယ်လို့ ဆိုပါတယ် ။

နောက်ပြီး အိန္ဒိယ တစ်ဝှမ်းခရီးသွားစဉ် လည်ပတ်ရန် နောက်ထပ် အကောင်းဆုံးနေရာ တစ်ခုလည်း ဖြစ်ပါတယ်။

𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐔𝐩𝐥𝐨𝐚𝐝𝐞𝐫

Zawgyi ဖြင့် ဖတ်ရန်









𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐔𝐩𝐥𝐨𝐚𝐝𝐞𝐫

Be the first to comment

Leave a Reply

Your email address will not be published.


*