အခွန်တိုးကောက်ပြီး အင်တာနက် အသုံးပြုမှုကို ကန့်သတ်ရန် စစ်ကောင်စီ ကြိုးပမ်းမှု အောင်မြင်နေပြီလား

အခွန်တိုးကောက်ပြီး အင်တာနက် အသုံးပြုမှုကို ကန့်သတ်ရန် စစ်ကောင်စီ ကြိုးပမ်းမှု

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းကတည်းက အင်တာနက် အသုံးပြုမှုအပေါ် နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ် ထိန်းချုပ်နေသော စစ်ကောင်စီသည် ယခုအခါ အများပြည်သူ အင်တာနက် အလွယ်တကူ အသုံးမပြုနိုင်ရန်အတွက် အခွန်ထပ်တိုးကောက်ရန် စီစဉ်လာပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်လာသော ပြည်ထောင်စုအခွန်အကောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် မိုဘိုင်းလ်ဆင်းမ်ကတ်နှင့် အင်တာနက် ဝန်ဆောင်မှုများအပေါ် အခွန်တိုးကောက်ရန် ထည့်သွင်းလာခြင်း ဖြစ်သည်။

ယနေ့ (ဇန်နဝါရီ ၈ ရက်) တွင် စတင် အသက်ဝင်မည့် ထိုဥပဒေအရ ဆင်းမ်ကတ် ၁ ကတ်လျှင် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၀၀၀၀ နှင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ၏ ရငွေအပေါ် အခွန်ကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

အင်တာနက် ဝန်ဆောင်မှုများအပေါ် အခွန်တိုးကောက်ခံခြင်းသည် အင်တာနက် အလွန်အကျွံ သုံးစွဲမှုကြောင့် ပြည်သူများ အလုပ်အကိုင် ထိခိုက်ခြင်း၊ ကျောင်းသူကျောင်းသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းများကို လျှော့ချရန် အတွက်ဟု အာဏာသိမ်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း စစ်ကောင်စီ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ အင်တာနက်သုံးစွဲမှုကို လူတိုင်း လက်လှမ်းမမီအောင် လုပ်ဆောင်ခြင်းဖြစ်ပြီးသတင်း အချက်အလက် စီးဆင်းမှုအပေါ် ထပ်မံ ကန့်သတ်လိုက်ခြင်းပင် ဖြစ်ကြောင်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ပြောဆိုသည်။

“အဓိက သူတို့ ရည်ရွယ်ချက်က အခွန်ရဖို့နဲ့ Data Access ကို နည်းသွားစေချင်တဲ့အတွက် ဈေးနှုန်းတွေကို မြင့်အောင် လုပ်တာ” ဟု အမည်မဖော်လိုသည့် ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူ တဦးက မှတ်ချက် ပြုသည်။

နိုင်ငံတခု၏ ဖွံ့ဖြိုးတိုးတက်မှုကို အင်တာနက် အလွယ်တကူ အသုံးပြုနိုင်မှုနှင့် အင်တာနက် မြန်နှုန်းများဖြင့် တိုင်းတာလာ နေသည့် ဒစ်ဂျစ်တယ် နည်းပညာခေတ်တွင် ထိုသို့ လုပ်ဆောင်ခြင်းက ခေတ်နောက်ပြန် ဆွဲခြင်းသာဖြစ်ပြီး အဓိကအားဖြင့် အခြေခံ လူတန်းစားများအပေါ် သက်ရောက်မှုကြီးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “အင်တာနက်သုံးဖို့ စရိတ်စကတွေ တက်လာမယ်ဆိုရင် မသုံးမဖြစ် သုံးနေရတဲ့သူတွေတောင် အင်တာနက် သုံးစွဲမှုကို လျှော့သုံးလာရမယ့် အနေအထား ဖြစ်လာနိုင်တယ်။

ဒါက အင်တာနက်ကို (လုံးဝ) ပိတ်ချလိုက်တာမျိုး မလုပ်တော့ဘဲ နောက်တနည်းနဲ့ ထပ်ပြီးကန့်သတ်တဲ့ သဘောပဲပေ့ါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီသည် မိုဘိုင်းလ်ဒေတာ ဈေးနှုန်းများကို ပုံမှန်ထက် ၂ ဆ မြင့်တက် လာစေရန် ဆက်သွယ်ရေးအော်ပရေတာများအား ဖိအားပေးပြီး ဈေးနှုန်း ပြောင်းလဲစေခဲ့သည်။

ထို့ကြောင့် ယခင်က ကျပ် ၁၀၀၀ ဝန်းကျင်ဖြင့် ဒေတာ ၉၀၀ MB သုံးစွဲနိုင်ရာမှ ယခုအခါ ၄၈၀ MB သာ အသုံးပြု နိုင်တော့ကြောင်း ပြောင်းလဲ သတ်မှတ်လိုက်သော ဆက်သွယ်ရေးအော်ပရေတာများ၏ ဈေးနှုန်းနှင့် ဒေတာ အသုံးပြုနိုင်မှု အခြေအနေများ အရ သိရသည်။

ရန်ကုန်မြို့မှ လူငယ်တဦးက “အရင်ကဆို Facebook သုံးရင် တက်လာသမျှ ဗီဒီယိုတွေကို ဘာမှ မရွေးချယ်ဘဲ အေးဆေး ကြည့်လို့ရတယ်။

အခုက ဗီဒီယိုတွေ အရမ်းမကြည့်နိုင်တော့ဘူး။ ပုံနဲ့ စာနဲ့လောက်ပဲ ကြည့်ပြီး ဒေတာကို ချွေတာ သုံးနေရ တယ်။ တခြား Twitter၊ Instagram တို့ဆိုရင် အခုနောက်ပိုင်း မသုံးဖြစ်တော့ဘူး” ဟု ပြောသည်။

ထို့ပြင် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုမှုကို ယခင်က အနည်းဆုံး ၁၂ နာရီနှင့်အထက် အသုံးပြုနိုင်သော်လည်း ယခုအခါ မိုဘိုင်းလ် အင်တာနက်ကို လိုအပ်မှသာ ဖွင့်ပြီး အသုံးပြုလာနေရသည်ဟု ၎င်းက ဆိုသည်။

မိုဘိုင်းလ်ဒေတာ ဈေးနှုန်းများအပြင် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအပေါ် အခွန်တိုး ကောက်ခံမှုကြောင့် အိမ်သုံး ဝိုင်ဖိုင် အသုံးပြုခ နှုန်းထားများသည်လည်း ထပ်မံမြင့်တက်လာမည့် အခြေအနေ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် အိမ်သုံးဝိုင်ဖိုင် နှုန်းထားများသည် ၁ လလျှင် အနည်းဆုံး ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ ဝန်းကျင် ရှိရာ ယခု နောက် ပိုင်းတွင် ဈေးနှုန်း အနည်းငယ် မြင့်တက်လာပြီး ၁ လလျှင် ကျပ် ၄၅၀၀၀ ဝန်းကျင်ထိ ရှိလာနေပြီး အခွန်ထပ်တိုးကောက်ပါ က ၁ လလျှင် ကျပ် ၆၅၀၀၀ မှ ၈၀၀၀၀ ဝန်းကျင်ထိ တက်လာနိုင်ကြောင်း သုံးစွဲသူများနှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ် ကိုင်သူတချို့က ခန့်မှန်းကြသည်။

“Wifi ဈေးနှုန်းတွေက အခု အခွန်တိုးမကောက်ခင်ကတည်းက ဈေးတွေ ပြန်တက်လာနေတာ။ အခွန်သာ ထပ်တိုးကောက် လာမယ်ဆိုရင် အခုထက် ဈေးတွေ ပိုတက်လာရင်တော့ မသုံးနိုင်တော့တဲ့သူတွေ ပိုများလာနိုင်တယ်” ဟု အွန်လိုင်း အခြေပြု စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။

အင်တာနက်မြန်နှုန်းကို အခြေပြုပြီး လုပ်ငန်း လုပ်ကိုင်နေရသည့် ၎င်း၏ စီးပွားရေးလုပ်ငန်းအတွက် အင်တာနက် သုံးစွဲမှု ကုန်ကျစရိတ်က ယခင်ကထက် ပိုမိုကုန်ကျလာတော့မည့် အခြေအနေ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ထိုသို့ အွန်လိုင်း အခြေပြု အသေးစား စီးပွားရေး လုပ်ငန်းများအပြင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး အခြေအနေများ ကြောင့် အွန်လိုင်းပေါ်မှ ပညာသင်ကြားခြင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ၊ အခြားသော လူနေမှု အဆင့်အတန်းများ အပေါ် သက်ရောက်မှုများ ဖြစ်လာနိုင်သည်ဟုလည်း အင်တာနက်သုံးစွဲသူများက ပြောသည်။

ယခုကဲ့သို့ အင်တာနက် အသုံးပြုနိုင်မှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ကန့်သတ်မှုများ ပိုမို လုပ်ဆောင်လာခြင်းသည် အွန်လိုင်းပေါ်မှတဆင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်လျော့နည်းစေရန်နှင့် ၎င်းအား လက်နက်ကိုင် ခုခံတော်လှန်နေသူများထံ အလှူငွေ စီးဆင်းမှုများကို ဖြတ်တောက်ချင်သည့် ရည်ရွယ်ချက် ဖြစ်နိုင်သည်ဟူသော သုံးသပ် မှုများလည်း ရှိသည်။

ထို့ပြင် မိုးဘိုင်းလ် ဆင်းမ်ကတ်များကို အခွန်ထပ်တိုး ကောက်ခံမှုသည် လက်ရှိ ဈေးကွက်အတွင်း ဆင်းမ်ကတ်များ ဖောင်း ပွနေသည့် အနေအထားကြောင့် သက်ရောက်မှု ကြီးကြီးမားမား မဖြစ်နိုင်သော်လည်း နိုင်ငံရေးရှုထောင့်အရ ရည်ရွယ်ပြု လုပ်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းနှင့် နီးစပ်သည့် သတင်းရင်း မြစ်တဦးက ပြောသည်။

“ကျနော်တို့ သိသလောက် စစ်ကောင်စီရဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကို သုံးခိုင်းထားတဲ့ Spyware (ကြားဖြတ် ထောက်လှမ်းမှုဆိုင်ရာ စပိုင်ဝဲ) က ဒေတာမှာ ခြေရာခံလို့ မရတာကြောင့် ဖုန်းခေါ်တာနဲ့ sms ကိုပဲ ပိုသုံးလာအောင် လုပ်တာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်

စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သော ဒေသကာကွယ်ရေး တပ်ဖွဲ့များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ပါ တိုက်ပွဲများ ပြင်းထန်လာနေသည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ် ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းများ အတွင်းရှိ ဒါဇင်နှင့်ချီသော မြို့နယ်များကို စစ်ကောင်စီသည် ၂၀၂၁ ဩဂုတ် လပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ အင်တာနက် ဖြတ်တောက်ထားဆဲ ဖြစ်သည်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့၏ ပြီးခဲ့သည့် ၂၀၂၁ အတွင်း ထုတ်ပြန်ခဲ့သော ကမ္ဘာတဝန်း အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အီရန်နှင့် တရုတ်နိုင်ငံတို့ ပြီးလျှင် တတိယ အဆိုးဆုံးနိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခံထားရသည်။

𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊𝖗

အခြန္တိုးေကာက္ၿပီး အင္တာနက္ အသုံးျပဳမႈကို ကန႔္သတ္ရန္ စစ္ေကာင္စီ ႀကိဳးပမ္းမႈ

စစ္တပ္က အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီ ၁ ရက္ ေနာက္ပိုင္းကတည္းက အင္တာနက္ အသုံးျပဳမႈအေပၚ နည္းလမ္းေပါင္းစုံျဖင့္ ကန႔္သတ္ ထိန္းခ်ဳပ္ေနေသာ စစ္ေကာင္စီသည္ ယခုအခါ အမ်ားျပည္သူ အင္တာနက္ အလြယ္တကူ အသုံးမျပဳႏိုင္ရန္အတြက္ အခြန္ထပ္တိုးေကာက္ရန္ စီစဥ္လာျပန္သည္။

ၿပီးခဲ့သည့္ ဇန္နဝါရီ ၆ ရက္က ထုတ္ျပန္လာေသာ ျပည္ေထာင္စုအခြန္အေကာက္ ဥပေဒကို ျပင္ဆင္သည့္ ဥပေဒတြင္ မိုဘိုင္းလ္ဆင္းမ္ကတ္ႏွင့္ အင္တာနက္ ဝန္ေဆာင္မႈမ်ားအေပၚ အခြန္တိုးေကာက္ရန္ ထည့္သြင္းလာျခင္း ျဖစ္သည္။

ယေန႔ (ဇန္နဝါရီ ၈ ရက္) တြင္ စတင္ အသက္ဝင္မည့္ ထိုဥပေဒအရ ဆင္းမ္ကတ္ ၁ ကတ္လွ်င္ ကုန္သြယ္လုပ္ငန္းခြန္ က်ပ္ ၂၀၀၀၀ ႏွင့္

အင္တာနက္ ဝန္ေဆာင္မႈ လုပ္ငန္းမ်ား၏ ရေငြအေပၚ အခြန္ကို ၁၅ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေကာက္ခံ သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အင္တာနက္ ဝန္ေဆာင္မႈမ်ားအေပၚ အခြန္တိုးေကာက္ခံျခင္းသည္ အင္တာနက္ အလြန္အကြၽံ သုံးစြဲမႈေၾကာင့္ ျပည္သူမ်ား အလုပ္အကိုင္ ထိခိုက္ျခင္း၊ ေက်ာင္းသူေက်ာင္းသားမ်ား၏ ႐ုပ္ပိုင္းႏွင့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ျခင္းမ်ားကို ေလွ်ာ့ခ်ရန္ အတြက္ဟု အာဏာသိမ္း စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သို႔ေသာ္လည္း စစ္ေကာင္စီ၏ အမွန္တကယ္ ရည္႐ြယ္ခ်က္မွာ အင္တာနက္သုံးစြဲမႈကို လူတိုင္း လက္လွမ္းမမီေအာင္ လုပ္ေဆာင္ျခင္းျဖစ္ၿပီးသတင္း အခ်က္အလက္ စီးဆင္းမႈအေပၚ ထပ္မံ ကန႔္သတ္လိုက္ျခင္းပင္ ျဖစ္ေၾကာင္း ဆက္သြယ္ေရး လုပ္ငန္း လုပ္ကိုင္သူမ်ားက သုံးသပ္ေျပာဆိုသည္။

“အဓိက သူတို႔ ရည္႐ြယ္ခ်က္က အခြန္ရဖို႔နဲ႔ Data Access ကို နည္းသြားေစခ်င္တဲ့အတြက္ ေဈးႏႈန္းေတြကို ျမင့္ေအာင္ လုပ္တာ” ဟု အမည္မေဖာ္လိုသည့္ ျပည္တြင္းဆက္သြယ္ေရးလုပ္ငန္း လုပ္ကိုင္သူ တဦးက မွတ္ခ်က္ ျပဳသည္။

ႏိုင္ငံတခု၏ ဖြံ႕ၿဖိဳးတိုးတက္မႈကို အင္တာနက္ အလြယ္တကူ အသုံးျပဳႏိုင္မႈႏွင့္ အင္တာနက္ ျမန္ႏႈန္းမ်ားျဖင့္ တိုင္းတာလာ ေနသည့္ ဒစ္ဂ်စ္တယ္ နည္းပညာေခတ္တြင္ ထိုသို႔ လုပ္ေဆာင္ျခင္းက ေခတ္ေနာက္ျပန္ ဆြဲျခင္းသာျဖစ္ၿပီး အဓိကအားျဖင့္ အေျခခံ လူတန္းစားမ်ားအေပၚ သက္ေရာက္မႈႀကီးမည္ ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။

ဆက္လက္၍ ၎က “အင္တာနက္သုံးဖို႔ စရိတ္စကေတြ တက္လာမယ္ဆိုရင္ မသုံးမျဖစ္ သုံးေနရတဲ့သူေတြေတာင္ အင္တာနက္ သုံးစြဲမႈကို ေလွ်ာ့သုံးလာရမယ့္ အေနအထား ျဖစ္လာႏိုင္တယ္။

ဒါက အင္တာနက္ကို (လုံးဝ) ပိတ္ခ်လိုက္တာမ်ိဳး မလုပ္ေတာ့ဘဲ ေနာက္တနည္းနဲ႔ ထပ္ၿပီးကန႔္သတ္တဲ့ သေဘာပဲေပ့ါ” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလအတြင္းကလည္း စစ္ေကာင္စီသည္ မိုဘိုင္းလ္ေဒတာ ေဈးႏႈန္းမ်ားကို ပုံမွန္ထက္ ၂ ဆ ျမင့္တက္ လာေစရန္ ဆက္သြယ္ေရးေအာ္ပေရတာမ်ားအား ဖိအားေပးၿပီး ေဈးႏႈန္းေျပာင္းလဲေစခဲ့သည္။

ထို႔ေၾကာင့္ ယခင္က က်ပ္ ၁၀၀၀ ဝန္းက်င္ျဖင့္ ေဒတာ ၉၀၀ MB သုံးစြဲႏိုင္ရာမွ ယခုအခါ ၄၈၀ MB သာ အသုံးျပဳ ႏိုင္ေတာ့ေၾကာင္း ေျပာင္းလဲသတ္မွတ္လိုက္ေသာ ဆက္သြယ္ေရးေအာ္ပေရတာမ်ား၏ေဈးႏႈန္းႏွင့္ ေဒတာ အသုံးျပဳႏိုင္မႈ အေျခအေနမ်ားအရ သိရသည္။

ရန္ကုန္ၿမိဳ႕မွ လူငယ္တဦးက “အရင္ကဆို Facebook သုံးရင္ တက္လာသမွ် ဗီဒီယိုေတြကို ဘာမွ မေ႐ြးခ်ယ္ဘဲ ေအးေဆး ၾကည့္လို႔ရတယ္။

အခုက ဗီဒီယိုေတြ အရမ္းမၾကည့္ႏိုင္ေတာ့ဘူး။ ပုံနဲ႔ စာနဲ႔ေလာက္ပဲ ၾကည့္ၿပီး ေဒတာကို ေခြၽတာ သုံးေနရ တယ္။ တျခား Twitter၊ Instagram တို႔ဆိုရင္ အခုေနာက္ပိုင္း မသုံးျဖစ္ေတာ့ဘူး” ဟု ေျပာသည္။

ထို႔ျပင္ မိုဘိုင္းလ္ဖုန္းျဖင့္ အင္တာနက္ အသုံးျပဳမႈကို ယခင္က အနည္းဆုံး ၁၂ နာရီႏွင့္အထက္ အသုံးျပဳႏိုင္ေသာ္လည္း

ယခုအခါ မိုဘိုင္းလ္ အင္တာနက္ကို လိုအပ္မွသာ ဖြင့္ၿပီး အသုံးျပဳလာေနရသည္ဟု ၎က ဆိုသည္။

မိုဘိုင္းလ္ေဒတာ ေဈးႏႈန္းမ်ားအျပင္ အင္တာနက္ဝန္ေဆာင္မႈ လုပ္ငန္းမ်ားအေပၚ အခြန္တိုး ေကာက္ခံမႈေၾကာင့္အိမ္သုံး ဝိုင္ဖိုင္ အသုံးျပဳခ ႏႈန္းထားမ်ားသည္လည္း ထပ္မံျမင့္တက္လာမည့္ အေျခအေန ရွိေနေၾကာင္း သိရသည္။

လက္ရွိတြင္ အိမ္သုံးဝိုင္ဖိုင္ ႏႈန္းထားမ်ားသည္ ၁ လလွ်င္ အနည္းဆုံး က်ပ္ ၂၅၀၀၀ မွ ၃၀၀၀၀ ဝန္းက်င္ ရွိရာ ယခု ေနာက္ ပိုင္းတြင္ ေဈးႏႈန္း အနည္းငယ္ ျမင့္တက္လာၿပီး၁ လလွ်င္ က်ပ္ ၄၅၀၀၀ ဝန္းက်င္ထိ ရွိလာေနၿပီး အခြန္ထပ္တိုးေကာက္ပါ က ၁ လလွ်င္ က်ပ္ ၆၅၀၀၀ မွ ၈၀၀၀၀ ဝန္းက်င္ထိ တက္လာႏိုင္ေၾကာင္း သုံးစြဲသူမ်ားႏွင့္ ဆက္သြယ္ေရးလုပ္ငန္း လုပ္ ကိုင္သူတခ်ိဳ႕က ခန႔္မွန္းၾကသည္။

“Wifi ေဈးႏႈန္းေတြက အခု အခြန္တိုးမေကာက္ခင္ကတည္းက ေဈးေတြ ျပန္တက္လာေနတာ။ အခြန္သာ ထပ္တိုးေကာက္ လာမယ္ဆိုရင္ အခုထက္ ေဈးေတြ ပိုတက္လာရင္ေတာ့မသုံးႏိုင္ေတာ့တဲ့သူေတြ ပိုမ်ားလာႏိုင္တယ္” ဟု အြန္လိုင္း အေျချပဳ စီးပြားေရးလုပ္ငန္း လုပ္ကိုင္ေနသူတဦးက ေျပာသည္။

အင္တာနက္ျမန္ႏႈန္းကို အေျချပဳၿပီး လုပ္ငန္း လုပ္ကိုင္ေနရသည့္ ၎၏ စီးပြားေရးလုပ္ငန္းအတြက္ အင္တာနက္ သုံးစြဲမႈ ကုန္က်စရိတ္က ယခင္ကထက္ ပိုမိုကုန္က်လာေတာ့မည့္ အေျခအေန ျဖစ္သည္ဟုလည္း ၎က ဆိုသည္။

ထိုသို႔ အြန္လိုင္းအေျချပဳ အေသးစား စီးပြားေရးလုပ္ငန္းမ်ားအျပင္ ကိုဗစ္-၁၉ ကပ္ေရာဂါႏွင့္ ႏိုင္ငံေရး အေျခအေနမ်ား ေၾကာင့္ အြန္လိုင္းေပၚမွ ပညာသင္ၾကားျခင္းႏွင့္ အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ သင္တန္းမ်ား၊ အျခားေသာ လူေနမႈ အဆင့္အတန္းမ်ားအေပၚ သက္ေရာက္မႈမ်ား ျဖစ္လာႏိုင္သည္ဟုလည္း အင္တာနက္သုံးစြဲသူမ်ားက ေျပာသည္။

ယခုကဲ့သို႔ အင္တာနက္ အသုံးျပဳႏိုင္မႈႏွင့္ ပတ္သက္၍ စစ္ေကာင္စီဘက္က ကန႔္သတ္မႈမ်ား ပိုမိုလုပ္ေဆာင္လာျခင္းသည္ အြန္လိုင္းေပၚမွတဆင့္ စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈမ်ား အရွိန္ေလ်ာ့နည္းေစရန္ႏွင့္ ၎အား လက္နက္ကိုင္ ခုခံေတာ္လွန္ေနသူမ်ားထံ အလႉေငြ စီးဆင္းမႈမ်ားကို ျဖတ္ေတာက္ခ်င္သည့္ ရည္႐ြယ္ခ်က္ ျဖစ္ႏိုင္သည္ဟူေသာ သုံးသပ္ မႈမ်ားလည္း ရွိသည္။

ထို႔ျပင္ မိုးဘိုင္းလ္ ဆင္းမ္ကတ္မ်ားကို အခြန္ထပ္တိုး ေကာက္ခံမႈသည္ လက္ရွိ ေဈးကြက္အတြင္း ဆင္းမ္ကတ္မ်ား ေဖာင္း ပြေနသည့္ အေနအထားေၾကာင့္ သက္ေရာက္မႈ ႀကီးႀကီးမားမား မျဖစ္ႏိုင္ေသာ္လည္း ႏိုင္ငံေရးရႈေထာင့္အရ ရည္႐ြယ္ျပဳ လုပ္ျခင္း ျဖစ္ႏိုင္သည္ဟုလည္း

ဆက္သြယ္ေရး ေအာ္ပေရတာလုပ္ငန္းႏွင့္ နီးစပ္သည့္ သတင္းရင္း ျမစ္တဦးက ေျပာသည္။

“က်ေနာ္တို႔ သိသေလာက္ စစ္ေကာင္စီရဲ႕ ဆက္သြယ္ေရး ေအာ္ပေရတာေတြကို သုံးခိုင္းထားတဲ့ Spyware (ၾကားျဖတ္ ေထာက္လွမ္းမႈဆိုင္ရာ စပိုင္ဝဲ) က ေဒတာမွာ ေျခရာခံလို႔ မရတာေၾကာင့္ ဖုန္းေခၚတာနဲ႔ sms ကိုပဲ ပိုသုံးလာေအာင္ လုပ္တာလည္း ျဖစ္ႏိုင္တယ္” ဟု ၎က သုံးသပ္ေျပာဆိုသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေပၚေပါက္လာခဲ့ေသာ ေဒသကာကြယ္ေရး တပ္ဖြဲ႕မ်ား၊ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕မ်ား အျပင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ပါ တိုက္ပြဲမ်ား ျပင္းထန္လာေနသည့္ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ ကိုင္းတိုင္း၊ မေကြးတိုင္းႏွင့္ မႏၲေလးတိုင္းမ်ား အတြင္းရွိ ဒါဇင္ႏွင့္ခ်ီေသာ ၿမိဳ႕နယ္မ်ားကို စစ္ေကာင္စီသည္ ၂၀၂၁ ဩဂုတ္ လပိုင္းမွ စတင္ကာ လက္ရွိအခ်ိန္အထိ အင္တာနက္ ျဖတ္ေတာက္ထားဆဲ ျဖစ္သည္။

အေမရိကန္အေျခစိုက္ Freedom House အဖြဲ႕၏ ၿပီးခဲ့သည့္ ၂၀၂၁ အတြင္း ထုတ္ျပန္ခဲ့ေသာ ကမာၻတဝန္း အင္တာနက္ လြတ္လပ္ခြင့္ဆိုင္ရာ အစီရင္ခံစာတြင္ ျမန္မာႏိုင္ငံသည္ အီရန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔ ၿပီးလွ်င္ တတိယ အဆိုးဆုံးႏိုင္ငံအျဖစ္ သတ္မွတ္ေဖာ္ျပခံထားရသည္။

𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊𝖗

 

Be the first to comment

Leave a Reply

Your email address will not be published.


*