နို့တစ်လုံးစိန် (ခေါ်) နော်တလူးစိန် (ခေါ်) မစိန်ဝင်း လက်နက်မချဘဲ အသေခံတိုက်ခဲ့သူ

ဦးနေဝင်းခေတ်တုန်းက ဧရာဝတီတိုင်းဘက်မှာ နာမည်ကြီးခဲ့တဲ့ တော်လှန်ရေးမယ် နို့တလုံးစိန် …

ဦးနေဝင်းခေတ်တုန်းက ဧရာဝတီတိုင်းဘက်မှာ နာမည်ကြီးခဲ့တဲ့ ငါးသိုင်းချောင်း ရဲစခန်းကို ဝင်စီးပြီး လက်နက်တွေ လုပြေးခဲ့တဲ့ တော်လှန်ရေးမယ် နို့တလုံးစိန်ရဲ့ စွန့်စားခန်း

ဦးနေဝင်းခေတ်တုန်းက အခုခေတ်လိုပဲ ငါးသိုင်းချောင်း ရဲစခန်းကို ဝင်စီးပြီး လက်နက်တွေ လုပြေးခဲ့တဲ့ တော်လှန်ရေး မယ်တစ်ယောက် ရှိခဲ့ဖူးတယ်။

ရဲ ၁၁ ယောက် သေတဲ့အထိ လက်သံပြောင်ပြောင်နဲ့ ဝင်စီးခဲ့တဲ့အဖွဲ့ကို ခေါင်းဆောင်တာက နစ်ဖြူမယ် (ခေါ်) မစိန်ဝင်း။ ပြည်သူတွေကြားမှာတော့ သူ့ကို နို့တလုံးစိန် ဆိုပြီး သိကြတယ်။

နို့တစ်လုံးတည်း ပါလို့ မဟုတ်ဘူး။ တောခိုကြတဲ့ အမျိုးသမီးတွေထဲမှာ စိတ်ဓါတ် ပြင်းထန်တယ်။

တိုက်ရည်ခိုက်ရည် ကောင်းပြီး သတ္တိရှိတဲ့ နေရာမှာ သူလိုလူ တစ်ယောက်မှ မရှိ၊ No one လို့ တင်စားပြီး နိုးဝမ်းစိန် ။

အဲ့ကနေ တချို့တွေက နိုးတစ်လုံးစိန် ခေါ်ရာကနေ နို့တလုံးစိန်ဆိုတဲ့ နာမည်တွင်သွားတာ။ ပစ္စတို ခါးကြားမှာ အမြဲ ချိတ်ထားတတ်တယ်။

ငသိုင်းချောင်း ရဲစခန်းကို ဝင်စီးတုန်းက နို့တလုံးစိန်က အရပ်ဝတ်၊ သူ့ရဲဘော်တွေက မြန်မာစစ်တပ်ယူနီဖောင်းတွေ ဝတ်ပြီး ကျုံပျော်ကို ရိက္ခာသွားပို့တဲ့ကား အပြန်ကို ချုံခိုစောင့်နေတာ။

ကားပြန်အလာမှာ နို့တလုံးစိန်နဲ့ ရဲဘော်တယောက်က လမ်းမပေါ် ထွက်လာပြီး ကားနဲ့ လမ်းကြုံလိုက်ဖို့ ကားကို တားတယ်။

စစ်သားယူနီဖောင်းနဲ့ ဆိုတော့ ရပ်ပေးလိုက်ပြီး မေးတော့ကျမှ ဖွက်လာတဲ့ သေနတ်နဲ့ ကားသမားကို ထုတ်ချိန်၊ ကားသမားနဲ့ အဖော်ကို ဆင်းခိုင်းပြီး ကားကို အပိုင်စီး၊

စစ်ယူဖောင်းဝတ်ထားတဲ့ တခြားရဲဘော်တွေကို တင်ပြီး ငသိုင်းချောင်းရဲစခန်းထဲ ခပ်တည်တည်နဲ့ မောင်းချလာတာ။

ရဲစခန်းဝင်းထဲ ရောက်မှ ကားပေါ်က အကုန်ဆင်းပြီး ရဲတွေ အကုန်ပစ် … ရဲတွေလည်း အငိုက်မိသွားတော့ အတုံးအရုန်းပဲ။

ရဲစခန်းထဲက လက်နက်တွေ အကုန်ယူပြီး ကားနဲ့ လှေဆိပ်ကိုသွား၊ စောင့်နေတဲ့ စက်လှေပေါ် တက်၊ ငဝန်မြစ်ကို ကူးပြီး အနောက်ရိုးမပေါ် တက်ပြေးတာ။

စစ်ကူတွေ ရောက်လာချိန်ကျ တယောက်မှတောင် မတွေ့တော့။

ဧရာဝတီတိုင်းဘက်မှာ နာမည်ကြီးခဲ့တဲ့ နို့တလုံးစိန်ရဲ့ စွန့်စားခန်းပေါ့။

ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣

Zawgyi ဖြင့် ဖတ်ရန်

ဦးေနဝင္းေခတ္တုန္းက ဧရာဝတီတိုင္းဘက္မွာ နာမည္ႀကီးခဲ့တဲ့ ေတာ္လွန္ေရးမယ္ ႏို႔တလုံးစိန္ …

ဦးေနဝင္းေခတ္တုန္းက ဧရာဝတီတိုင္းဘက္မွာ နာမည္ႀကီးခဲ့တဲ့ ငါးသိုင္းေခ်ာင္း ရဲစခန္းကို ဝင္စီးၿပီး လက္နက္ေတြ လုေျပးခဲ့တဲ့ ေတာ္လွန္ေရးမယ္ ႏို႔တလုံးစိန္ရဲ႕ စြန္႔စားခန္း

ဦးေနဝင္းေခတ္တုန္းက အခုေခတ္လိုပဲ ငါးသိုင္းေခ်ာင္း ရဲစခန္းကို ဝင္စီးၿပီး လက္နက္ေတြ လုေျပးခဲ့တဲ့ ေတာ္လွန္ေရး မယ္တစ္ေယာက္ ရွိခဲ့ဖူးတယ္။

ရဲ ၁၁ ေယာက္ ေသတဲ့အထိ လက္သံေျပာင္ေျပာင္နဲ႔ ဝင္စီးခဲ့တဲ့အဖြဲ႕ကို ေခါင္းေဆာင္တာက နစ္ျဖဴမယ္ (ေခၚ) မစိန္ဝင္း။ ျပည္သူေတြၾကားမွာေတာ့ သူ႔ကို ႏို႔တလုံးစိန္ ဆိုၿပီး သိၾကတယ္။

ႏို႔တစ္လုံးတည္း ပါလို႔ မဟုတ္ဘူး။ ေတာခိုၾကတဲ့ အမ်ိဳးသမီးေတြထဲမွာ စိတ္ဓါတ္ ျပင္းထန္တယ္။

တိုက္ရည္ခိုက္ရည္ ေကာင္းၿပီး သတၱိရွိတဲ့ ေနရာမွာ သူလိုလူ တစ္ေယာက္မွ မရွိ၊ No one လို႔ တင္စားၿပီး ႏိုးဝမ္းစိန္ ။

အဲ့ကေန တခ်ိဳ႕ေတြက ႏိုးတစ္လုံးစိန္ ေခၚရာကေန ႏို႔တလုံးစိန္ဆိုတဲ့ နာမည္တြင္သြားတာ။ ပစၥတို ခါးၾကားမွာ အၿမဲ ခ်ိတ္ထားတတ္တယ္။

ငသိုင္းေခ်ာင္း ရဲစခန္းကို ဝင္စီးတုန္းက ႏို႔တလုံးစိန္က အရပ္ဝတ္၊ သူ႔ရဲေဘာ္ေတြက ျမန္မာစစ္တပ္ယူနီေဖာင္းေတြ ဝတ္ၿပီး က်ဳံေပ်ာ္ကို ရိကၡာသြားပို႔တဲ့ကား အျပန္ကို ခ်ဳံခိုေစာင့္ေနတာ။

ကားျပန္အလာမွာ ႏို႔တလုံးစိန္နဲ႔ ရဲေဘာ္တေယာက္က လမ္းမေပၚ ထြက္လာၿပီး ကားနဲ႔ လမ္းႀကဳံလိုက္ဖို႔ ကားကို တားတယ္။

စစ္သားယူနီေဖာင္းနဲ႔ ဆိုေတာ့ ရပ္ေပးလိုက္ၿပီး ေမးေတာ့က်မွ ဖြက္လာတဲ့ ေသနတ္နဲ႔ ကားသမားကို ထုတ္ခ်ိန္၊ ကားသမားနဲ႔ အေဖာ္ကို ဆင္းခိုင္းၿပီး ကားကို အပိုင္စီး၊

စစ္ယူေဖာင္းဝတ္ထားတဲ့ တျခားရဲေဘာ္ေတြကို တင္ၿပီး ငသိုင္းေခ်ာင္းရဲစခန္းထဲ ခပ္တည္တည္နဲ႔ ေမာင္းခ်လာတာ။

ရဲစခန္းဝင္းထဲ ေရာက္မွ ကားေပၚက အကုန္ဆင္းၿပီး ရဲေတြ အကုန္ပစ္ … ရဲေတြလည္း အငိုက္မိသြားေတာ့ အတုံးအ႐ုန္းပဲ။

ရဲစခန္းထဲက လက္နက္ေတြ အကုန္ယူၿပီး ကားနဲ႔ ေလွဆိပ္ကိုသြား၊ ေစာင့္ေနတဲ့ စက္ေလွေပၚ တက္၊ ငဝန္ျမစ္ကို ကူးၿပီး အေနာက္႐ိုးမေပၚ တက္ေျပးတာ။

စစ္ကူေတြ ေရာက္လာခ်ိန္က် တေယာက္မွေတာင္ မေတြ႕ေတာ့။

ဧရာဝတီတိုင္းဘက္မွာ နာမည္ႀကီးခဲ့တဲ့ ႏို႔တလုံးစိန္ရဲ႕ စြန္႔စားခန္းေပါ့။

ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣

Be the first to comment

Leave a Reply

Your email address will not be published.


*