တာ့ခ်မင်နစ္စတန် နိုင်ငံက “ငရဲတံခါးဝ” လို့ ခေါ်တဲ့ ကမ္ဘာ့အံ့ဖွယ်ရာ တွင်းနက်ကြီးကို အပြီးတိုင် ပိတ်သွားအောင် အာဏာပိုင်တွေက စီစဉ်နေ

တာ့ခ်မင်နစ္စတန် နိုင်ငံက “ငရဲတံခါးဝ” လို့ ခေါ်တဲ့ ကမ္ဘာ့အံ့ဖွယ်ရာ တွင်းနက်ကြီးကို အပြီးတိုင် ပိတ်သွားအောင် အာဏာပိုင်တွေက စီစဉ်နေ

တာ့ခ်မင်နစ္စတန် နိုင်ငံက ကမ္ဘာ့အံ့ဖွယ် နေရာတွေထဲက တစ်ခုဖြစ်တဲ့ DarvazaGasCrater ခေါ်တစ်နည်းအားဖြင့် ”ငရဲတံခါးဝ” ခေါ်ကြတဲ့ သဘာဝ ဓာတ်ငွေ့ မီးတွင်းကြီးကို အပြီးတိုင် ရပ်တန့်သွားဖို့ သမ္မတက ကြိုးစားနေပြီ ဖြစ်ပါတယ်။

မြို့တော် Ashgabat ရဲ့ မြောက်ဘက်မိုင် ၁၆၀ ခန့် အကွာတွင် ရှိတဲ့ အဆိုပါကန္တာရ မီးတွင်းကြီးဟာ ဆယ်စုနှစ်များစွာကြာ မီးလောင်ကျွမ်းခဲ့ပြီးတာ့တခ်မင်နစ္စတန်သို့ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက် ရေပန်းစားရာ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်က ဆိုဗီယက် ဘူမိဗေဒပညာရှင်များဟာ အဆိုပါ နေရာကိုရေနံတူးဖို့အတွက် ရောက်ရှိခဲ့ပြီး ရေနံထွက်နိုင်တယ်လို့ ထင်ရတဲ့ နေရာကို စပြီး တူးတဲ့အခါမှာတော့မြေကြီးဟာ ကျွံဝင်ပြီး၂၂၆ ပေ ကျယ်ပြီး ၉၆ ပေ နက်တဲ့ မီးတွင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

ဘူမိဗေဒ ပညာရှင်များက အဆိုပါမီးတောက်လောင်နေတဲ့ တွင်းကြီးကိုနှစ်ပတ်အကြာလောက်မှာ မီးငြိမ်းသွားမယ်လို့ ယူဆထားပေမယ့် ထင်ထားတဲ့အတိုင်း ဖြစ်မလာတော့ဘဲ မီးဟာ ယခုချိန်ထိ လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။

ထိုစဉ်တည်းက လောင်ကျွမ်းခဲ့တဲ့မီးဟာ အံ့သြစရာ ကောင်းလောက်အောင် တောက်လောင်ခဲ့တာကြောင့်သမ္မတ Gurbanguly Berdymukhamedov ဟာ ၂၀၁၉ ခုနှစ်က ထရပ်ကားတစ်စီးကို မောင်းပြီး ပတ်ပတ်လည်ကို ကြည့်ရှုခဲ့ကြောင့် နိုင်ငံပိုင် ရုပ်သံလိုင်းများမှာဖော်ပြခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ သမ္မတဟာ ဂေဟစနစ် ပျက်စီးပြီး ထိုဒေသမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ကျန်းမာရေး ထိခိုက်စေနိုင်တာကြောင့် မီးတွင်းကြီးကို အပြီးတိုင် ရပ်တန့်သွားအောင် နည်းလမ်းကောင်းများ ရှာဖွေဖို့ သမ္မတက အမိန့်ပေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ Neitralny Turkmenistan မှာ ဖော်ပြခဲပါတယ်။

ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣








ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣

Be the first to comment

Leave a Reply

Your email address will not be published.


*