ရေခဲသေတ္တာထဲကမြို့လို့ တင်စားကြတဲ့ ကမ္ဘာမြေ မြောက်ဖျားအဆုံးက နောရစ်ခ်မြို့အကြောင်း

ကမ္ဘာမြေမြောက်ဖျားအဆုံးက နောရစ်ခ်မြို့အကြောင်း

အထီးတည်း ၊လေထုညစ်ညမ်း၊ အလွန်အေးဆိုသည့် ဂုဏ်ပုဒ်တို့မှာ အသက်သွေးတို့ ရင်းကာ တည်ဆောက်ထားသည့် ကမ္ဘာ့မြောက်ဖျားဆုံးက နောရစ်ခ်မြို့၏ ဂုဏ်ရည်အချို့ဖြစ်၏။

အာတိတ် စက်ဝိုင်းစွန်းမှနေ မြောက် ဘက် မိုင် ၂၅၀ အကွာတွင် တည်ရှိသည်။ နီကယ်၊ ကြေးနီ၊ ပလာဒီယမ် သတ္တုများ လှိုင်လှိုင်ထွက်သည့် သယံဇာတ ကြွယ်ဝသော မြို့ အဖြစ် လူသိများသလို မြောက်ဝင်ရိုးစွန်းနှင့် နီးလွန်းသဖြင့် ရေခဲသေတ္တာထဲကမြို့ အဖြစ်လည်း လူသိများသည်။

၁၉၃၅ ခုနှစ်တွင် ဓာတ်သတ္တုများတွေ့ ရှိပြီးနောက် နောရစ်ခ်မြို့ကို တစ်ကျွန်းစံ အကျဉ်းသားများဖြင့် စတင် တည်ထားခဲ့ခြင်း ဖြစ်သည်။ ကြမ်းတမ်းလှသော ရာသီဥတု တွင် လူ့အသက်ပေါင်း ထောင်သောင်းချီသေဆုံး ခဲ့ရသည်။

ကမ္ဘာ့မြောက်ဖျားစွန်းနား ကပ်နေသော နောရစ်ခ် မြို့အဖို့ ပြင်ပကမ္ဘာနှင့် ကုန်းလမ်းအဆက်အသွယ် မရှိပေ။

လေကြောင်းကိုသာ အားကိုးရသည်။ ရေလမ်းကလည်း တစ်နှစ်လုံးတွင်မှ လအနည်းငယ်လောက်သာ ပွင့်သည်။

တစ်နှစ်လုံးတွင် ရက်ပေါင်း ၂၈ဝ လောက်က ဆောင်းတွင်းဖြစ်ကာ ရက်ပေါင်း ၁၃၀ လောက်က နှင်းမုန်တိုင်းတွေ တိုက်ခတ်နေသည်။

နောရစ်ခ်သည် ဆိုက်ဘေးရီးယားတွင် တည်ရှိပြီး နှစ်စဉ်ပျမ်းမျှအပူချိန် အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ် ရှိသည်။ ဆောင်းရာသီတွင် အနုတ် ၅၅ ဒီဂရီ စင်တီဂရိတ်အထိ ရှိသည်။

ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေသော နောရစ်ခ်မြို့သားများက ကျန်တစ်ကမ္ဘာလုံးကို ကုန်းမကြီးဟု ခေါ်ဝေါ်ကြသည်။

တစ်နှစ်ကို ၂ လက နေ့ရော ညပါ မှောင်မည်းနေသည့် ဝင်ရိုးစွန်းညများ ဖြစ်သည်။

တစ်နှစ်ကို ၉ လ လောက်အထိ နှင်းဖုံး ဆောင်းရာသီ ဖြစ်သည်။

ရာသီဥတု ခက်ခဲ ကြမ်းတမ်းသည့်တိုင် သတ္တုတွင်းမြို့ နောရစ်ခ်တွင် လူဦးရေ ၁၇ဝဝဝဝ ကျော် နေထိုင်နေသည်။

ရုရှား ဓာတ်ပုံဆရာမ အယ်လီနာချာနီရှိုဗာ သည် “ည၏နေ့၊ နေ့၏ည” ဓာတ်ပုံ ပရောဂျက်အတွက် ရက်သတ္တပတ်ပေါင်း များစွာ နေထိုင်ကာ နောရစ်ခ် ဒေသကို ဓာတ်ပုံဖြင့်ဖော်ကျူးထားသည်။

တစ်နှစ်လုံးတွင် အမှောင်ကြီးစိုးသည့် အချိန်သာ များနေသဖြင့် မြို့ခံများသည် စိတ်ဖိစီးမှု၊ အိပ်ချိန်မမှန်မှု စသည့်တို့ ခံစားကြရသည်။

ပျော်ရွှင် တက်ကြွစရာ ပတ်ဝန်းကျင် အနေအထားကလည်း နည်းလှသဖြင့် မြို့ခံများသည် စိတ်ကျမှုများ ခံစားရသည်။

တစ်နှစ်လုံး တောင့်တခဲ့ရသော နွေဦးရာသီ အဝင်နေ့တွင် စာခြောက်ရုပ်တွေ မီးရှို့ကာ ကြိုဆိုကြသည်။ မြို့ခံ အများစုမှာ သတ္တုတွင်းလုပ်သားများ ဖြစ်ပြီး ဘဝက ခက်ထန် ကြမ်းတမ်းသည်။

အနစ်နာ ခံရမှုများအတွက် ဆုလာဘ်ကား တစ်နှစ်ကို ရက် ၉၀ ကြာ အားလပ်ရက် ရရှိခြင်း၊ အသက် ၄၅ နှစ် ပြည့်လျှင် အငြိမ်းစား ယူခွင့်ရှိခြင်း ဖြစ်သည်။ ဆောင်းတွင်းမှာ ကလေးတွေ အပြင်ထွက်ရခဲသည်။

ကလေးတွေ လပေါင်းများစွာ ကြာအောင် အိမ်ထဲမှာချည်း နေရတာမျိုးတွေ ကြုံရ သည်။

တိုက်ခန်းတွဲများတွင် ကလေးတစ်ယောက် ဆော့ကစားနိုင်သည့် ခန်းမကျယ်ကြီးများ ထည့်သွင်း ဆောက်လုပ် ပေးထားသည်မှာလည်း နောရစ်ခ်မြို့ ပုံစံ ဖြစ်သည်။

နှင်းမုန်တိုင်း တိုက်ခတ်သော ရက်များတွင် ဘတ်စ်ကားများ ၁၅ စီး၊ အစီး ၂ဝ တန်းစီပြီး မြို့ထဲနှင့် သတ္တုတွင်းများဆီသို့ လုပ်သားများကို အကြိုအပို့ လုပ်ပေးခြင်း၊ ဘတ်စ်ကားတစ်စီး ပျက်သွားသည်နှင့် ခရီးသည်များ အခြား ကားတွေ အပေါ် အမြန်ဆုံး တက် နိုင်အောင် ဖြစ်သည်။

နှင်းမုန်တိုင်းထဲတွင် အကာအကွယ် မဲ့နေလျှင် အသက်ပါ ဆုံးရှုံးနိုင်သည်။ ကားတန်းသည် တစ်နေ့လုံးတွင်မှ ၃ ကြိမ်သာ ထွက်သည်။

အေးခဲသော ဒေသတွင် သတ္တုတွင်းထွက် မီးခိုးများကြောင့် နောရစ်ခ်သည် ကမ္ဘာပေါ်တွင် လေထု အညစ်ညမ်းဆုံး မြို့ ၁၀ မြို့ထဲတွင် ပါဝင်သည်။

နောရစ်ခ် မြို့ ခံများသည် အခြား ရုရှား ဒေသခံများထက် ပျမ်းမျှ သက်တမ်း ၁၀ နှစ်လောက် တိုသည်။

ခရက်ဒစ် – ပြည့်စုံထက်ကျော်

Source – Thutazone

Zawgyi ဖြင့် ဖတ်ရန်

ကမာၻေျမေျမာက္ဖ်ားအဆုံးက ေနာရစ္ခ္ၿမိဳ႕အေၾကာင္း

အထီးတည္း ၊ေလထုညစ္ညမ္း၊ အလြန္ေအးဆိုသည့္ ဂုဏ္ပုဒ္တို႔မွာ အသက္ေသြးတို႔ ရင္းကာ တည္ေဆာက္ထားသည့္ ကမာၻ႔ေျမာက္ဖ်ားဆုံးက ေနာရစ္ခ္ၿမိဳ႕၏ ဂုဏ္ရည္အခ်ိဳ႕ျဖစ္၏။

အာတိတ္ စက္ဝိုင္းစြန္းမွေန ေျမာက္ ဘက္ မိုင္ ၂၅၀ အကြာတြင္ တည္ရွိသည္။ နီကယ္၊ ေၾကးနီ၊ ပလာဒီယမ္ သတၱဳမ်ား လႈိင္လႈိင္ထြက္သည့္ သယံဇာတ ႂကြယ္ဝေသာ ၿမိဳ႕ အျဖစ္ လူသိမ်ားသလို ေျမာက္ဝင္႐ိုးစြန္းႏွင့္ နီးလြန္းသျဖင့္ ေရခဲေသတၱာထဲကၿမိဳ႕ အျဖစ္လည္း လူသိမ်ားသည္။

၁၉၃၅ ခုႏွစ္တြင္ ဓာတ္သတၱဳမ်ားေတြ႕ ရွိၿပီးေနာက္ ေနာရစ္ခ္ၿမိဳ႕ကို တစ္ကြၽန္းစံ အက်ဥ္းသားမ်ားျဖင့္ စတင္ တည္ထားခဲ့ျခင္း ျဖစ္သည္။ ၾကမ္းတမ္းလွေသာ ရာသီဥတု တြင္ လူ႔အသက္ေပါင္း ေထာင္ေသာင္းခ်ီေသဆုံး ခဲ့ရသည္။

ကမာၻ႔ေျမာက္ဖ်ားစြန္းနား ကပ္ေနေသာ ေနာရစ္ခ္ၿမိဳ႕အဖို႔ ျပင္ပကမာၻႏွင့္ ကုန္းလမ္းအဆက္အသြယ္ မရွိေပ။ ေလေၾကာင္းကိုသာ အားကိုးရသည္။ ေရလမ္းကလည္း တစ္ႏွစ္လုံးတြင္မွ လအနည္းငယ္ေလာက္သာ ပြင့္သည္။

တစ္ႏွစ္လုံးတြင္ ရက္ေပါင္း ၂၈ဝ ေလာက္က ေဆာင္းတြင္းျဖစ္ကာ ရက္ေပါင္း ၁၃၀ ေလာက္က ႏွင္းမုန္တိုင္းေတြ တိုက္ခတ္ေနသည္။

ေနာရစ္ခ္သည္ ဆိုက္ေဘးရီးယားတြင္ တည္ရွိၿပီး ႏွစ္စဥ္ပ်မ္းမွ်အပူခ်ိန္ အႏုတ္ ၁၀ ဒီဂရီ စင္တီဂရိတ္ ရွိသည္။ ေဆာင္းရာသီတြင္ အႏုတ္ ၅၅ ဒီဂရီ စင္တီဂရိတ္အထိ ရွိသည္။

ျပင္ပကမာၻႏွင့္ အဆက္ျပတ္ေနေသာ ေနာရစ္ခ္ၿမိဳ႕သားမ်ားက က်န္တစ္ကမာၻလုံးကို ကုန္းမႀကီးဟု ေခၚေဝၚၾကသည္။ တစ္ႏွစ္ကို ၂ လက ေန႔ေရာညပါ ေမွာင္မည္းေနသည့္ ဝင္႐ိုးစြန္းညမ်ား ျဖစ္သည္။

တစ္ႏွစ္ကို ၉ လ ေလာက္အထိ ႏွင္းဖုံး ေဆာင္းရာသီ ျဖစ္သည္။ ရာသီဥတု ခက္ခဲၾကမ္းတမ္းသည့္တိုင္ သတၱဳတြင္းၿမိဳ႕ ေနာရစ္ခ္တြင္ လူဦးေရ ၁၇ဝဝဝဝ ေက်ာ္ ေနထိုင္ေနသည္။

႐ုရွား ဓာတ္ပုံဆရာမ အယ္လီနာခ်ာနီရႈိဗာ သည္ “ည၏ေန႔၊ ေန႔၏ည” ဓာတ္ပုံ ပေရာဂ်က္အတြက္ ရက္သတၱပတ္ေပါင္းမ်ားစြာ ေနထိုင္ကာ ေနာရစ္ခ္ ေဒသကို ဓာတ္ပုံျဖင့္ေဖာ္က်ဴးထားသည္။

တစ္ႏွစ္လုံးတြင္ အေမွာင္ႀကီးစိုးသည့္ အခ်ိန္သာ မ်ားေနသျဖင့္ ၿမိဳ႕ခံမ်ားသည္ စိတ္ဖိစီးမႈ၊ အိပ္ခ်ိန္မမွန္မႈစသည့္တို႔ ခံစားၾကရသည္။ ေပ်ာ္႐ႊင္တက္ႂကြစရာ ပတ္ဝန္းက်င္ အေနအထားကလည္း နည္းလွသျဖင့္ ၿမိဳ႕ခံမ်ားသည္ စိတ္က်မႈမ်ား ခံစားရသည္။

တစ္ႏွစ္လုံး ေတာင့္တခဲ့ရေသာ ေႏြဦးရာသီ အဝင္ေန႔တြင္ စာေျခာက္႐ုပ္ေတြ မီးရႈိ႕ကာ ႀကိဳဆိုၾကသည္။ ၿမိဳ႕ခံအမ်ားစုမွာ သတၱဳတြင္းလုပ္သားမ်ားျဖစ္ၿပီး ဘဝက ခက္ထန္ ၾကမ္းတမ္းသည္။

အနစ္နာခံရမႈမ်ားအတြက္ ဆုလာဘ္ကား တစ္ႏွစ္ကို ရက္ ၉၀ ၾကာ အားလပ္ရက္ ရရွိျခင္း၊ အသက္ ၄၅ ႏွစ္ ျပည့္လွ်င္ အၿငိမ္းစား ယူခြင့္ရွိျခင္း ျဖစ္သည္။ ေဆာင္းတြင္းမွာ ကေလးေတြ အျပင္ထြက္ရခဲသည္။

ကေလးေတြ လေပါင္းမ်ားစြာ ၾကာေအာင္ အိမ္ထဲမွာ ခ်ည္းေနရတာမ်ိဳးေတြ ႀကဳံရ သည္။ တိုက္ခန္းတြဲမ်ားတြင္ ကေလးတစ္ေယာက္ ေဆာ့ကစားႏိုင္သည့္ ခန္းမက်ယ္ႀကီးမ်ား ထည့္သြင္း ေဆာက္လုပ္ေပးထားသည္မွာလည္း ေနာရစ္ခ္ၿမိဳ႕ ပုံစံ ျဖစ္သည္။

ႏွင္းမုန္တိုင္း တိုက္ခတ္ေသာရက္မ်ားတြင္ ဘတ္စ္ကားမ်ား ၁၅ စီး၊ အစီး ၂ဝ တန္းစီၿပီး ၿမိဳ႕ထဲႏွင့္ သတၱဳတြင္းမ်ားဆီသို႔ လုပ္သားမ်ားကို အႀကိဳအပို႔ လုပ္ေပးျခင္း၊ ဘတ္စ္ကားတစ္စီးပ်က္သြားသည္ႏွင့္ ခရီးသည္မ်ား အျခား ကားေတြအေပၚ အျမန္ဆုံးတက္ ႏိုင္ေအာင္ ျဖစ္သည္။

ႏွင္းမုန္တိုင္းထဲတြင္ အကာအကြယ္မဲ့ေနလွ်င္ အသက္ပါ ဆုံးရႈံးႏိုင္သည္။ ကားတန္းသည္ တစ္ေန႔လုံးတြင္မွ ၃ ႀကိမ္သာ ထြက္သည္။

ေအးခဲေသာ ေဒသတြင္ သတၱဳတြင္းထြက္ မီးခိုးမ်ား ေၾကာင့္ ေနာရစ္ခ္သည္ ကမာၻေပၚတြင္ ေလထုအညစ္ ညမ္းဆုံး ၿမိဳ႕ ၁၀ ၿမိဳ႕ထဲတြင္ ပါဝင္သည္။ ေနာရစ္ခ္ၿမိဳ႕ ခံမ်ားသည္ အျခား႐ုရွား ေဒသခံမ်ားထက္ ပ်မ္းမွ် သက္တမ္း ၁၀ ႏွစ္ေလာက္ တိုသည္။

ခရက္ဒစ္ – ျပည့္စုံထက္ေက်ာ္

Source – Thutazone

Be the first to comment

Leave a Reply

Your email address will not be published.


*