တစ်ချိန်က နာမည်ကျော်ကြား ထင်ရှားခဲ့တဲ့ သမိုင်းဝင် ပိုးလမ်းမကြီး ဆိုသည်မှာ

တစ်ချိန်က နာမည်ကျော်ကြား ထင်ရှားခဲ့တဲ့ သမိုင်းဝင် ပိုးလမ်းမကြီး ဆိုသည်မှာ

ဘီစီ ၂ – ရာစု အချိန်ခန့်မှစ၍ အာရှ ရှိ တရုတ် နှင့် ဥရောပရှိ ရောမတို့အကြား ကူးသန်း ရောင်းဝယ်မှုပြုလုပ်ခဲ့ရာ အရှည် မိုင် – ၄၀၀၀ ကျော်ရှိသည့် ရှေးခေတ် ခရီးသွားလမ်းကြောင်းဖြစ်သည် ။

ပိုးလမ်းမသည် လမ်းကြောင်းကွန်ယက် များစွာရှိပြီး တရုတ်နှင့် ရောမဒေသကို ဆက်သွယ်ထားသည် ။

တရုတ်နိင်ငံမှ ထွက်ရှိရာ အဝတ်အထည်များ ၊ ပိုးထည်များကို ကူးသန်း ရောင်းဝယ်ခဲ့သဖြင့် Silk Road ဟု အမည်ကျော်သည် ။

 

၁၅ – ရာစုနောက်ပိုင်း ဥရောပ မှ အာရှ သို့ သွားရောက်သည့် ရေလမ်းခရီးကို တွေ့ရှိပြီးနောက် Silk Road ခေါ်ပိုးလမ်းမ မှ ကုန်သွယ်မှုသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည် ။

လမ်းကြောင်းများ

ဘီစီ ၂ – ရာစု တရုတ်၏ Han dynasty ခေတ် အစ အချိန်က ဤလမ်းကြောင်းသည် ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်း မဟုတ်ဘဲ တရုတ်မြောက်ပိုင်းမှ ကျူးကျော်သူများကို ချီတက် တိုက်ခိုက် ရာလမ်းကြောင်းသာဖြစ်သည် ။

Han dynasty ခေတ် ခိုင်မြဲလာပြီးနောက် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများပေါ်ထွန်းလာခဲ့သည် ။

Silk Road တွင် အဓိကလမ်းကြောင်းများစွာ ပါဝင်သည် ။ အလွန်ကြမ်းတမ်းတဲ့ ရာသီဥတု ရှိရာဒေသများ ၊ ကန္တာရများကို ဖြတ်ကျော် ရသဖြင့် ခရီးသွားအများစု မှာ ကုလားအုပ်များ ၊ မြင်းများကို အသုံးပြုပြီးသွားလာကြသည် ။

ယဉ်ကျေးမှု နှင့် အနုပညာ ပျံ့နှံ့လာရာလမ်းကြောင်း

ဤလမ်းကြောင်းမှတဆင့် တရုတ်နိင်ငံ၏ စီးပွားရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု ၊ အပြောင်းလဲများ ရာစုနှစ်ပေါင်းများစွာ ဖြစ်ပေါ်စေခဲ့သည် ။

ဘီစီ ၆ – ရာစုအချိန်က အိန္ဒိယ မြောက်ပိုင်းမှ စတင်ခဲ့သည့် ဗုဒ္ဓဘာသာ အယူဝါဒများသည်လည်း အေဒီ ၁ – ရာစုအချိန်တွင် ဤလမ်းကြောင်းမှတဆင့် တရုတ်နိင်ငံသို့ ပျံ့နှံ့လာခဲ့သည် ။

ထိုအခါ တရုတ်တို့၏ အဆောက်အဦး ပုံစံများမှာ ဗုဒွဘုရားကျောင်းစတိုင်များ ဖြစ်လာကာ ရုပ်ထုများ ၊ ပန်းချီကားများ မှာလည်း ဗုဒ္ဓယဉ်ကျေးမှု အငွေ့ အသက်များ ပျံနှံ့လာခဲ့သည် ။

အေဒီ ၃ – ရာစု Han dynasty ခေတ်ကျဆုံးပြီးနောက် ပိုးလမ်းမကြီးသည်လည်း ကူးသန်း ရောင်းဝယ်မှု နည်းသွားခဲ့ပြီး အေဒီ ၇- ရာစု Tang dynasty လက်ထက်တွင် ပြန်လည်ထွန်းကားလာခဲ့သည် ။

အေဒီ ၆ – ရာစု အချိန်က ခရီးသွားများသည် ပိုးလမ်းမကြီးတလျှောက်ခရီးသွားလာရင်း ဂူ နံရံများတွင် ပန်းချီကားများ ရေးဆွဲခဲ့ကြသည် ။ ထိုနံရံပန်းချီကားများမှာ ယနေ့အချိန်တွင် World Heritage Site အဖြစ် တည်ရှိသည် ။

Caravan on the Silk Road

အေဒီ ၆ – ရာစုအချိန်ကရေးဆွဲခဲ့သည့် ပိုးလမ်းမတလျှောက်ရှိ ဂူနံရံမှ ပန်းချီကားများ ဖြစ်သည် ။ ထိုနံရံပန်းချီကားများကိုဂူပေါင်း ၄၂၀ – ခန့်တွင် တွေ့ရှိရပြီး အများစုမှာ တရုတ်နိင်ငံ Gansu ခရိုင် Dunhuang ဒေသတွင် တွေ့ရှိရသည် ။

၁၉၈၇ – အချိန်က ထိုဂူများအား ကမ ္ဘာ့ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၏ World Heritage Site အဖြစ် သတ်မှတ်ခဲ့သည် ။

Tang dynasty ခေတ်တွင် ကူးသန်းရောင်းဝယ်မှု အလွန်ထွန်းကားခဲ့ပြီး အာရှ အလယ်ပိုင်းမှ အစ္စလမ်၊ ပါရှန် ယဉ်ကျေးမှုများ ၊ ဂီတ အနုပညာများ တရုတ်ပြည်သူများအပေါ် များစွာပျံနှံ့လာခဲ့သည် ။

အေဒီ ၁၀ – ရာစုတွင် Tang dynasty ခေတ်ကျဆုံးပြီး ပိုးလမ်းမကြီးမှ ကူးသန်း ရောင်းဝယ်မှု တဖန်နည်းပါး သွားခဲ့ပြန်သည် ။

အေဒီ ၁၃ – ရာစုတွင် မွန်ဂိုအင်ပါယာသည် တရုတ်ထိ ကျယ်ပြန့်လာပြီးနောက် သည်လမ်းမှ ကူးသန်း ရောင်းဝယ်မှုပြန်လည်ထွန်းကားလာခဲ့ပြန်သည် ။

၁၂၇၁ ခုနှ စ်အချိန်က ဗင်းနစ်မြို့သား မာကိုပိုလိုသည် ဤ ပိုးလမ်းမတလျှောက် ခရီးသွားခဲ့ပြီး တရုတ် နှင့် မြန်မာနိင်ငံ ပုဂံဒေသသို့ ရောက်ရှိခဲ့သည်ဟု မှတ်တမ်းများမှ ဆိုသည် ။

(တချို့ကတော့ မာကိုပိုလိုသည် ပုဂံသို့ မရောက်ခဲ့ဟု ဆိုကြသည်) ။ ထိုအချိန်က မာကိုပိုလို၏ ခရီးသွား မှတ်တမ်းသည် ဥရောပတွင် အလွန်ကျော်ကြားခဲ့သည်။

အေဒီ ၁၅ – ရာစုတွင် ဥရောပမှ အာရှ သို့သွားသည့် ရေလမ်းခရီးကို တွေ့ရှိပြီးနောက် ပိုးလမ်းမတလျှောက် ကန္တာရ ခရီးသွား ကုန်သွယ်မှုများ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည် ။

Takla Makan Desert

တရုတ်နိင်ငံအနောက်မြောက်ဒေသမှ ပိုးလမ်းမတလျှောက်ရှိ Takla Makan ကန္တာရအမည် ဖြစ်သည် ။ ကန္တာရ ခရီးသွားများသည် ကုလားအုပ် ၊ မြင်း နှင့် မြည်း စသည့်တိရစ္ဆာန်များကို ကုန်စည် သယ်ဆောင်ရန် အသုံးပြုကြသည် ။

ယနေ့ပိုးလမ်းမ

ပိုးလမ်းမသည် ယနေ့အချိန်တွင် ကုန်သွယ်လမ်းကြောင်း အနေဖြင့် အရေးပါမှု မရှိတော့သော်လည်း ရှေးခေတ်အချိန်က ခရီးသွားများ ရပ်နား နေထိုင်ခဲ့ရာနေရာများ ၊ ဂူနံရံပန်းချီကားများ ၊ ရှေးခေတ် ဗိသုကာ လက်ရာများစွာ ကျန်ရှိနေဆဲဖြစ်သည်။

ထိုနေရာများသည် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် တည်ရှိပြီး ထင်ရှားသည့် ခရီးသွားများအား ဆွဲဆောင်ရာနေရာ ဖြစ်သည် ။

သို့သော် တရုတ်နိင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး နှင့်အတူ ခေတ်သစ်ပိုးလမ်းမ ကုန်သွယ်ရေးသည်လည်း တဖန်ပြန်လည် နိုးကြားလာခဲ့ကြသည် ။

ပိုးလမ်းမ အသစ်များကိုလဲ ချဲ့ထွင်ရန် စဉ်းစားလာခဲ့ကြသည် ။

နောက်ဆုံး ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် စီမံကိန်းများကို နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

ရေးသားသူ – Academy

𝐶𝑟𝑒𝑑𝑖𝑡:𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑊𝑟𝑖𝑡𝑒𝑟

Zawgyi ဖြင့် ဖတ်ရန်

တစ္ခ်ိန္က နာမည္ေက်ာ္ၾကား ထင္ရွားခဲ့တဲ့ သမိုင္းဝင္ ပိုးလမ္းမႀကီး ဆိုသည္မွာ

ဘီစီ ၂ – ရာစု အခ်ိန္ခန္႔မွစ၍ အာရွ ရွိ တ႐ုတ္ ႏွင့္ ဥေရာပရွိ ေရာမတို႔အၾကား ကူးသန္းေရာင္းဝယ္မႈျပဳလုပ္ခဲ့ရာ အရွည္ မိုင္ – ၄၀၀၀ ေက်ာ္ရွိသည့္ ေရွးေခတ္ ခရီးသြားလမ္းေၾကာင္းျဖစ္သည္ ။

ပိုးလမ္းမသည္ လမ္းေၾကာင္းကြန္ယက္ မ်ားစြာရွိၿပီး တ႐ုတ္ႏွင့္ ေရာမေဒသကို ဆက္သြယ္ထားသည္ ။

တ႐ုတ္နိင္ငံမွ ထြက္ရွိရာ အဝတ္အထည္မ်ား ၊ ပိုးထည္မ်ားကို ကူးသန္း ေရာင္းဝယ္ခဲ့သျဖင့္ Silk Road ဟု အမည္ေက်ာ္သည္ ။

၁၅ – ရာစုေနာက္ပိုင္း ဥေရာပ မွ အာရွ သို႔ သြားေရာက္သည့္ ေရလမ္းခရီးကို ေတြ႕ရွိၿပီးေနာက္ Silk Road ေခၚပိုးလမ္းမ မွ ကုန္သြယ္မႈသည္လည္း တျဖည္းျဖည္းေပ်ာက္ကြယ္သြားခဲ့သည္ ။

လမ္းေၾကာင္းမ်ား

ဘီစီ ၂ – ရာစု တ႐ုတ္၏ Han dynasty ေခတ္ အစ အခ်ိန္က ဤလမ္းေၾကာင္းသည္ ကူးသန္း ေရာင္းဝယ္ေရး လမ္းေၾကာင္း မဟုတ္ဘဲ တ႐ုတ္ေျမာက္ပိုင္းမွ က်ဴးေက်ာ္သူမ်ားကို ခ်ီတက္ တိုက္ခိုက္ ရာလမ္းေၾကာင္းသာျဖစ္သည္ ။

Han dynasty ေခတ္ ခိုင္ၿမဲလာၿပီးေနာက္ ကူးသန္းေရာင္းဝယ္ေရး လမ္းေၾကာင္းမ်ားေပၚထြန္းလာခဲ့သည္ ။

Silk Road တြင္ အဓိကလမ္းေၾကာင္းမ်ားစြာ ပါဝင္သည္ ။ အလြန္ၾကမ္းတမ္းတဲ့ ရာသီဥတု ရွိရာေဒသမ်ား ၊ ကႏၲာရမ်ားကို ျဖတ္ေက်ာ္ ရသျဖင့္ ခရီးသြားအမ်ားစု မွာ ကုလားအုပ္မ်ား ၊ ျမင္းမ်ားကို အသုံးျပဳၿပီးသြားလာၾကသည္ ။

ယဥ္ေက်းမႈ ႏွင့္ အႏုပညာ ပ်ံ႕ႏွံ႔လာရာလမ္းေၾကာင္း

ဤလမ္းေၾကာင္းမွတဆင့္ တ႐ုတ္နိင္ငံ၏ စီးပြားေရး ၊ ႏိုင္ငံေရး ၊ ယဥ္ေက်းမႈ ၊ အေျပာင္းလဲမ်ား ရာစုႏွစ္ေပါင္းမ်ားစြာ ျဖစ္ေပၚေစခဲ့သည္ ။

ဘီစီ ၆ – ရာစုအခ်ိန္က အိႏၵိယ ေျမာက္ပိုင္းမွ စတင္ခဲ့သည့္ ဗုဒၶဘာသာ အယူဝါဒမ်ားသည္လည္း ေအဒီ ၁ – ရာစုအခ်ိန္တြင္ ဤလမ္းေၾကာင္းမွတဆင့္ တ႐ုတ္နိင္ငံသို႔ ပ်ံ႕ႏွံ႔လာခဲ့သည္ ။

ထိုအခါ တ႐ုတ္တို႔၏ အေဆာက္အဦး ပုံစံမ်ားမွာ ဗုဒြဘုရားေက်ာင္းစတိုင္မ်ား ျဖစ္လာကာ ႐ုပ္ထုမ်ား ၊ ပန္းခ်ီကားမ်ား မွာလည္း ဗုဒၶယဥ္ေက်းမႈ အေငြ႕ အသက္မ်ား ပ်ံႏွံ႔လာခဲ့သည္ ။

ေအဒီ ၃ – ရာစု Han dynasty ေခတ္က်ဆုံးၿပီးေနာက္ ပိုးလမ္းမႀကီးသည္လည္း ကူးသန္းေရာင္းဝယ္မႈ နည္းသြားခဲ့ၿပီး ေအဒီ ၇- ရာစု Tang dynasty လက္ထက္တြင္ ျပန္လည္ထြန္းကားလာခဲ့သည္ ။

ေအဒီ ၆ – ရာစု အခ်ိန္က ခရီးသြားမ်ားသည္ ပိုးလမ္းမႀကီးတေလွ်ာက္ခရီးသြားလာရင္း ဂူ နံရံမ်ားတြင္ ပန္းခ်ီကားမ်ား ေရးဆြဲခဲ့ၾကသည္ ။ ထိုနံရံပန္းခ်ီကားမ်ားမွာ ယေန႔အခ်ိန္တြင္ World Heritage Site အျဖစ္ တည္ရွိသည္ ။

Caravan on the Silk Road

ေအဒီ ၆ – ရာစုအခ်ိန္ကေရးဆြဲခဲ့သည့္ ပိုးလမ္းမတေလွ်ာက္ရွိ ဂူနံရံမွ ပန္းခ်ီကားမ်ား ျဖစ္သည္ ။ ထိုနံရံပန္းခ်ီကားမ်ားကိုဂူေပါင္း ၄၂၀ – ခန္႔တြင္ေတြ႕ရွိရၿပီး အမ်ားစုမွာ တ႐ုတ္နိင္ငံ Gansu ခ႐ိုင္ Dunhuang ေဒသတြင္ေတြ႕ရွိရသည္ ။

၁၉၈၇ – အခ်ိန္က ထိုဂူမ်ားအား ကမ ၻာ့ ကုလသမဂၢ ယူနက္စကိုအဖြဲ႕၏ World Heritage Site အျဖစ္ သတ္မွတ္ခဲ့သည္ ။

Tang dynasty ေခတ္တြင္ ကူးသန္းေရာင္းဝယ္မႈ အလြန္ထြန္းကားခဲ့ၿပီး အာရွ အလယ္ပိုင္းမွ အစၥလမ္၊ ပါရွန္ ယဥ္ေက်းမႈမ်ား ၊ ဂီတ အႏုပညာမ်ား တ႐ုတ္ျပည္သူမ်ားအေပၚ မ်ားစြာပ်ံႏွံ႔လာခဲ့သည္ ။

ေအဒီ ၁၀ – ရာစုတြင္ Tang dynasty ေခတ္က်ဆုံးၿပီး ပိုးလမ္းမႀကီးမွ ကူးသန္းေရာင္းဝယ္မႈ တဖန္နည္းပါး သြားခဲ့ျပန္သည္ ။

ေအဒီ ၁၃ – ရာစုတြင္ မြန္ဂိုအင္ပါယာသည္ တ႐ုတ္ထိ က်ယ္ျပန္႔လာၿပီးေနာက္ သည္လမ္းမွ ကူးသန္း ေရာင္းဝယ္မႈျပန္လည္ထြန္းကားလာခဲ့ျပန္သည္ ။

၁၂၇၁ ခုႏွ စ္အခ်ိန္က ဗင္းနစ္ၿမိဳ႕သား မာကိုပိုလိုသည္ ဤ ပိုးလမ္းမတေလွ်ာက္ ခရီးသြားခဲ့ၿပီး တ႐ုတ္ ႏွင့္ ျမန္မာနိင္ငံ ပုဂံေဒသသို႔ ေရာက္ရွိခဲ့သည္ဟု မွတ္တမ္းမ်ားမွ ဆိုသည္ ။

(တခ်ိဳ႕ကေတာ့ မာကိုပိုလိုသည္ ပုဂံသို႔ မေရာက္ခဲ့ဟု ဆိုၾကသည္) ။ ထိုအခ်ိန္က မာကိုပိုလို၏ ခရီးသြား မွတ္တမ္းသည္ ဥေရာပတြင္ အလြန္ေက်ာ္ၾကားခဲ့သည္။

ေအဒီ ၁၅ – ရာစုတြင္ ဥေရာပမွ အာရွ သို႔သြားသည့္ ေရလမ္းခရီးကို ေတြ႕ရွိၿပီးေနာက္ ပိုးလမ္းမတေလွ်ာက္ ကႏၲာရ ခရီးသြား ကုန္သြယ္မႈမ်ား တျဖည္းျဖည္းေပ်ာက္ကြယ္သြားခဲ့သည္ ။

Takla Makan Desert

တ႐ုတ္နိင္ငံအေနာက္ေျမာက္ေဒသမွ ပိုးလမ္းမတေလွ်ာက္ရွိ Takla Makan ကႏၲာရအမည္ ျဖစ္သည္ ။ ကႏၲာရ ခရီးသြားမ်ားသည္ ကုလားအုပ္ ၊ ျမင္း ႏွင့္ ျမည္း စသည့္တိရစာၦန္မ်ားကို ကုန္စည္ သယ္ေဆာင္ရန္ အသုံးျပဳၾကသည္ ။

ယေန႔ပိုးလမ္းမ

ပိုးလမ္းမသည္ ယေန႔အခ်ိန္တြင္ ကုန္သြယ္လမ္းေၾကာင္း အေနျဖင့္ အေရးပါမႈ မရွိေတာ့ေသာ္လည္း ေရွးေခတ္အခ်ိန္က ခရီးသြားမ်ား ရပ္နား ေနထိုင္ခဲ့ရာေနရာမ်ား ၊ ဂူနံရံပန္းခ်ီကားမ်ား ၊ ေရွးေခတ္ ဗိသုကာ လက္ရာမ်ားစြာ က်န္ရွိေနဆဲျဖစ္သည္။

ထိုေနရာမ်ားသည္ ေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမအျဖစ္ တည္ရွိၿပီး ထင္ရွားသည့္ ခရီးသြားမ်ားအား ဆြဲေဆာင္ရာေနရာ ျဖစ္သည္ ။

သို႔ေသာ္ တ႐ုတ္နိင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္လာသည့္ စီးပြားေရး ႏွင့္အတူ ေခတ္သစ္ပိုးလမ္းမ ကုန္သြယ္ေရးသည္လည္း တဖန္ျပန္လည္ ႏိုးၾကားလာခဲ့ၾကသည္ ။ ပိုးလမ္းမ အသစ္မ်ားကိုလဲ ခ်ဲ႕ထြင္ရန္ စဥ္းစားလာခဲ့ၾကသည္ ။

ေနာက္ဆုံး ရပ္ဝန္းတစ္ခု လမ္းေၾကာင္းတစ္သြယ္ စီမံကိန္းမ်ားကို ႏိုင္ငံတကာႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္မည့္ အစီအစဥ္မ်ားကိုလည္း ခ်ိတ္ဆက္ ေဆာင္႐ြက္လ်က္ရွိသည္။

ေရးသားသူ – Academy

𝐶𝑟𝑒𝑑𝑖𝑡:𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑊𝑟𝑖𝑡𝑒𝑟

Be the first to comment

Leave a Reply

Your email address will not be published.


*