တစ်ချိန်က သ.တ်ကွင်းဖြစ်ခဲ့တဲ့ ကော်လိုဆီယမ် လူသ.တ်ဇာတ်ရုံ အဆောက်အအုံကြီး

တစ်ချိန်က သတ်ကွင်းဖြစ်ခဲ့တဲ့ Colosseum လူသတ်ဇာတ်ရုံကြီး အကြောင်း

ကော်လိုဆီယမ်ဆိုတာ အီတလီ ရောမမြို့ရဲ့ အလယ်ခေါင်မှာ ရှိတဲ့ ဧရာမ ကဇာတ်ရုံကြီး ဖြစ်ပါတယ်။ သူ့ကို Flavian ကဇာတ်ရုံလို့လည်းခေါ်ကြပါတယ်။ ရောမ Flavian မင်းဆက်မှာ တည်ဆောက်ခဲ့လို့ ဖြစ်ပါတယ်။

နီရိုးဘုရင်ကြီးရဲ့ကြေးရုပ်တု (Colossus of Nero) အနီးမှာ ဆောက်ခဲ့တဲ့ ဇာတ်ရုံ ဖြစ်တာကြောင့် Colosseum ဆိုတဲ့ နာမည် ဖြစ်လာပါတယ်။

ဒီဇာတ်ရုံကြီးကို အေဒီ ၇၂ ခုနှစ် ဘုရင် Vespasian လက်ထက်မှာ တည်ဆောက်ခဲ့ပြီး သူ့ရဲ့သား Titus လက်ထက် အေဒီ ၈၁ ခုနှစ် ( ၉ နှစ် အကြာ) မှာ ပြီးစီးခဲ့ပါတယ်။

ဒီလို တည်ဆောက်တဲ့ နေရာမှာ ဂျူးလူမျိုး အစေခံ ၆ သောင်းခန့်ကို သုံးခဲ့ပါတယ်။

ကျောက်တုံးနဲ့ ကွန်ကရစ်ကိုသုံးကာ တည်ဆောက်ခဲ့တဲ့ ဇာတ်ရုံကြီးဖြစ်ပြီး ဆောက်ခဲ့သမျှ ရှေးဟောင်း ကွန်ကရစ် ဇာတ်ရုံတွေထဲမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။

မြေဧက ၆ ဧက ပေါ်မှာ ဆောက်လုပ်ထားတဲ့ ဇာတ်ရုံကြီးရဲ့ ပုံစံဟာ ဘဲဥပုံသဏ္ဍာန် ရှိပြီး အမိုးမပါပဲ ထိုင်ခုံတန်းများကို အဝိုင်းအဆင့်ဆင့်နဲ့ တည်ဆောက်ထားခဲ့ပါတယ်။

လူပေါင်း ၅ သောင်းကနေ ၈သောင်းအထိ ဆန့်တဲ့ ဇာတ်ရုံကြီး ဖြစ်ပါတယ်။

ဇာတ်ရုံဟု ဆိုပေမယ့် ဇာတ်ပွဲတွေပြတာ မဟုတ်ဘဲ တိုက်ခိုက်ပွဲ သတ်ဖြတ်ပွဲတွေ ပြုလုပ်တာ ဖြစ်ပါတယ်။

စစ်သည် ၊ သုံ့ပန်း ၊ တိရစ္ဆာန်များဟာ တစ်ဦးချင်း ၊ အုပ်စုလိုက် စသည့်ဖြင့် သတ်ဖြတ်သည့်ပွဲ ၊ လူကို ခြင်္သေ့စာ ကျွေးပွဲတွေကို ကြည့်ရှုသူတွေက အားပေးကြတာ ဖြစ်ပါတယ်။

 

ဒီလို တိုက်ပွဲတွေဟာ အဲဒီခေတ်က အပန်းဖြေ ကြည့်ရှု့စရာ ဖြစ်ခဲ့ပါတယ်။

အများအားဖြင့် ကျွန်တွေကို အမြဲ လေ့ကျင့်စေကာ လက်နက်ကိရိယာ အမျိုးမျိုးနဲ့ တိုက်ခိုက်စေတာ ဖြစ်ပါတယ်။

ကျွန်တွေကို သူဌေးကြီးတွေ ၊ အရာရှိကြီးတွေက ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲမှာ နိုင်တဲ့ကျွန်ဟာ သူတို့ရဲ့ဂုဏ်ကို တက်စေပါတယ်။

ဒီလိုတိုက်ပွဲတွေမှာ တစ်ယောက်ယောက်က လဲကျသွားပြီး အရှုံးပေးရုံနဲ့ ပွဲပြီးလေ့ မရှိပါဘူး။

အဲလိုအခါမျိုးမှာ ပရိသတ်က သတ်ဖြတ်ဖို့ တောင်းဆိုလေ့ရှိပြီး အနိုင်ရရှိသူဟာ မသတ်ချင်သည့်တိုင်အောင် လဲကျနေသူကို သတ်ဖြတ်ပြရပါတယ်။

တကယ်လို့ မသတ်ဘဲ လွှတ်ပေးပါက အနိုင်ရပေမယ့် ပရိသတ်ရဲ့အားပေးမှုကို မရဘဲ လှောင်ပြောင်မှုတွေကိုသာ ရမှာ ဖြစ်ပါတယ်။

အနိုင်ရသူက မသတ်ဖြတ်ပေမယ့် ရှုံးနိမ့်သူ အသက်ရှင်ဖို့ အခွင့်အလမ်းက နည်းပါးပြီး သူ့ရဲ့ကံကြမ္မာဟာ သခင်က သတ်မသတ် အပေါ်မှာ မူတည်ပါတယ်။

ဒီဇာတ်ရုံကြီးမှာ ကျွန်တွေနဲ့ တိရစ္ဆာန်တွေကို ထားတဲ့ နေရာတွေကိုလည်းထည့်သွင်းထားပြီး ယနေ့တိုင် မြင်တွေ့နိုင်ပါသေးတယ်။

တိုက်ခိုက် သတ်ဖြတ်ပွဲများကို နှစ်ပေါင်း ၃၉၀ ခန့်ကြာအောင် ဘုရင်အဆက်ဆက်က အစဉ်အလာတစ်ခုလို ကျင်းပခဲ့ပြီး ဒီကွင်းကြီးမှာ သေဆုံးခဲ့သူပေါင်းဟာ ၄ သိန်းထက်မနည်း ရှိခဲ့ပြီး ၊ တိရစ္ဆာန်ပေါင်းလည်း သိန်းနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

 

လူနေမှုစနစ် နဲ့ အတွေးအခေါ်များ မြင့်တက်လာပြီး ခေတ်အလယ်ပိုင်း ရောက်တဲ့အခါမှာတော့ သတ်ဖြတ်ပွဲတွေကို ဒီကွင်းကြီးထဲမှာ မလုပ်တော့ပဲ ပုံမှန် ဖျော်ဖြေပွဲနဲ့ ဘာသာရေးပွဲများသာ ပြုလုပ်တော့ပါတယ်။

ငလျှင်ဒဏ်နဲ့ ကျောက်တုံးများခိုးယူဖျက်စီးသူများကြောင့် ယခုအခါမှာ မူလဇာတ်ရုံရဲ့ သုံးပုံ နှစ်ပုံသာ ကျန်ပါတော့တယ်။

ယနေ့တိုင် အထင်ရှားဆုံး ရှေးဟောင်း ကဇာတ်ရုံတစ်ရုံအဖြစ် ရပ်တည်နေပြီး ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တစ်ခုအဖြစ်သတ်မှတ်ထားခံရကာ နှစ်စဉ် ကမ္ဘာလှည့် ခရီးသွားပေါင်း သန်းချီပြီး လာရောက်လေ့ ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

CRD – THUTA ZONE

share & photo crea – Sooth

Zawgyi ဖြင့် ဖတ်ရန်

တစ္ခ်ိန္က သတ္ကြင္းျဖစ္ခဲ့တဲ့

Colosseum လူသတ္ဇာတ္႐ုံႀကီးအေၾကာင္း

ေကာ္လိုဆီယမ္ဆိုတာ အီတလီ ေရာမၿမိဳ႕ရဲ႕ အလယ္ေခါင္မွာ ရွိတဲ့ ဧရာမ ကဇာတ္႐ုံႀကီး ျဖစ္ပါတယ္။ သူ႔ကို Flavian ကဇာတ္႐ုံလို႔လည္းေခၚၾကပါတယ္။ ေရာမ Flavian မင္းဆက္မွာ တည္ေဆာက္ခဲ့လို႔ ျဖစ္ပါတယ္။

နီ႐ိုးဘုရင္ႀကီးရဲ႕ေၾကး႐ုပ္တု (Colossus of Nero) အနီးမွာ ေဆာက္ခဲ့တဲ့ ဇာတ္႐ုံ ျဖစ္တာေၾကာင့္ Colosseum ဆိုတဲ့ နာမည္ ျဖစ္လာပါတယ္။

ဒီဇာတ္႐ုံႀကီးကို ေအဒီ ၇၂ ခုႏွစ္ ဘုရင္ Vespasian လက္ထက္မွာ တည္ေဆာက္ခဲ့ၿပီး သူ႔ရဲ႕သား Titus လက္ထက္ ေအဒီ ၈၁ခုႏွစ္ (၉ႏွစ္အၾကာ) မွာ ၿပီးစီးခဲ့ပါတယ္။

ဒီလို တည္ေဆာက္တဲ့ေနရာမွာ ဂ်ဴးလူမ်ိဳး အေစခံ ၆ ေသာင္းခန္႔ကို သုံးခဲ့ပါတယ္။ ေက်ာက္တုံးနဲ႔ ကြန္ကရစ္ကိုသုံးကာ တည္ေဆာက္ခဲ့တဲ့ ဇာတ္႐ုံႀကီးျဖစ္ၿပီး ေဆာက္ခဲ့သမွ်ေရွးေဟာင္း ကြန္ကရစ္ ဇာတ္႐ုံေတြထဲမွာ အႀကီးဆုံးလည္း ျဖစ္ပါတယ္။

ေျမဧက ၆ ဧက ေပၚမွာ ေဆာက္လုပ္ထားတဲ့ ဇာတ္႐ုံႀကီးရဲ႕ ပုံစံဟာ ဘဲဥပုံသ႑ာန္ ရွိၿပီး အမိုးမပါပဲ ထိုင္ခုံတန္းမ်ားကို အဝိုင္းအဆင့္ဆင့္နဲ႔ တည္ေဆာက္ထားခဲ့ပါတယ္။ လူေပါင္း ၅ ေသာင္းကေန ၈ေသာင္းအထိ ဆန္႔တဲ့ ဇာတ္႐ုံႀကီး ျဖစ္ပါတယ္။

ဇာတ္႐ုံဟု ဆိုေပမယ့္ ဇာတ္ပြဲေတြျပတာ မဟုတ္ဘဲ တိုက္ခိုက္ပြဲ သတ္ျဖတ္ပြဲေတြ ျပဳလုပ္တာ ျဖစ္ပါတယ္။ စစ္သည္ ၊ သုံ႔ပန္း ၊ တိရစာၦန္မ်ားဟာ တစ္ဦးခ်င္း ၊ အုပ္စုလိုက္ စသည့္ျဖင့္ သတ္ျဖတ္သည့္ပြဲ ၊ လူကို ျခေသၤ့စာ ေကြၽးပြဲေတြကို ၾကည့္ရႈသူေတြက အားေပးၾကတာ ျဖစ္ပါတယ္။

ဒီလို တိုက္ပြဲေတြဟာ အဲဒီေခတ္က အပန္းေျဖ ၾကည့္ရႈ႕စရာ ျဖစ္ခဲ့ပါတယ္။ အမ်ားအားျဖင့္ ကြၽန္ေတြကို အၿမဲ ေလ့က်င့္ေစကာ လက္နက္ကိရိယာ အမ်ိဳးမ်ိဳးနဲ႔ တိုက္ခိုက္ေစတာ ျဖစ္ပါတယ္။ ကြၽန္ေတြကို သူေဌးႀကီးေတြ ၊ အရာရွိႀကီးေတြက ပိုင္ဆိုင္ထားၿပီး ၿပိဳင္ပြဲမွာ ႏိုင္တဲ့ကြၽန္ဟာ သူတို႔ရဲ႕ဂုဏ္ကို တက္ေစပါတယ္။

ဒီလိုတိုက္ပြဲေတြမွာ တစ္ေယာက္ေယာက္က လဲက်သြားၿပီး အရႈံးေပး႐ုံနဲ႔ ပြဲၿပီးေလ့ မရွိပါဘူး။ အဲလိုအခါမ်ိဳးမွာ ပရိသတ္က သတ္ျဖတ္ဖို႔ ေတာင္းဆိုေလ့ရွိၿပီး အႏိုင္ရရွိသူဟာ မသတ္ခ်င္သည့္တိုင္ေအာင္ လဲက်ေနသူကို သတ္ျဖတ္ျပရပါတယ္။

တကယ္လို႔ မသတ္ဘဲ လႊတ္ေပးပါက အႏိုင္ရေပမယ့္ ပရိသတ္ရဲ႕အားေပးမႈကို မရဘဲ ေလွာင္ေျပာင္မႈေတြကိုသာ ရမွာ ျဖစ္ပါတယ္။ အႏိုင္ရသူက မသတ္ျဖတ္ေပမယ့္ ရႈံးနိမ့္သူ အသက္ရွင္ဖို႔ အခြင့္အလမ္းက နည္းပါးၿပီး သူ႔ရဲ႕ကံၾကမၼာဟာ သခင္က သတ္မသတ္ေပၚမွာ မူတည္ပါတယ္။

ဒီဇာတ္႐ုံႀကီးမွာ ကြၽန္ေတြနဲ႔ တိရစာၦန္ေတြကို ထားတဲ့ ေနရာေတြကိုလည္းထည့္သြင္းထားၿပီး ယေန႔တိုင္ ျမင္ေတြ႕ႏိုင္ပါေသးတယ္။

တိုက္ခိုက္ သတ္ျဖတ္ပြဲမ်ားကို ႏွစ္ေပါင္း ၃၉၀ ခန္႔ၾကာေအာင္ ဘုရင္အဆက္ဆက္က အစဥ္အလာတစ္ခုလို က်င္းပခဲ့ၿပီး ဒီကြင္းႀကီးမွာေသဆုံးခဲ့သူေပါင္းဟာ ၄သိန္းထက္မနည္း ရွိခဲ့ၿပီး ၊ တိရစာၦန္ေပါင္းလည္း သိန္းနဲ႔ခ်ီၿပီး သတ္ျဖတ္ခံခဲ့ရပါတယ္။

လူေနမႈစနစ္ နဲ႔ အေတြးအေခၚမ်ား ျမင့္တက္လာၿပီး ေခတ္အလယ္ပိုင္းေရာက္တဲ့အခါမွာေတာ့ သတ္ျဖတ္ပြဲေတြကို ဒီကြင္းႀကီးထဲမွာ မလုပ္ေတာ့ပဲ ပုံမွန္ ေဖ်ာ္ေျဖပြဲနဲ႔ ဘာသာေရးပြဲမ်ားသာ ျပဳလုပ္ေတာ့ပါတယ္။

ငလွ်င္ဒဏ္နဲ႔ ေက်ာက္တုံးမ်ားခိုးယူဖ်က္စီးသူမ်ားေၾကာင့္ ယခုအခါမွာ မူလဇာတ္႐ုံရဲ႕ သုံးပုံ ႏွစ္ပုံသာ က်န္ပါေတာ့တယ္။

ယေန႔တိုင္ အထင္ရွားဆုံး ေရွးေဟာင္း ကဇာတ္႐ုံတစ္႐ုံအျဖစ္ ရပ္တည္ေနၿပီး ယူနက္စကိုရဲ႕ ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္ တစ္ခုအျဖစ္သတ္မွတ္ထားခံရကာ ႏွစ္စဥ္ ကမာၻလွည့္ ခရီးသြားေပါင္း သန္းခ်ီၿပီး

လာေရာက္ေလ့ရွိတဲ့ ေနရာလည္း ျဖစ္ပါတယ္။

CRD – THUTA ZONE

share & photo crea – Sooth

Be the first to comment

Leave a Reply

Your email address will not be published.


*