မလွဲတမ်းမှန်အောင် ဟောနိုင်တဲ့ ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရို ဆိုသည်မှာ

🖐🕸 မလွဲတမ်းမှန်အောင် ဟောနိုင်တဲ့ ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရို ဆိုသည်မှာ 🕸🖐

မစ္စက် ဟယ်လင်နာ ဘလာဗက်စကီး က သူ့ကို လောကီပညာရပ်များ တတ်ကျွမ်းမှုကြောင့် ကျော်ကြားခဲ့သည့် အီတလီနိုင်ငံမှ မြို့စားကြီး ကာဂလီယိုစထရို ၀င်စားသူ ဟုဆိုသည်။

“Anthroposophicel” အသင်းကို စတင် တည်ထောင်ခဲ့သူ ဒေါက်တာ ရူးဒေါ့စတိန်နာကမူ သူ့ကို နောက်ထပ်ပေါ်ပေါက်လာသည့် အကြားအမြင်ဆရာတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

အော်စကာဝိုင်း ၏ အဆိုအရမူ သူသည် လူသားတို့အကြောင်း ပြောကြားရာတွင် အမှား၊အမှန်များကို ဟောသူ မဟုတ်။ လူသားတို့အတွက် အနာဂတ် လျို့ဝှက်ချက်ကို ဖော်ထုတ်သူ ဖြစ်သည်ဟု ဆိုလေသည်။

“သူ” ဟူသည်ကား နာမည်ကျော် လက္ခဏာဆရာကြီး ကိုင်ရို (Cherio) ပင် ဖြစ်သည်။ “Cherio”သည် ဂရိဘာသာစကား ဖြစ်ပြီး လက်ဖဝါး(Palm)ဟု အဓိပ္ပာယ် ရလေသည်။

လက္ခဏာ ပညာရပ်ကို အံ့သြလောက်အောင် တတ်ကျွမ်းနားလည်သူ ဟု ဆိုရလောက်သဖြင့် သူ့အမည်မှာ လူ့၀စ်နားဝါး မှ ကိုင်ရို (Cherio) လက်ဖဝါးဟု ခေါ်ကြခြင်း ဖြစ်သည်။

ကိုင်ရိုသည် ၁၈၆၂ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံ မိသ် ကောင်တီ တွင် မွေးဖွားခဲ့သည်။

သူ စာဖတ်တတ်၊ ရေးတတ်သည့် အရွယ်မှစ၍ လက္ခဏာပညာရပ်ကို စတင် လေ့လာခဲ့သည်။

ထိုအချိန်ကပင် ကျောင်း အားလပ်ရက်များ၌ အနီးအနားရှိ လူများကို လက္ခဏာ ကြည့်ပေးခဲ့သည်။ ထို့နောက် လန်ဒန်မြို့တွင် အနုပညာရပ်များ လေ့လာပြီး ဇာတ်ခုံပေါ်တွင် တက်ရောက် သရုပ်ဆောင်ခဲ့သည်။

ငယ်စဉ်ကပင် ရုပ်ရည် ပြေပြစ် ချောမောသူ တစ်ယောက်လည်း ဖြစ်သည်။

အသက် ၁၁ နှစ် အရွယ်ကတည်းကလက္ခဏာဖတ်ခြင်း ပညာရပ်ကို စွဲလမ်းခဲ့သော ကိုင်ရိုသည် အသက် ၂၀ အရောက်တွင် ရောမသို့သွားရောက်ကာ ဗာတီကန်ပိဋကတ်တိုက်မှ ရှားပါးသော လက္ခဏာပညာရပ်များကို လေ့လာ ဖတ်ရှု့ခွင့် ရခဲ့သည်။

ထို့နောက် ကိုင်ရိုက သူ မကြာမီအင်္ဂလန်မှ ထွက်ခွာသွားတော့မည်။ အိန္ဒိယနှင့် အီဂျစ်ပြည်သို့ ကာလကြာမြင့်စွာ သွားရောက်ပြီး Black Arts ခေါ်သည့် နက်နဲ ဆန်းကြယ်လှသော ဂမ္ဘီရ ပညာရပ်များကိုသွားရောက်လေ့လာမည်ဟု သူ၏ ဇာတ်ကဖက်အမျိုးသမီးတစ်ယောက်ကို ပြောသွားခဲ့သည်။

ထိုအချိန်က သူ့အမည်မှာ ကိုင်ရိုဟု မကျော်ကြားသေးပဲ မူလနာမည် လူး၀စ်နားဝါးဟုသာ အများက သိကြသည်။ အိန္ဒိယမှ ဗြဟ္မဏ လူမျိုးများထံမှ လက္ခဏာဆိုင်ရာ ပညာရပ်များကို အတွင်းကျကျ ဆက်လက်ဆည်းပူးခဲ့သည်။

နားဝါးဘ၀မှ ကိုင်ရိုဘ၀ ရောက်သည့်အခါ လက္ခဏာ သာမက အကြားအမြင်ဖြင့် ဟောပြောသူ ဟူ၍ နာမည်ရလာသည်။

အင်္ဂလန်နိုင်ငံသို့ ပြန်ရောက်သည့်အခါ အကျဉ်းကျသူများ ဆေးရုံတက်သူများ နှင့် အခြားလူများကို ဟောပြောခဲ့ဘူးသည်။

အကျဉ်းကျသူများကို ဟောပြောရာတွင် ကိုင်ရို၏ ပညာရပ်ကို လက်တွေ့ စမ်းသပ်ခဲ့သည်။

အကျဉ်းကျသူ လေးယောက်ကို ခေါင်းစွပ်များ စွပ်ခိုင်းထား၍ လက္ခဏာကြည့်ပြီး နောက်ဖြစ်မည့် ကိစ္စရပ်များကို အနီးစပ်ဆုံး ဟောစေသည်။

အကျဉ်းသား သုံးယောက်တို့အား အတိတ်နှင့် အနာဂတ်တို့ကို မှန်ကန်အောင် ဟောပြီး နောက်ဆုံးတစ်ယောက်ကိုမူ အတိတ်သာ ဟော၍ အနာဂတ်ကို ဆက်မဟောပေ။

ထိုအခါ သက်ဆိုင်ရာ က “အဘယ့်ကြောင့် ဆက်မဟောသနည်းဟု မေးရာ” အဖြေ မပေးပေ။ သုံးရက်မြောက်သောနေ့တွင် ထိုသူသည် အထက်မှ ကြိုးမိန့်ဖြင့် သေဒဏ် အပေးခံရရာ ကိုင်ရို၏ ဂုဏ်သတင်းသည် တဟုန်ထိုး နာမည် ကြီးသွားခဲ့သည်။

ထိုစဉ်က ကိုင်ရိုသည် လက္ခဏာပညာရပ် နှင့် ပတ်သက်ပြီး ပြိုင်ဘက်ကင်းသူ ဖြစ်လေသည်


“ကိုင်ရိုသည် ၁၉၁၄ ခုနှစ်တွင် ကမ္ဘာစစ်ကြီး စတင် ဖြစ်ပွားပြီး လေးနှစ်အကြာတွင် ကမ္ဘာစစ်ကြီးပြီးမည်” ဟုကြိုတင် ဟောပြောခဲ့သည်

ဗဟို အင်အားကြီး နိုင်ငံများနှင့် ရုရှားနိုင်ငံ ပြိုကွဲမည်ဟုလည်း ဆိုခဲ့သည်။ ထိုသို့ ဟောပြောသည့်အတိုင်းပင် ဖြစ်လာခဲ့ပေသည်။

ဝေလမင်းသားသည် အချစ်ရေး အရှုပ်အထွေးကြောင့် ထီးနန်းစွန့်ရမည် ဟု အတိအကျရေးသား ဟောပြောခဲ့သလို ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားမည်ကိုလည်း ကြိုတင် ဟောပြောခဲ့လေသည်။

အခြား အမှုအခင်းနှင့် ဖြစ်ရပ်ပေါင်းများစွာကိုလည်း မလွဲတမ်း ဟောနိုင်ခဲ့သူ ဖြစ်သည်။

ကိုင်ရိုက သူ့ထံသို့ လက္ခဏာလာကြည့်သည့် အသက်ကြီးကြီး သူတစ်ဦးအား “၁၈၉၄ ခုနှစ် ဇူလိုင်လအတွင်း ခင်ဗျားဟာ မိမိလုပ်ငန်းရဲ့အထွဋ်အထိပ်ကို ရောက်မယ်” ဟု ဟောရာ အဟောခံရသူက “ခင်ဗျား ဒီလောက်တောင် ဟောနိုင်ရင် ရောက်မယ့်နေ့အတိအကျ ကိုလည်း ထပ်ဟောပါဦး” ဟု ဆိုသည်။

ထို့ကြောင့် ကိုင်ရိုက “ကျွန်တော် မြင်သမျှ ဟောရရင် ၁၈၉၄ ခုနှစ် ဇူလိုင်လထဲက ၁ ဂဏန်းနဲ့ ဆိုင်တဲ့နေ့ပဲ ၊ ၁ ဂဏန်း ဆိုတာ ဘာပေါင်းပေါင်း ၁ ရတာပေါ့ ၊ ၁၊ ၁၀၊ ၁၉၊၂၈ ထဲက တစ်ရက်ပါ” ဟု ထပ်ဟောလိုက်လေသည်။ နောက် ၃နှစ်အကြာ ဇူလိုင်လ ၁၉ ရက်တွင် တရားရုံးတော်မှ အခေါ်လွှတ်သည်ဟု ဆိုကာ မင်းစေတစ်ဦးက ကိုင်ရိုအား လာရောက်ခေါ်ခဲ့သည်။

တရားရုံးသို့ လိုက်သွားသည့်အခါ လွန်ခဲ့သော ၃ နှစ်က သူဟောခဲ့သူမှာ တရားသူကြီးချုပ် ရာထူးကို နာရီပိုင်းအတွင်းကပင် လက်ခံခဲ့ပြီး ဖြစ်သည်ဟု သိလိုက်ရသည်။ အဲဒီနေ့က ၁၈၉၄ ခုနှစ် ဇူလိုင်လ ၁၉ရက်ဖြစ်သည်။

ကိုင်ရို၏ အဆိုအရ သူဟောပြောသည့်အခါတွင် သူ့စိတ်ကို ဖုံးလွှမ်းထားသည့် ကော့စမစ်လှိုင်းများကို တိုးမြှင့်လိုက်သည်။

ထိုအခါ သူ့စိတ်ကို မည်သည့်အရာကမှ မဟန့်တားနိုင်တော့။ ယင်း ကော့စမစ် လှိုင်းများမှတစ်ဆင့် စိတ်စွမ်းအင်များကို ထုတ်ယူသည်။

ယင်းလှိုင်းများသည် လူတိုင်းကို ၀န်းရံနေသည်။ ထိုလှိုင်းများမှ တစ်ဆင့် သူ့အသိဥာဏ်ကို ပိုပြီး ကောင်းစေသည်ဟု ပြောကြားခဲ့သည်။ အင်္ဂလန်နိုင်ငံမှ နာမည်ကျော်ရှေ့နေကြီး ဆာ အက်ဒွတ် မာရှယ်ဟောလ် သည် လူငယ်ဘ၀က ကိုင်ရိုနှင့် တွေ့ခဲ့ဖူးသည်။

ထိုစဉ်က ကိုင်ရိုက “ခင်ဗျားကို ရှေးဟောင်း အိမ်ကြီးတစ်အိမ်မှာ တွေ့မြင်နေရတယ်။ အိမ်ကြီးက ကြီးမားလှတဲ့ ဥယျာဉ်ကြီးထဲမှာ ရှိတယ်။ အချိန်က ညပိုင်း ဖြစ်တယ်။ လူအများအပြားက ခင်ဗျားကို ဝိုင်း၀န်း ချီးကျူးနေကြတယ်။ ပန်းပွင့်တွေ ဖြန့်ကြဲနေကြတယ်။ ခင်ဗျားအနီးမှာ ခင်ဗျားလောက်အရပ်မရှည်တဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့ရတယ်။ သူက လက်ကိုင်ပဝါအနီကို ဝှေ့ယမ်းနေတယ်” ဟု ပြောခဲ့သည်။

ထို့နောက် နောက် ၂၅ နှစ်အကြာတွင် ဆာအက်ဒွတ်သည် ပါလီမန်အမတ်အဖြစ် အရွေးခံရသည်။ ထိုသို့အရွေးခံရသည့်အတွက် ညတွင် ရှေးဟောင်း အင်္ဂလိပ်စံအိမ်ကြီး တစ်အိမ်၌ သူ့ကို ဂုဏ်ပြုသောအားဖြင့် ညစာစားပွဲကြီးကျင်းပခဲ့သည်။ ဂုဏ်သရေရှိ လူကြီးများက သူ့အား ပန်းများဖြင့် ကြဲဖြန့်နေကြသည်။

ထိုစဉ် ဆာအက်ဒွတ်သည် ကိုင်ရို၏ ဟောပြောချက်ကို သတိရပြီး သူ့ဇနီးကို လှမ်းကြည့်လိုက်ရာ သူ့ဇနီးက အဖြူရောင် လက် ကိုင်ပဝါကို ဝှေ့ယမ်းနေသည်။

ထိုအခါ ထုံးတမ်း အစဉ်အလာအရ အမတ်၏ ဇနီးသည် လက်ကိုင်ပဝါအနီကို ဝှေ့ယမ်းရသည်ဟု ဝိုင်းပြောကြရာ သူ့ဇနီး သည် အနီရောင်လက်ကိုင်ပဝါကို ပြောင်း၍ ဝှေ့ယမ်းသဖြင့် ဟောပြောချက် အပြည့်အ၀ မှန်ခဲ့သည်။

မြို့စားကြီး ဟာမွန်သည် ကိုင်ရိုနှင့်သာမက ကိုင်ရို၏ ဇနီး မစ်(စ်) ကာရိုးလွမ်းဘတ်နှင့်လည်း ရင်းနီးသူဖြစ်သည်။ မစ္စတာ ဟာမွန်၏ ပြောကြား ချက်အရ မစ်(စ်) လွမ်ဘတ်နှင့်ကိုင်ရို၏ မေတ္တာဇာတ်လမ်း ကလည်း စိတ်၀င်စားဖွယ် ဖြစ်သည်။

၁၉၁၁ တွင် လန်ဒန်မြို့ရှိ ကိုင်ရို၏ရုံးခန်း၌ မစ်(စ်) လွမ်ဘတ်သည် ကိုင်ရိုနှင့် တွေ့ခဲ့သည်။ ကိုင်ရိုထံ လက္ခဏာလာကြည့်ခြင်း ဖြစ်သည်။ကိုင်ရိုက လက္ခဏာ ကြည့်ရန် သူ့လက်ကို ဆွဲယူလိုက်စဉ်မှာပင် မစ်စ် လွမ်ဘတ်သည် ကိုင်ရိုကို ချစ်လိုက်သည်ဟု ဆိုသည်။

“ကိုင်ရိုက ခင်ဗျားဟာ ကြီးမားခက်ခဲတဲ့ လုပ်ငန်းကြီးတွေ လုပ်ရမယ်။ စိတ်မချမ်းမြေ့စရာတွေလည်း ကြုံရတတ်တယ်။ နောက်ဆုံးတော့ ပျော်ပျော်ရွှင်ရွှင် နေသွားရမှာပါ။

အိမ်ထောင်ပြုပြီးလို့ သားလေးမွေးတဲ့အခါ စိတ်ရောဂါရှိသူ ဖြစ်နိုင်တယ်။ ခင်ဗျားရဲ့ ခင်ပွန်းဟာလည်း နှစ်ပေါင်းများစွာ အိမ်က ပျောက်သွားပြီး သူပြန်လာချိန်ကို အချိန်အတော်ကြာအောင် စောင့်ရလိမ့်မယ်။ စသည်ဖြင့် ဟောလိုက်သည်။

မစ်စ် လွမ်ဘတ်က ပြန်ပြောလိုက်သောစကားမှာ ပွင့်လင်းလှသည်။ ” ရှင်ဟာ ကျွန်မ လက်ထပ်လိုတဲ့လူ ဖြစ်တယ်” ဟူ၏။ ထို့နောက် ၁၉၂၁ ခုနှစ်တွင် ကိုင်ရိုနှင့် မစ်စ်လွမ်ဘတ်တို့ လက်ထပ်ခဲ့သည်။

ထူးခြားချက် တစ်ခု ရှိသေးသည်။ ကိုင်ရိုသည် သူသေမည့်အချိန်ကို အတိအကျ ပြောနိုင်ခဲ့သည်။ သူသည် ဟောလိဝုဒ်ရှိ အိမ်ခန်းထဲ၌ မေ့မျောနေသည်။ ထိုစဉ် ရုတ်တရက် သူသတိပြန်ရလာသောအခါ “ကျွန်တော်သိပ်ပျော်တာပဲဗျာ ကျွန်တော့ဆရာနဲ့တွေ့တယ်ဗျ၊ ကျွန်တော် ကြာသပတေးနေ့ နံနက်သုံးနာရီ လေးဆယ့်ငါးမိနစ်မှာ သေမယ်လို့ ဆရာကပြောတယ်ဟု ကိုင်ရိုက မြည်တမ်းပြောပြလေသည်။

သူပြောသည့်အတိုင်းပင် ၁၉၃၆ ခုနှစ်အောက်တိုဘာ ၈ ရက် ကြာသပတေးနေ့ နံနက် ၃ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်ခဲ့သည်။ ကိုင်ရို၏ဇနီး မစ်စ်လွမ်ဘတ်မှာမူ ၁၉၄၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် လေယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့လေသည်။

တိုးထက် ၏ အံ့ဖွယ်ထူးခြား စိတ်နယ်လွန် ဖြစ်ရပ်ဆန်းများ စာအုပ်မှ
crd – သုတဇုန်
share & photo crea – Sooth

 

Zawgyi

🖐🕸 မလြဲတမ္းမွန္ေအာင္ ေဟာႏိုင္တဲ့ ကမာၻေက်ာ္ လကၡဏာဆရာႀကီး ကိုင္႐ို ဆိုသည္မွာ 🕸🖐

 

မစၥက္ ဟယ္လင္နာ ဘလာဗက္စကီး က သူ႔ကို ေလာကီပညာရပ္မ်ား တတ္ကြၽမ္းမႈေၾကာင့္ ေက်ာ္ၾကားခဲ့သည့္ အီတလီႏိုင္ငံမွ ၿမိဳ႕စားႀကီး ကာဂလီယိုစထ႐ို ၀င္စားသူ ဟုဆိုသည္။

 

“Anthroposophicel” အသင္းကို စတင္ တည္ေထာင္ခဲ့သူ ေဒါက္တာ ႐ူးေဒါ့စတိန္နာကမူ သူ႔ကို ေနာက္ထပ္ေပၚေပါက္လာသည့္ အၾကားအျမင္ဆရာတစ္ဦး ျဖစ္သည္ဟု ဆိုသည္။

 

ေအာ္စကာဝိုင္း ၏ အဆိုအရမူ သူသည္ လူသားတို႔အေၾကာင္း ေျပာၾကားရာတြင္ အမွား၊အမွန္မ်ားကို ေဟာသူ မဟုတ္။ လူသားတို႔အတြက္ အနာဂတ္ လ်ိဳ႕ဝွက္ခ်က္ကို ေဖာ္ထုတ္သူ ျဖစ္သည္ဟု ဆိုေလသည္။

 

“သူ” ဟူသည္ကား နာမည္ေက်ာ္ လကၡဏာဆရာႀကီး ကိုင္႐ို (Cherio) ပင္ ျဖစ္သည္။ “Cherio”သည္ ဂရိဘာသာစကား ျဖစ္ၿပီး လက္ဖဝါး (Palm) ဟု အဓိပၸာယ္ ရေလသည္။

 

လကၡဏာ ပညာရပ္ကို အံ့ၾသေလာက္ေအာင္ တတ္ကြၽမ္းနားလည္သူ ဟု ဆိုရေလာက္သျဖင့္ သူ႔အမည္မွာ လူ႔၀စ္နားဝါး မွ ကိုင္႐ို (Cherio) လက္ဖဝါးဟု ေခၚၾကျခင္း ျဖစ္သည္။

 

ကိုင္႐ိုသည္ ၁၈၆၂ ခုႏွစ္တြင္ အိုင္ယာလန္ႏိုင္ငံ မိသ္ ေကာင္တီ တြင္ ေမြးဖြားခဲ့သည္။ သူ စာဖတ္တတ္၊ ေရးတတ္သည့္ အ႐ြယ္မွစ၍ လကၡဏာပညာရပ္ကို စတင္ ေလ့လာခဲ့သည္။

 

ထိုအခ်ိန္ကပင္ ေက်ာင္း အားလပ္ရက္မ်ား၌ အနီးအနားရွိ လူမ်ားကို လကၡဏာ ၾကည့္ေပးခဲ့သည္။ ထို႔ေနာက္ လန္ဒန္ၿမိဳ႕တြင္ အႏုပညာရပ္မ်ား ေလ့လာၿပီး ဇာတ္ခုံေပၚတြင္ တက္ေရာက္ သ႐ုပ္ေဆာင္ခဲ့သည္။ ငယ္စဥ္ကပင္ ႐ုပ္ရည္ေျပျပစ္ေခ်ာေမာသူ တစ္ေယာက္လည္းျဖစ္သည္။

 

အသက္ ၁၁ ႏွစ္ အ႐ြယ္ကတည္းကလကၡဏာဖတ္ျခင္း ပညာရပ္ကို စြဲလမ္းခဲ့ေသာ ကိုင္႐ိုသည္ အသက္ ၂၀ အေရာက္တြင္ ေရာမသို႔သြားေရာက္ကာ ဗာတီကန္ပိဋကတ္တိုက္မွ ရွားပါးေသာ လကၡဏာပညာရပ္မ်ားကို ေလ့လာ ဖတ္ရႈ႕ခြင့္ရခဲ့သည္။

 

ထို႔ေနာက္ ကိုင္႐ိုက သူ မၾကာမီအဂၤလန္မွ ထြက္ခြာသြားေတာ့မည္။ အိႏၵိယႏွင့္ အီဂ်စ္ျပည္သို႔ ကာလၾကာျမင့္စြာ သြားေရာက္ၿပီး Black Arts ေခၚသည့္ နက္နဲ ဆန္းၾကယ္လွေသာ ဂမၻီရ ပညာရပ္မ်ားကိုသြားေရာက္ေလ့လာမည္ဟု သူ၏ ဇာတ္ကဖက္အမ်ိဳးသမီးတစ္ေယာက္ကို ေျပာသြားခဲ့သည္။

 

ထိုအခ်ိန္က သူ႔အမည္မွာ ကိုင္႐ိုဟု မေက်ာ္ၾကားေသးပဲ မူလနာမည္ လူး၀စ္နားဝါးဟုသာ အမ်ားက သိၾကသည္။ အိႏၵိယမွ ျဗဟၼဏ လူမ်ိဳးမ်ားထံမွ လကၡဏာဆိုင္ရာ ပညာရပ္မ်ားကို အတြင္းက်က် ဆက္လက္ဆည္းပူးခဲ့သည္။ နားဝါးဘ၀မွ ကိုင္႐ိုဘ၀ ေရာက္သည့္အခါ လကၡဏာ သာမက အၾကားအျမင္ျဖင့္ ေဟာေျပာသူ ဟူ၍ နာမည္ရလာသည္။

 

အဂၤလန္ႏိုင္ငံသို႔ ျပန္ေရာက္သည့္အခါ အက်ဥ္းက်သူမ်ား ေဆး႐ုံတက္သူမ်ား ႏွင့္ အျခားလူမ်ားကို ေဟာေျပာခဲ့ဘူးသည္။ အက်ဥ္းက်သူမ်ားကို ေဟာေျပာရာတြင္ ကိုင္႐ို၏ ပညာရပ္ကို လက္ေတြ႕ စမ္းသပ္ခဲ့သည္။ အက်ဥ္းက်သူ ေလးေယာက္ကို ေခါင္းစြပ္မ်ား စြပ္

ခိုင္းထား၍ လကၡဏာၾကည့္ၿပီး ေနာက္ျဖစ္မည့္ ကိစၥရပ္မ်ားကို အနီးစပ္ဆုံး ေဟာေစသည္။

 

အက်ဥ္းသား သုံးေယာက္တို႔အား အတိတ္ႏွင့္ အနာဂတ္တို႔ကို မွန္ကန္ေအာင္ ေဟာၿပီး ေနာက္ဆုံးတစ္ေယာက္ကိုမူ အတိတ္သာ ေဟာ၍ အနာဂတ္ကို ဆက္မေဟာေပ။

 

ထိုအခါ သက္ဆိုင္ရာ က “အဘယ့္ေၾကာင့္ ဆက္မေဟာသနည္းဟု ေမးရာ” အေျဖ မေပးေပ။ သုံးရက္ေျမာက္ေသာေန႔တြင္ ထိုသူသည္ အထက္မွ ႀကိဳးမိန္႔ျဖင့္ ေသဒဏ္ အေပးခံရရာ ကိုင္႐ို၏ ဂုဏ္သတင္းသည္ တဟုန္ထိုး နာမည္ ႀကီးသြားခဲ့သည္။

 

ထိုစဥ္က ကိုင္႐ိုသည္ လကၡဏာပညာရပ္ ႏွင့္ ပတ္သက္ၿပီး ၿပိဳင္ဘက္ကင္းသူ ျဖစ္ေလသည္။

“ကိုင္႐ိုသည္ ၁၉၁၄ ခုႏွစ္တြင္ ကမာၻစစ္ႀကီး စတင္ ျဖစ္ပြားၿပီး ေလးႏွစ္အၾကာတြင္ ကမာၻစစ္ႀကီးၿပီးမည္” ဟုႀကိဳတင္ ေဟာေျပာခဲ့သည္။

 

ဗဟို အင္အားႀကီး ႏိုင္ငံမ်ားႏွင့္ ႐ုရွားႏိုင္ငံ ၿပိဳကြဲမည္ဟုလည္း ဆိုခဲ့သည္။ ထိုသို႔ ေဟာေျပာသည့္အတိုင္းပင္ ျဖစ္လာခဲ့ေပသည္။ ေဝလမင္းသားသည္ အခ်စ္ေရး အရႈပ္အေထြးေၾကာင့္ ထီးနန္းစြန္႔ရမည္ ဟု အတိအက်ေရးသား ေဟာေျပာခဲ့သလို ဒုတိယကမာၻစစ္ႀကီး ျဖစ္ပြားမည္ကိုလည္း ႀကိဳတင္ ေဟာေျပာခဲ့ေလသည္။ အျခား အမႈအခင္းႏွင့္ ျဖစ္ရပ္ေပါင္းမ်ားစြာကိုလည္း မလြဲတမ္း ေဟာႏိုင္ခဲ့သူ ျဖစ္သည္။

 

ကိုင္႐ိုက သူ႔ထံသို႔ လကၡဏာလာၾကည့္သည့္ အသက္ႀကီးႀကီး သူတစ္ဦးအား “၁၈၉၄ ခုႏွစ္ ဇူလိုင္လအတြင္း ခင္ဗ်ားဟာ မိမိလုပ္ငန္းရဲ႕အထြဋ္အထိပ္ကို ေရာက္မယ္” ဟု ေဟာရာ အေဟာခံရသူက “ခင္ဗ်ားဒီေလာက္ေတာင္ ေဟာႏိုင္ရင္ ေရာက္မယ့္ေန႔အတိအက် ကိုလည္း ထပ္ေဟာပါဦး” ဟု ဆိုသည္။

 

ထို႔ေၾကာင့္ ကိုင္႐ိုက

“ကြၽန္ေတာ္ ျမင္သမွ် ေဟာရရင္ ၁၈၉၄ ခုႏွစ္ ဇူလိုင္လထဲက ၁ ဂဏန္းနဲ႔ ဆိုင္တဲ့ေန႔ပဲ ၊ ၁ ဂဏန္း ဆိုတာ ဘာေပါင္းေပါင္း ၁ ရတာေပါ့ ၊ ၁၊ ၁၀၊ ၁၉၊၂၈ ထဲက တစ္ရက္ပါ” ဟု ထပ္ေဟာလိုက္ေလသည္။ ေနာက္ ၃ႏွစ္အၾကာ ဇူလိုင္လ ၁၉ ရက္တြင္ တရား႐ုံးေတာ္မွ အေခၚလႊတ္သည္ဟု ဆိုကာ မင္းေစတစ္ဦးက ကိုင္႐ိုအား လာေရာက္ေခၚခဲ့သည္။

 

တရား႐ုံးသို႔ လိုက္သြားသည့္အခါ လြန္ခဲ့ေသာ ၃ ႏွစ္က သူေဟာခဲ့သူမွာ တရားသူႀကီးခ်ဳပ္ ရာထူးကို နာရီပိုင္းအတြင္းကပင္ လက္ခံခဲ့ၿပီး ျဖစ္သည္ဟု သိလိုက္ရသည္။ အဲဒီေန႔က ၁၈၉၄ ခုႏွစ္ ဇူလိုင္လ ၁၉ရက္ျဖစ္သည္။

 

ကိုင္႐ို၏ အဆိုအရ သူေဟာေျပာသည့္အခါတြင္ သူ႔စိတ္ကို ဖုံးလႊမ္းထားသည့္ ေကာ့စမစ္လႈိင္းမ်ားကို တိုးျမႇင့္လိုက္သည္။ ထိုအခါ သူ႔စိတ္ကို မည္သည့္အရာကမွ မဟန္႔တားႏိုင္ေတာ့။ ယင္း ေကာ့စမစ္ လႈိင္းမ်ားမွတစ္ဆင့္ စိတ္စြမ္းအင္မ်ားကို ထုတ္ယူသည္။

 

ယင္းလႈိင္းမ်ားသည္ လူတိုင္းကို ၀န္းရံေနသည္။ ထိုလႈိင္းမ်ားမွ တစ္ဆင့္ သူ႔အသိဥာဏ္ကို ပိုၿပီး ေကာင္းေစသည္ဟု ေျပာၾကားခဲ့သည္။ အဂၤလန္ႏိုင္ငံမွ နာမည္ေက်ာ္ေရွ႕ေနႀကီး ဆာ အက္ဒြတ္ မာရွယ္ေဟာလ္ သည္ လူငယ္ဘ၀က ကိုင္႐ိုႏွင့္ ေတြ႕ခဲ့ဖူးသည္။

 

ထိုစဥ္က ကိုင္႐ိုက

“ခင္ဗ်ားကို ေရွးေဟာင္း အိမ္ႀကီးတစ္အိမ္မွာ ေတြ႕ျမင္ေနရတယ္။ အိမ္ႀကီးက ႀကီးမားလွတဲ့ ဥယ်ာဥ္ႀကီးထဲမွာ ရွိတယ္။ အခ်ိန္က ညပိုင္း ျဖစ္တယ္။ လူအမ်ားအျပားက ခင္ဗ်ားကို ဝိုင္း၀န္း ခ်ီးက်ဴးေနၾကတယ္။

 

ပန္းပြင့္ေတြ ျဖန္႔ႀကဲေနၾကတယ္။ ခင္ဗ်ားအနီးမွာ ခင္ဗ်ားေလာက္အရပ္မရွည္တဲ့ အမ်ိဳးသမီး တစ္ေယာက္ကို ေတြ႕ရတယ္။ သူက လက္ကိုင္ပဝါအနီကို ေဝွ႔ယမ္းေနတယ္” ဟု ေျပာခဲ့သည္။

 

ထို႔ေနာက္ ေနာက္ ၂၅ ႏွစ္အၾကာတြင္ ဆာအက္ဒြတ္သည္ ပါလီမန္အမတ္အျဖစ္ အေ႐ြးခံရသည္။ ထိုသို႔အေ႐ြးခံရသည့္အတြက္ ညတြင္ ေရွးေဟာင္း အဂၤလိပ္စံအိမ္ႀကီး တစ္အိမ္၌ သူ႔ကို ဂုဏ္ျပဳေသာအားျဖင့္ ညစာစားပြဲႀကီးက်င္းပခဲ့သည္။ ဂုဏ္သေရရွိ လူႀကီးမ်ားက သူ႔အား ပန္းမ်ားျဖင့္ ႀကဲျဖန္႔ေနၾကသည္။ ထိုစဥ္ ဆာအက္ဒြတ္သည္ ကိုင္႐ို၏ ေဟာေျပာခ်က္ကို သတိရၿပီး သူ႔ဇနီးကို လွမ္းၾကည့္လိုက္ရာ သူ႔ဇနီးက အျဖဴေရာင္ လက္ ကိုင္ပဝါကို ေဝွ႔ယမ္းေနသည္။

 

ထိုအခါ ထုံးတမ္း အစဥ္အလာအရ အမတ္၏ ဇနီးသည္ လက္ကိုင္ပဝါအနီကို ေဝွ႔ယမ္းရသည္ဟု ဝိုင္းေျပာၾကရာ သူ႔ဇနီး သည္ အနီေရာင္လက္ကိုင္ပဝါကို ေျပာင္း၍ ေဝွ႔ယမ္းသျဖင့္ ေဟာေျပာခ်က္ အျပည့္အ၀ မွန္ခဲ့သည္။

 

ၿမိဳ႕စားႀကီး ဟာမြန္သည္ ကိုင္႐ိုႏွင့္သာမက ကိုင္႐ို၏ ဇနီး မစ္(စ္) ကာ႐ိုးလြမ္းဘတ္ႏွင့္လည္း ရင္းနီးသူျဖစ္သည္။ မစၥတာ ဟာမြန္၏ ေျပာၾကား ခ်က္အရ မစ္(စ္) လြမ္ဘတ္ႏွင့္ကိုင္႐ို၏ ေမတၱာဇာတ္လမ္း ကလည္း စိတ္၀င္စားဖြယ္ ျဖစ္သည္။

 

၁၉၁၁ တြင္ လန္ဒန္ၿမိဳ႕ရွိ ကိုင္႐ို၏႐ုံးခန္း၌ မစ္(စ္) လြမ္ဘတ္သည္ ကိုင္႐ိုႏွင့္ ေတြ႕ခဲ့သည္။ ကိုင္႐ိုထံ လကၡဏာလာၾကည့္ျခင္း ျဖစ္သည္။ကိုင္႐ိုက လကၡဏာ ၾကည့္ရန္ သူ႔လက္ကို ဆြဲယူလိုက္စဥ္မွာပင္ မစ္စ္ လြမ္ဘတ္သည္ ကိုင္႐ိုကို ခ်စ္လိုက္သည္ဟု ဆိုသည္။

 

“ကိုင္႐ိုက ခင္ဗ်ားဟာ ႀကီးမားခက္ခဲတဲ့ လုပ္ငန္းႀကီးေတြ လုပ္ရမယ္။ စိတ္မခ်မ္းေျမ့စရာေတြလည္း ႀကဳံရတတ္တယ္။ ေနာက္ဆုံးေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနသြားရမွာပါ။

 

အိမ္ေထာင္ျပဳၿပီးလို႔ သားေလးေမြးတဲ့အခါ စိတ္ေရာဂါရွိသူ ျဖစ္ႏိုင္တယ္။ ခင္ဗ်ားရဲ႕ ခင္ပြန္းဟာလည္း ႏွစ္ေပါင္းမ်ားစြာ အိမ္က ေပ်ာက္သြားၿပီး သူျပန္လာခ်ိန္ကို အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ရလိမ့္မယ္။ စသည္ျဖင့္ ေဟာလိုက္သည္။ မစ္စ္ လြမ္ဘတ္က ျပန္ေျပာလိုက္ေသာစကားမွာ ပြင့္လင္းလွသည္။ ” ရွင္ဟာ ကြၽန္မ လက္ထပ္လိုတဲ့လူ ျဖစ္တယ္” ဟူ၏။ ထို႔ေနာက္ ၁၉၂၁ ခုႏွစ္တြင္ ကိုင္႐ိုႏွင့္ မစ္စ္လြမ္ဘတ္တို႔ လက္ထပ္ခဲ့သည္။

 

ထူးျခားခ်က္ တစ္ခု ရွိေသးသည္။ ကိုင္႐ိုသည္ သူေသမည့္အခ်ိန္ကို အတိအက် ေျပာႏိုင္ခဲ့သည္။ သူသည္ ေဟာလိဝုဒ္ရွိ အိမ္ခန္းထဲ၌ ေမ့ေမ်ာေနသည္။ ထိုစဥ္ ႐ုတ္တရက္ သူသတိျပန္ရလာေသာအခါ “ကြၽန္ေတာ္သိပ္ေပ်ာ္တာပဲဗ်ာ ကြၽန္ေတာ့ဆရာနဲ႔ေတြ႕တယ္ဗ်၊ ကြၽန္ေတာ္ ၾကာသပေတးေန႔ နံနက္သုံးနာရီ ေလးဆယ့္ငါးမိနစ္မွာ ေသမယ္လို႔ ဆရာကေျပာတယ္ဟု ကိုင္႐ိုက ျမည္တမ္းေျပာျပေလသည္။

 

သူေျပာသည့္အတိုင္းပင္ ၁၉၃၆ ခုႏွစ္ေအာက္တိုဘာ ၈ ရက္ ၾကာသပေတးေန႔ နံနက္ ၃ နာရီ ၄၅ မိနစ္ အခ်ိန္တြင္ ကြယ္လြန္ခဲ့သည္။ ကိုင္႐ို၏ဇနီး မစ္စ္လြမ္ဘတ္မွာမူ ၁၉၄၂ ခုႏွစ္ ဇြန္လ ၁၈ ရက္ေန႔တြင္ ေလယာဥ္ ပ်က္က်ၿပီး ကြယ္လြန္ခဲ့ေလသည္။

 

တိုးထက္ ၏ အံ့ဖြယ္ထူးျခား စိတ္နယ္လြန္ ျဖစ္ရပ္ဆန္းမ်ား စာအုပ္မွ

crd – သုတဇုန္

share & photo crea – Sooth

Be the first to comment

Leave a Reply

Your email address will not be published.


*