အိုမီခရွန်နဲ့ အပြိုင်ပျံ့နှံ့နေတဲ့ တသောင်းတန် အတုအစစ်ကိစ္စ
ဘဏ်တွေကနေ ထုတ်ပေးနေတဲ့ အသစ်ထွက် ၁ သောင်းတန်ကို ဆိုင်တွေက မယူရဲကြတာ… အတုလို့ ပြောဆိုကြတာတွေ လက်တွေ့ ကြုံ နေရလို့ ဘာတွေ ကွာသွားလဲ ယှဥ်ပြပေးထားပါတယ်။
အပြာရွက်တွေ မထွက်ခင်က ထုတ်ခဲ့တဲ့ အဖြူရွက်တွေလို့ သိရပါတယ်။ Security အားနည်းလို့ ပေးမသုံးခဲ့တဲ့ တရားဝင် အရွက်တွေပါပဲ။ လူတွေလက်ထဲ နောက်မှ ရောက်လာတော့လည်း အသစ်လို့ပဲ သုံးနှုန်းလိုက်ပါတယ်။
(1) စစချင်း မြင်ရမှာကတော့ အရောင်အသွေးပါ
အဟောင်းက အပြာဘက်သန်းပြီး အသစ်ကတော့ ဖြူဖျော့ဖျော့နဲ့ပါ။
အထူအပါး အနေနဲ့လဲ အဟောင်းက ထူထူထဲထဲနဲ့ ကိုင်ရတာ မာမာကျောကျော ရှိပေမယ့် အသစ်ကတော့ ပါးတာမှ ကိုင်လို့ ကိုင်ထားမှန်းတောင် မသိရပါဘူး။
(2) ညာဘက်အောက်ထောင့်မှာရေးထားတဲ့ ၁၀၀၀၀ ဆိုတဲ့ စာသားပုံစံလဲ မတူပါဘူး။ သိသိသာသာကို ကွဲပြားပါတယ်။
ရောင်ပြန်ကြိုး ထည့်ထားပုံကလဲ သောက်တလွဲပါ။ ဘယ်ဘက်က အဖြူကွက်မှာလည်း အသစ်က ဘေးဘက် အချွန်ကြီး၂ခုနဲ့ အပေါ်အောက် အချွန်လေး ၄ ခု သာ ပါပေမယ့်
အဟောင်းမှာတော့ ဘေးဘက် အချွန်ကြီး ၄ ခု နဲ့ အပေါ်အောက် အချွန်လေး ၄ ခုစီ ပါခဲ့ပါတယ်။
ဒါ့ကြောင့်မို့ အတုဆိုပြီး မယူရဲကြတာ ဖြစ်ပါလိမ့်မယ်။ ( တကယ်သာ အတု ထုတ်ချင်ရင်ချွတ်စွပ်တူအောင် ထုတ်မှာပေါ့ စောက်ကျိုးနဲ 🤧)
(3) ဒါကတော့ နောက်ကျောဘက်ပါ။ လေးထောင့်ဗလာ အဖြူကွက် သိသိသာသာကို သေးပါတယ်။
အဟောင်းရဲ့ လေးထောင့်ကွက်က ထောင့်မှန်စတုဂံ နဲနဲ ဆန်ပြီး အသစ်ကတော့ လုံးဝ လေးဘက်ညီ စတုရန်းကွက်ပါ။
TEN THOUSAND KYATS ဆိုတဲ့ စာသားကြီးကလည်း အသစ်ထုတ်တဲ့ အရွက်မှာ အကြွေးဆပ်သလား အောက်မေ့ရတယ်။နည်းနည်းနောနော မဟုတ်ဘူး။
(4) ဒါကတော့ အလင်းခံကြည့်ရင် မြင်ရမယ့် အသစ်ထုတ် ၁ သောင်းတန်ရဲ့ ကြာပွင့်ပါ။ကြာပွင့်ရယ် ၁၀၀၀၀ ရယ်ပဲ ပါပါတယ်။
(5) ၁သောင်းတန် အဟောင်းရဲ့ကြာပွင့်ကတော့ အလင်း ဖြာနေသလို ပုံစံလေးပါ။အဆစ်ပါ ပါသေးတယ်။
(6) အသစ်ထုတ် ၁ သောင်းတန်မှာ ဘေးဘက်က ကုတ်လိုင်းတွေ လုံးဝ မပါပါဘူး။
(7) အောက်က ဘားတန်းကလည်း အဟောင်းမှာ တော်တော် ရှည်ပေမယ့် အသစ်မှာတော့ သူ့အရပ်လိုပဲ တော်တော် တိုပါတယ်။
အချုပ်အားဖြင့် ပြောရရင်
ဒါလည်းပဲ ဗဟိုဘဏ်ကနေ တရားဝင်ထုတ်ထားတဲ့ ၁ သောင်းတန် ငွေစက္ကူအသစ်တွေ ဖြစ်တာမို့ ယူကြပါ။ အတုဆိုပြီး မစွပ်စွဲပါနဲ့။ မျက်စိဖွင့်ပါ ။ နားစွင့်ပါ။ ဘဏ်တော်တော်များများမှာ နောက်ပိုင်း ထုတ်ပေးတဲ့ ၁ သောင်းတန်တွေက အဲ့လိုတွေချည်းပါပဲ။ အတု လုံးဝ မဟုတ်ပါဘူးခင်ဗျာ။
📝📝📝ဆက်မင်းနောင်
ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣
Zawgyi ဖြင့် ဖတ်ရန်
အဆစ်ပါ ပါသေးတယ်။
📝📝📝ဆက်မင်းနောင်
ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣
Be the first to comment
Leave a Reply
Your email address will not be published.
*