ကမ္ဘာ့ပေါ်ရှိ အန္တရာယ်အများဆုံး လမ်းများ

ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းများ

ဤကမ္ဘာမြေပြင်တွင် ယာဉ်ရထားများအား မတီထွင်နိုင်မီကပင် လူသားများသည် တစ်နေရာမှ တစ်နေရာသို့သွားရန် လမ်းများကို ရှာဖွေခဲ့ကြသည်။

သယ်ယူပို့ဆောင်ရေး နည်းပညာများတိုးတက်လာချိန်တွင် စက်ဘီးများ၊ မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များ သွားနိုင်ရန် ကောင်းမွန် အဆင့်မြင့်သော လမ်းများကို ဖောက်လုပ်ခဲ့ကြသည်။

မော်တော်ယာဉ်များသည် တစ်စထက်တစ်စ မြန်နှုန်းများ မြင့်လာခဲ့ရာ အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်ရန် လမ်းများကို ကောင်းသည်ထက်ကောင်း၊ စိတ်ချရသည်ထက် စိတ်ချရအောင် ဆန်းသစ်တိုးတက်သော နည်းပညာများဖြင့် ဖောက်လုပ်ခဲ့ကြရပေသည်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့တိုင် အန္တရာယ် အလွန်ကြီးမားလှသည့် လမ်းများကို နိုင်ငံ အများအပြားတွင် တွေ့ရှိကြရသည်။

ကမ္ဘာ့အန္တရာယ် အများဆုံး လမ်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။

၁။ မြောက်ပိုင်းယွန်းဂါ့စ်လမ်း ( North Yungas Road, Bolivia)

သေမင်းတမန်လမ်းဟု နာမည်ကျော်သော ဘိုလီးဗီးယားနိုင်ငံမှ မြောက်ပိုင်းယွန်းဂါ့စ်လမ်းသည် အလွန်အန္တရာယ် ကြီးမားမှုကြောင့် အင်တာအမေရိကန်ဘဏ်က ကမ္ဘာ့ အန္တရာယ်အကြီးဆုံးလမ်းဟု သတ် မှတ်ခဲ့သည်ဟုဆိုကြသည်။

ထိုလမ်းတစ်လျှောက် တစ်နှစ်လျှင် ခရီးသွား ၂ဝဝ မှ ၃ဝဝ အထိ သေဆုံးကြသည်ဟု ခန့်မှန်းထားသည်။ ယာဉ်များ ချောက်အတွင်းသို့ ပြုတ်ကျသည့်နေရာ ဖြစ်သည့် လမ်း အကွေ့များတွင် သတိပေးအမှတ် အသားများ စိုက်ထူထားသည်။

ယေဘုယျအားဖြင့် ကားများတစ်စီး နှင့် တစ်စီး ကျော်တက်ကြရာမှ လျှိုများ အတွင်းသို့ တလိမ့်ခေါက်ကွေး ကျသွားလေ့ ရှိပေသည်။

ပြည်တွင်းပြည်ပ ခရီးသည်များသည် အသက်အန္တရာယ် အလွန် ကြီးမားသည့် ထိုလမ်းများကိုပင် အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် ဖြတ်သန်းနေကြရသည်။

အန္တရာယ်လမ်းများကို မဖြစ်မနေအသုံးပြုနေ ကြရသူများ ရှိသကဲ့သို့ အန္တရာယ် လမ်းများတွင် သက်စွန့်ဆံဖျား သွားရောက်လိုကြသူများကလည်း ထိုလမ်းများသို့ စွန့်စွန့်စားစားသွား ရောက်နေကြမြဲပင် ဖြစ်ပေသည်။

၂။ ဂွမ်လီယန် ဥမင်လမ်း (Guoliang Tunnel Road, China)

ဂွမ်လီယန်ဥမင်သည် တရုတ်နိုင်ငံမှ တောင်တစ်လုံးကို ထွင်းကာ တောင်နံရံအကွေး အတိုင်း ဖောက်လုပ်ထားသည့် လမ်းတစ်ခု ဖြစ်သည်။ လမ်းအကွေးကို ဓာတ်ပုံတွင် မြင်နိုင်ရန် ခက်ခဲမည် ဖြစ်သော်လည်း ဂွမ်လီယန်အနီးရှိ ရွာများမှ ရွာသူရွာသားများစွာတို့၏ လုပ်အားများဖြင့် ဂွမ်လီယန်ဥမင်ကို ထွင်းဖောက်ခဲ့ကြသည်။

ဥမင်လမ်းကို မဖောက်လုပ်မီက တောင်နံရံများ ဝန်းရံနေသည့် ထိုဒေသမှ ရွာများသည် တရုတ်နိုင်ငံ၏ အခြားသော လူမှုအသိုင်းအဝိုင်းနှင့် ဆက်သွယ်မှုများ ပြတ်တောက်နေခဲ့ရသည်။

ထိုလမ်းတွင် ယာဉ်အသွားအလာ နည်းပါးသော်လည်း လမ်းကိုဖောက်လုပ်ထားသည့် တည်ဆောက်မှု စနစ်ကြောင့် အန္တရာယ်များသောလမ်းတစ်ခု ဖြစ်နေပေသည်။

၃။ ကာရကိုရမ် အဝေးပြေးလမ်းမ (Karakoram Highway, Pakistan)

ရင်းနှီးခင်မင်မှု လမ်းမကြီးဟု အမည်ပေးထားသည့် အဝေးပြေးလမ်းတစ်ခုကို ပါကစ္စတန်အစိုးရက ဖောက်လုပ်ခဲ့သည်။

ယင်းလမ်းသည် ကမ္ဘာပေါ်တွင် တောင်ကို ပတ်ကာ ဖောက်လုပ်ထားသော နိုင်ငံတကာ လမ်းများအနက် အမြင့်ဆုံးဖြစ်ပြီး ၄၆၉၃ မီတာခန့် မြင့်သည်။

ယင်းလမ်းမအား တရုတ်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့ကို ဆက်သွယ်ရန် အာရကိုရမ် တောင်တန်းအား ဖြတ်သန်း ဖောက်လုပ်ခဲ့သည်။ မြေပြိုမှုများနှင့် ရေလျှံမှုများ ဖြစ်လွယ်သည့် ယင်းလမ်းသည် အန္တရာယ် ဖြစ်ပေါ်မှုများကို ပိုမို ဆိုးရွားစေပြီး ပါကစ္စတန်ဘက် အခြမ်းတွင် လမ်းခင်းထားခြင်း မရှိသဖြင့် အန္တရာယ်ကို ပိုမို ဖြစ်ပေါ်စေသည်။

သို့တိုင်အောင် ပိုးလမ်းမဟောင်းတစ်လျှောက်ရှိ ရင်သပ် ရှုမောဖွယ် ချောက်ကမ်းပါးများကို ကြည့်ရှုစေရန် ကာရကိုရမ် အဝေးပြေးလမ်းမသည် ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နေပေသည်။

၄။ ဂျိမ်းစ်ဒယ်တန် အဝေးပြေးလမ်း (James Dalton Highway, Alaska)

အမေရိကန်ပြည်ထောင်စု၊ အလာစကာပြည်နယ်ရှိ ဂျိမ်းစ်ဒယ်တန်လမ်းသည် ၆၆၇ ကီလိုမှ တာရှည်လျား၍ အီလီယော့ အဝေးပြေးလမ်းမှ စတင်ကာ အာတိတ်သမုဒ္ဒရာနှင့် ပင်လယ်အော် ရေနံတွင်းများ အနီးရှိ ဒက်ဟော့စ်တွင် အဆုံးသတ်သွားသည်။

အဝေးပြေးလမ်းသည် လှပသော မြင်ကွင်းများ ရှိနေသော်လည်း လမ်းပေါက်များနှင့် ပြင်းထန်စွာတိုက်ခတ်နေသည့် လေနှင့်အတူပါလာသော ကျောက်တုံးကျောက်စများ အန္တရာယ်ကို သတိမူကြရပြီး အဆိုးရွားဆုံးမှာ မည်သည့်နေရာမှမှန်း မသိဘဲ လွှင့်စဉ်နေသော ကျောက်တုံး အပိုင်းအစများ ဖြစ်ပေသည်။

၅။ဇိုဂျီ ဖြတ်လမ်း (The Zoji Pass,India)

အိန္ဒိယနိုင်ငံ၏ မြင့်မားမတ် စောက်သော တောင်ကြားတစ်ခုကို ဖြတ်ဖောက်ထားသည့် အိန္ဒိယ အမျိုးသား အဝေးပြေးလမ်းမ 1D သည် ရှရီနာဂနှင့် လဲဟ်ကြားတွင် တည်ရှိသည်။

ထိုလမ်းသည် လာဒတ်နှင့် ကက်ရှ်မီးယားဒေသ နှစ်ခုကို အဓိကဆက်သွယ်ပေးသည့် ၃၅၂၈ ကီလိုမီတာမြင့်သည့် ဒုတိယအမြင့်ဆုံးတောင်ကြားဖြတ် လမ်း ဖြစ်သည်။

ဆောင်းရာသီတွင် လမ်းကို မကြာခဏ ပိတ်ထားလေ့ ရှိသည်။ အန္တရာယ် များလှသော်လည်း ဇိုဂျီလမ်းသည် လာဒတ်‌ဒေသတွင် နေထိုင်ကြသူများ၏ အိန္ဒိယနိုင်ငံ အခြား ဒေသများနှင့် ဆက်သွယ်မှုပြုကြရသည့် ဘဝရပ်တည်မှုလမ်းကြောင်းအဖြစ် တည်ရှိ နေသည်။

𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊𝖗

Zawgyi ဖြင့် ဖတ်ရန်

ကမာၻ႔အႏၲရာယ္အမ်ားဆုံး လမ္းမ်ား

ဤကမာၻေျမျပင္တြင္ ယာဥ္ရထားမ်ားအား မတီထြင္ႏိုင္မီကပင္ လူသားမ်ားသည္ တစ္ေနရာမွ တစ္ေနရာသို႔သြားရန္ လမ္းမ်ားကို ရွာေဖြခဲ့ၾကသည္။

သယ္ယူပို႔ေဆာင္ေရး နည္းပညာမ်ားတိုးတက္လာခ်ိန္တြင္ စက္ဘီးမ်ား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ား၊ ေမာ္ေတာ္ယာဥ္မ်ား သြားႏိုင္ရန္ ေကာင္းမြန္ အဆင့္ျမင့္ေသာ လမ္းမ်ားကို ေဖာက္လုပ္ခဲ့ၾကသည္။

ေမာ္ေတာ္ယာဥ္မ်ားသည္ တစ္စထက္တစ္စ ျမန္ႏႈန္းမ်ား ျမင့္လာခဲ့ရာ အႏၲရာယ္ ကင္းရွင္းစြာ ေမာင္းႏွင္ႏိုင္ရန္ လမ္းမ်ားကို ေကာင္းသည္ထက္ေကာင္း၊ စိတ္ခ်ရသည္ထက္ စိတ္ခ်ရေအာင္ ဆန္းသစ္တိုးတက္ေသာနည္းပညာမ်ားျဖင့္ ေဖာက္လုပ္ခဲ့ၾကရေပသည္။

သို႔ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ယေန႔တိုင္ အႏၲရာယ္ အလြန္ႀကီးမားလွသည့္ လမ္းမ်ားကို ႏိုင္ငံ အမ်ားအျပားတြင္ ေတြ႕ရွိၾကရသည္။

ကမာၻ႔အႏၲရာယ္ အမ်ားဆုံး လမ္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါသည္။

၁။ ေျမာက္ပိုင္းယြန္းဂါ့စ္လမ္း ( North Yungas Road, Bolivia)

ေသမင္းတမန္လမ္းဟု နာမည္ေက်ာ္ေသာ ဘိုလီးဗီးယားႏိုင္ငံမွ ေျမာက္ပိုင္းယြန္းဂါ့စ္လမ္းသည္ အလြန္အႏၲရာယ္ ႀကီးမားမႈေၾကာင့္ အင္တာအေမရိကန္ဘဏ္က ကမာၻ႔ အႏၲရာယ္အႀကီးဆုံးလမ္းဟု သတ္ မွတ္ခဲ့သည္ဟုဆိုၾကသည္။

ထိုလမ္းတစ္ေလွ်ာက္ တစ္ႏွစ္လွ်င္ ခရီးသြား ၂ဝဝ မွ ၃ဝဝ အထိ ေသဆုံးၾကသည္ဟု ခန႔္မွန္းထားသည္။ ယာဥ္မ်ား ေခ်ာက္အတြင္းသို႔ ျပဳတ္က်သည့္ေနရာ ျဖစ္သည့္ လမ္း အေကြ႕မ်ားတြင္ သတိေပးအမွတ္ အသားမ်ား စိုက္ထူထားသည္။

ေယဘုယ်အားျဖင့္ ကားမ်ားတစ္စီး ႏွင့္ တစ္စီး ေက်ာ္တက္ၾကရာမွ လွ်ိဳမ်ား အတြင္းသို႔ တလိမ့္ေခါက္ေကြး က်သြားေလ့ ရွိေပသည္။ ျပည္တြင္းျပည္ပ ခရီးသည္မ်ားသည္ အသက္အႏၲရာယ္ အလြန္ ႀကီးမားသည့္ ထိုလမ္းမ်ားကိုပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေန႔စဥ္ ျဖတ္သန္းေနၾကရသည္။

အႏၲရာယ္လမ္းမ်ားကို မျဖစ္မေနအသုံးျပဳေန ၾကရသူမ်ား ရွိသကဲ့သို႔ အႏၲရာယ္ လမ္းမ်ားတြင္ သက္စြန႔္ဆံဖ်ား သြားေရာက္လိုၾကသူမ်ားကလည္း ထိုလမ္းမ်ားသို႔ စြန႔္စြန႔္စားစားသြား ေရာက္ေနၾကၿမဲပင္ ျဖစ္ေပသည္။

၂။ ဂြမ္လီယန္ ဥမင္လမ္း (Guoliang Tunnel Road, China)

ဂြမ္လီယန္ဥမင္သည္ တ႐ုတ္ႏိုင္ငံမွ ေတာင္တစ္လုံးကို ထြင္းကာ ေတာင္နံရံအေကြး အတိုင္း ေဖာက္လုပ္ထားသည့္ လမ္းတစ္ခု ျဖစ္သည္။ လမ္းအေကြးကို ဓာတ္ပုံတြင္ ျမင္ႏိုင္ရန္ ခက္ခဲမည္ ျဖစ္ေသာ္လည္း ဂြမ္လီယန္အနီးရွိ ႐ြာမ်ားမွ ႐ြာသူ႐ြာသား

မ်ားစြာတို႔၏ လုပ္အားမ်ားျဖင့္ ဂြမ္လီယန္ဥမင္ကို ထြင္းေဖာက္ခဲ့ၾကသည္။

ဥမင္လမ္းကို မေဖာက္လုပ္မီက ေတာင္နံရံမ်ား ဝန္းရံေနသည့္ ထိုေဒသမွ ႐ြာမ်ားသည္ တ႐ုတ္ႏိုင္ငံ၏ အျခားေသာ လူမႈအသိုင္းအဝိုင္းႏွင့္ ဆက္သြယ္မႈမ်ား ျပတ္ေတာက္ေနခဲ့ရသည္။

ထိုလမ္းတြင္ ယာဥ္အသြားအလာ နည္းပါးေသာ္လည္း လမ္းကိုေဖာက္လုပ္ထားသည့္ တည္ေဆာက္မႈ စနစ္ေၾကာင့္ အႏၲရာယ္မ်ားေသာလမ္းတစ္ခု ျဖစ္ေနေပသည္။

၃။ ကာရကိုရမ္ အေဝးေျပးလမ္းမ (Karakoram Highway, Pakistan)

ရင္းႏွီးခင္မင္မႈ လမ္းမႀကီးဟု အမည္ေပးထားသည့္ အေဝးေျပးလမ္းတစ္ခုကို ပါကစၥတန္အစိုးရက ေဖာက္လုပ္ခဲ့သည္။ ယင္းလမ္းသည္ ကမာၻေပၚတြင္ ေတာင္ကို ပတ္ကာ ေဖာက္လုပ္ထားေသာ ႏိုင္ငံတကာ လမ္းမ်ားအနက္ အျမင့္ဆုံးျဖစ္ၿပီး ၄၆၉၃ မီတာခန႔္ ျမင့္သည္။

ယင္းလမ္းမအား တ႐ုတ္ႏိုင္ငံႏွင့္ ပါကစၥတန္ ႏိုင္ငံတို႔ကို ဆက္သြယ္ရန္ အာရကိုရမ္ ေတာင္တန္းအား ျဖတ္သန္း ေဖာက္လုပ္ခဲ့သည္။ ေျမၿပိဳမႈမ်ားႏွင့္ ေရလွ်ံမႈမ်ား ျဖစ္လြယ္သည့္ ယင္းလမ္းသည္ အႏၲရာယ္ ျဖစ္ေပၚမႈမ်ားကို ပိုမို ဆိုး႐ြားေစၿပီး ပါကစၥတန္ဘက္ အျခမ္းတြင္ လမ္းခင္းထားျခင္း မရွိသျဖင့္ အႏၲရာယ္ကို ပိုမို ျဖစ္ေပၚေစသည္။

သို႔တိုင္ေအာင္ ပိုးလမ္းမေဟာင္းတစ္ေလွ်ာက္ရွိ ရင္သပ္ ရႈေမာဖြယ္ ေခ်ာက္ကမ္းပါးမ်ားကို ၾကည့္ရႈေစရန္ ကာရကိုရမ္ အေဝးေျပးလမ္းမသည္ ကမာၻလွည့္ ခရီးသည္မ်ားကို ဆြဲေဆာင္ေနေပသည္။

၄။ ဂ်ိမ္းစ္ဒယ္တန္ အေဝးေျပးလမ္း (James Dalton Highway, Alaska)

အေမရိကန္ျပည္ေထာင္စု၊ အလာစကာျပည္နယ္ရွိ ဂ်ိမ္းစ္ဒယ္တန္လမ္းသည္ ၆၆၇ ကီလိုမွ တာရွည္လ်ား၍ အီလီေယာ့ အေဝးေျပးလမ္းမွ စတင္ကာ အာတိတ္သမုဒၵရာႏွင့္ ပင္လယ္ေအာ္ ေရနံတြင္းမ်ား အနီးရွိ ဒက္ေဟာ့စ္တြင္ အဆုံးသတ္သြားသည္။

အေဝးေျပးလမ္းသည္ လွပေသာ ျမင္ကြင္းမ်ား ရွိေနေသာ္လည္း လမ္းေပါက္မ်ားႏွင့္ ျပင္းထန္စြာတိုက္ခတ္ေနသည့္ ေလႏွင့္အတူပါလာေသာ ေက်ာက္တုံးေက်ာက္စမ်ား အႏၲရာယ္ကို သတိမူၾကရၿပီး အဆိုး႐ြားဆုံးမွာ မည္သည့္ေနရာမွမွန္း မသိဘဲ လႊင့္စဥ္ေနေသာ ေက်ာက္တုံး အပိုင္းအစမ်ား ျဖစ္ေပသည္။

၅။ဇိုဂ်ီ ျဖတ္လမ္း (The Zoji Pass,India)

အိႏၵိယႏိုင္ငံ၏ ျမင့္မားမတ္ ေစာက္ေသာ ေတာင္ၾကားတစ္ခုကို ျဖတ္ေဖာက္ထားသည့္ အိႏၵိယ အမ်ိဳးသား အေဝးေျပးလမ္းမ 1D သည္ ရွရီနာဂႏွင့္ လဲဟ္ၾကားတြင္ တည္ရွိသည္။

ထိုလမ္းသည္ လာဒတ္ႏွင့္ ကက္ရွ္မီးယားေဒသ ႏွစ္ခုကို အဓိကဆက္သြယ္ေပးသည့္ ၃၅၂၈ ကီလိုမီတာျမင့္သည့္ ဒုတိယအျမင့္ဆုံးေတာင္ၾကားျဖတ္ လမ္း ျဖစ္သည္။

ေဆာင္းရာသီတြင္ လမ္းကို မၾကာခဏ ပိတ္ထားေလ့ ရွိသည္။ အႏၲရာယ္ မ်ားလွေသာ္လည္း ဇိုဂ်ီလမ္းသည္ လာဒတ္‌ေဒသတြင္ ေနထိုင္ၾကသူမ်ား၏ အိႏၵိယႏိုင္ငံ အျခား ေဒသမ်ားႏွင့္ ဆက္သြယ္မႈျပဳၾကရသည့္ ဘဝရပ္တည္မႈလမ္းေၾကာင္းအျဖစ္ တည္ရွိ ေနသည္။

𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊𝖗

Be the first to comment

Leave a Reply

Your email address will not be published.


*