သဲနှင့် ဆားငံရေမှ အစာအာဟာရဖြစ်ထွန်းအောင် အစ္စရေးတို့သုံးခဲ့သော နည်းစနစ်များ

သဲနှင့် ဆားငံရေမှ အစာအာဟာရဖြစ်ထွန်းအောင် အစ္စရေးတို့သုံးခဲ့သော နည်းစနစ်များ

သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းအောင် လုပ်နိုင်သည်မှာ အစ္စရေးနိုင်ငံပင် ဖြစ်ပါသည်။

သဲကန္တာရဆိုသည်မှာ စိုက်ပျိုးမြေမဟုတ်သလို လူနေအပ်သော အရပ်လည်း မဟုတ်ပါ။ သို့သော်အစ္စရေးနိုင်ငံသည် ထိုကန္တာရမြေပေါ်တွင် လူသန်းပေါင်းများစွာ စည်ကား သိုက်မြိုက်စွာ နေထိုင်လျှက်ရှိပြီး လယ်ဧက ပေါင်းများစွာ ထွန်ယက် စိုက်ပျိုးနေကြပါသည်။

အစ္စရေးနိုင်ငံသည် သဲကန္တာရ စိုက်ပျိုးရေး နည်းသစ်ကို တီထွင်ပြီး သီးနှံ စိုက်ပျိုးပင်များကို ဆားငံရေ လောင်းကြပါသည်။

ထိုဆားငံရည်သည် ရေချိုထက် ဆားဓါတ် အဆ (၂၀) ပိုမို ပါ၀င်သည်သာမက ကန္တာရမြေပေါ်တွင် ဆားငံရေလောင်း၍ စိုက်ပျိုးသီနှံ ဖြစ်ထွန်းအောင်မြင်ခြင်းမှာ မယုံနိုင်စရာပင် ဖြစ်ပါသည်။သို့သော်အစ္စရေး နိုင်ငံတွင်ဆားငံရေဖြင့် စိုက်ပျိုးနိုင်ပါသည်။

အစ္စရေးနိုင်ငံတွင် လယ်သမားများ၊ စိုက်ပျိုးရေးသမားများ၊ တစ်နှစ်သုံးသီး စိုက်ပျိုးကြပြီး ဖရဲ၊ အာလူး၊ ခရမ်း၊ ငရုတ်၊ စွန်ပလွန်၊ ဘူးသီးနွယ် နှင့် ထောပတ်သီးများ သာမက အခြား သစ်သီးဝလံများ ဥရောပ စျေးကွက်သို့ တင်ပို့ ရောင်းချကြပါသည်။

တစ်ဧကလျှင် အသီးအနှံ တန် (၆၀)မျှ ထွက်ရှိပါသည်။ အမေရိကန်သည် အစ္စရေး သဲကန္တာရမြေ၏ စိုက်ပျိုးသီးနှံ ဖြစ်ထွန်း အောင်မြင်မှုကို အားရ သဘောကျ၍ လိုက်လုပ်ကြည့်သော်လည်း မအောင်မြင်ပါ။

အစ္စရေးနိုင်ငံတွင် မက်မုံသီး၊ ဆီးသီး၊ တရုပ်ဆီးသီး၊ နတ်သြဇာ၊ ချယ်ရီသီး အစရှိသည့် ရာသီ သီးနှံများ ဖြစ်ထွန်း အောင်မြင်ပြီး ဥရောပ စျေးကွက်သို့ လက်မလည်အောင် တင်ပို့လျက် ရှိပါသည်။ ဂျာမဏီ၊ အင်္ဂလန် ပြင်သစ်နှင့် ဟော်လန်တိုင်းပြည်များကဲ့သို့ ပန်းပေါသော တိုင်းပြည်များသို့လဲ အစ္စရေးပန်းများ စျေးကွက် ဖောက်ဝင်ပြီး အောင်မြင်လျက်ရှိပါသည်။

အစ္စရေးနိုင်ငံသည် ဟင်းသီးဟင်းရွက် သစ်သီး၀လံတို့ ကို ထုတ်လုပ်နိုင်သည်သာ မက လယ်သမားများမှာ တနှစ်လျင် သီးထပ် (၇)ထပ်မြောက် မျိုးစေ့ ကြဲနိုင်သည်အထိ ဖြစ်သည်မှာ ကမ္ဘာက အံ့ဩ အတုယူစရာပင် ဖြစ်ပါသည်။

အစာရေစာ ရှားပါးသည်ကို အစ္စရေးနိုင်ငံက အံ့ဩဖွယ်ရာ ဖြေရှင်းသည့် နည်းလမ်းများ အနက်ထင်ရှားကျော်ကြားသော နည်းလမ်းများမှာ

(၁) Drip irrigation

စိုက်ပျိုးရေး လုပ်ငန်းများတွင် ရေဆုံးရှုံးမှု လျော့နည်းလာစေရန် အတွက် စနစ်တကျ တွက်ချက်၍ အစက်ချ ရေပေးနည်းစနစ် အသုံးပြုခြင်းကို ဆန်းသစ်တီထွင်ပြီး လုပ်ဆောင်ခဲ့သည့် အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာပင် ဖြစ်ပါသည်။

အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာ အောင်မြင်မှုသည် ကမ္ဘာအနှံ့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး ထင်ရှားသည့် သာဓကမှာ အာဖရိက၏ စိုက်ပျိုး အောင်မြင်မှုနှုန်း အင်မတန်နည်းပါးသည့် ဒေသတွင်းရှိ တောင်သူ လယ်သမားများ၏ တစ်နှစ်တွင် သုံးကြိမ် သီးထပ် စိုက်ပျိုးနိုင်ခဲ့ခြင်းက ထင်ရှားစွာ သက်သေထူလျက် ရှိပါသည်။

(၂) Grain cocoons

ရိတ်သိမ်းပြီးသား စပါး၊ ပြောင်း အစရှိသည်တို့ကို မှိုတက်ခြင်း၊ ပိုးမွှားကြောင့် ပျက်စီးခြင်းမှ ကာကွယ်ဖို့ရန်သိုလှောင်မှု နည်းလမ်းသစ်ကို တီထွင်ခဲ့ခြင်း ဖြစ်ပြီး သိုလှောင်မှုကုန်ကျစရိတ် သက်သာခြင်းကြောင့် အာရှနိုင်ငံများတွင် သာမက အာဖရိက အစရှိသည့် လယ်ယာစိုက်ပျိုးမှု ပြုလုပ်သည့် နိုင်ငံများတွင် တောင်သူလယ်သမားများ အတွက် လွယ်ကူသက်သာစွာ သုံးစွဲနိုင်ခြင်းကြောင့် အင်မတန် အကျိုးရှိလှသော နည်းလမ်းပင် ဖြစ်ပါသည်။

(၃) Biological pest control

သဘာဝ နည်းလမ်းဖြင့် အသီးအနှံများ ပိုးမွားကျရောက်ခြင်းမှ ကာကွယ်သည့် နည်းလမ်းဖြစ်ပြီး ယခုအခါတွင် Bio-Bee ကုမ္ပဏီသည် ဂျပန်မှစ၍ ချီလီ အစရှိသည့် နိုင်ငံပေါင်း ၃၂ နိုင်ငံအထိ လူသားအကျိုးပြု ပိုးမွားများ၊ ပျားပိတုန်းများကို ဖြန့်ဝေပြီး ဖြစ်ပါသည်။

ထင်ရှားသည့် သာဓကမှာ ကယ်လီဖိုးနီးယားမှ စတော်ဘယ်ရီသီးများ၏ ပိုးမွား ကျရောက်ခြင်းကို တန်ပြန်လူသားအကျိုးပြုပိုးမွားများဖြင့် သစ်ပင်သီးနှံများကို ဆိုးကျိုးဖြစ်စေသည့် ပိုးမွားများ၏ ရန်ကို ကာကွယ်ပေးခြင်း ဖြစ်ပါသည်။

ထိုနည်းလမ်းကြောင့် အစ္စရေးနိုင်ငံတွင်း ငရုတ်ချို စိုက်ပျိုးသည့်သူများ၏ ပိုးမွားရန် ကာကွယ်ရန်ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ထားသည့် ပိုးသတ်ဆေးများ အသုံးပြုခြင်း ၇၅ ရာခိုင်နှုန်းခန့် လျော့ချနိုင်ခဲ့ပါသည်။

(၄) Dairy farming

မွေးမြူရေးလုပ်ငန်း နဲ့ နို့ထွက်ပစ္စည်း အထွက်နှုန်းကောင်းအောင် လုပ်ဆောင်ခြင်း နည်းလမ်းဖြစ်ပြီး ယခုအခါတွင် SAE Afikim ကုမ္ပဏီသည် ကမ္ဘာပေါ်၌ အကြီးဆုံးလို့ ခေါ်ဆိုနိုင်သည့် နွားကောင်ရေပေါင်း သုံးသောင်းကို ခေတ်မှီကွန်ပြူတာနဲ့ မွေးမြူရေး နည်းလမ်းများ သုံးပြီး မွေးမြူနိုင်ဖို့အတွက် ဗီယက်နမ်မှာလုပ်ဆောင်နေပြီး ဖြစ်ပါသည်။

ထိုလုပ်ဆောင်မှုသည် ဗီယက်နမ်နိုင်ငံတွင်း ရှိသည့် မွေးမြှူရေးလုပ်ငန်းကို အထောက်အကူ ဖြစ်စေပြီး နို့ထွက်ပစ္စည်း အထွက်နှုန်းလည်း မြင့်တက်လာစေရန်အတွက် ဖြစ်ပါသည်။ တရုတ်နိုင်ငံမှလည်း မွေးမြူရေးဆိုင်ရာလုပ်ငန်း အထွက်တိုးအောင်အစ္စရေးသို့ ပညာတော်သင်များစွာကို စေလွှတ်ပြီး ဖြစ်ပါသည်။

(၅) Fishing in the desert

သဲကန္တာရတွင် ငါးမွေးမြူခြင်း နည်းလမ်း ဖြစ်ပါသည်။ ငါးမွေးမြူရာတွင် ပြင်ပ၌ မွေးမြူလျင် ရောဂါကျရောက်ခြင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝဘေး ကြုံရခြင်း အစရှိသည်တို့ ကြုံတွေ့နိုင်ပြီး တီထွင်ဆန်းသစ်သော နည်းလမ်းဖြင့် ယခုအခါတွင် တိုက်များ အတွင်းထဲ၌ မွေးမြူခြင်းသာမက မည်သည့်နေရာမဆို ငါးမွေးမြူနိုင်သည့် GFA (Grow Fish Anywhere) Advanced Systems ကို အသုံးပြုပြီး မွေးမြူမှုနည်းလမ်းပင် ဖြစ်ပါသည်။

(၆) Squeezing every drop of water from the air

လေထုထဲမှ ရေညစ်ထုတ်ကာ အပင်စိုက်ခြင်း နည်းလမ်း ဖြစ်ပါသည်။ ရှေးခေတ်ကာလများတွင် ရေကိုကျောက်တုန်းများက ရယူသုံးပြုသည့်နည်းလမ်းကို အစ္စရေးလူမျိုးတို့ အသုံးပြုခဲ့သော်လည်း ယခုအခါတွင် သာ၍တိုးတက်သော နည်းလမ်းသစ်များဖြင့် မိုးခေါင်ရေရှားပါး ဒေသများတွင် လေထုထဲမှရေကို ရအောင်ထုတ်ယူသည့် နည်းလမ်းကို အသုံးပြုခြင်းဖြစ်ပါသည်။ Tal-Ya tray ဟုအမည်တွင်ပြီး စိုက်ပျိုးရေးအတွက်ပြန်လည် သုံးစွဲနိုင်သည့် ရေခံ ပလတ်စတစ်ခွက်လေးများ ဖြစ်ပါသည်။

(၇) Growing potatoes with saltwater

ဆားငံရေဖြင့် အာလူးစိုက်ပျိုးခြင်း နည်းလမ်း ဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းကဲ့သို့ ပူပြင်းသော ဒေသများတွင် စိုက်ပျိုးရန် မဖြစ်ထွန်းနိုင်သည့် အာလူးစိုက်ခြင်းကို နှစ်ပေါင်းသုံးဆယ်တိတိ လေ့လာပြီး ယခုအခါတွင် ရေရှားပါးရာဒေသတွင် ပင်ဆားငံရေဖြင့် အာလူးစိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ရန် တီထွင်သော နည်းလမ်းဖြစ်ပါသည်။ ယခုအခါ ရေရှားပါးသည့် ဒေသများ၊ ခြောက်သွေ့သော အပူပိုင်းဒေသများတွင်ပါ အာလူးကို စီးပွါးဖြစ် စိုက်ပျိုးနိုင်ကြပြီ ဖြစ်ပါသည်။

(မှတ်ချက်။ ။အစ္စရေးနိုင်ငံသည် စိုက်ပျိုးနည်းပညာမြင့်မားသောနိုင်ငံဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာနည်းလမ်းများကို ထိုနိုင်ငံမှစနစ်တကျ သင်ယူနိုင်ပါက မြန်မာနိုင်ငံအတွက်အင်မတန်အကျိုးရှိနိုင်မည်ဖြစ်ပြီး အစာရေစာခေါင်းပါးမှုကို ဖြေရှင်းနိုင်ပါစေရန်အတွက် ရည်ရွယ်ပြီးဝေမျှခြင်းဖြစ်ပါသည်။)

Credit-Original Writer

(Zawgyi Code)

သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းအောင် အစ္စရေးတို့သုံးခဲ့သော နည်းစနစ်များ

သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းအောင် လုပ်နိုင်သည်မှာ အစ္စရေးနိုင်ငံပင်ဖြစ်ပါသည်။ သဲကန္တာရဆိုသည်မှာ စိုက်ပျိုးမြေမဟုတ်သလို လူနေအပ်သောအရပ်လည်း မဟုတ်ပါ။ သို့သော်အစ္စရေးနိုင်ငံသည် ထိုကန္တာရမြေပေါ်တွင် လူသန်းပေါင်းများစွာစည်ကား သိုက်မြိုက်စွာ နေထိုင်လျှက်ရှိပြီးလယ်ဧကပေါင်းများစွာ ထွန်ယက်စိုက်ပျိုးနေကြပါသည်။

အစ္စရေးနိုင်ငံသည် သဲကန္တာရ စိုက်ပျိုးရေးနည်းသစ်ကို တီထွင်ပြီး သီးနှံစိုက်ပျိုးပင်များကို ဆားငံရေ လောင်းကြပါသည်။ ထိုဆားငံရည်သည် ရေချိုထက် ဆားဓါတ် အဆ (၂၀) ပိုမိုပါ၀င်သည်သာမက ကန္တာရမြေပေါ်တွင် ဆားငံရေလောင်း၍ စိုက်ပျိုးသီနှံဖြစ်ထွန်းအောင်မြင်ခြင်းမှာ မယုံနိုင်စရာပင်ဖြစ်ပါသည်။သို့သော်အစ္စရေးနိုင်ငံတွင်ဆားငံရေဖြင့်စိုက်ပျိုးနိုင်ပါသည်။

အစ္စရေးနိုင်ငံတွင်လယ်သမားများ၊ စိုက်ပျိုးရေးသမားများ၊ တစ်နှစ်သုံးသီး စိုက်ပျိုးကြပြီး ဖရဲ၊ အာလူး၊ ခရမ်း၊ ငရုတ်၊ စွန်ပလွန်၊ ဘူးသီးနွယ် နှင့် ထောပတ်သီးများ သာမကအခြားသစ်သီးဝလံများ ဥရောပ စျေးကွက်သို့ တင်ပို့ရောင်းချကြပါသည်။ တစ်ဧကလျှင် အသီးအနှံ တန် (၆၀)မျှ ထွက်ရှိပါသည် အမေရိကန်သည် အစ္စရေးသဲကန္တာရမြေ၏ စိုက်ပျိုးသီးနှံဖြစ်ထွန်းအောင်မြင်မှုကို အားရ သဘောကျ၍ လိုက်လုပ်ကြည့်သော်လည်း မအောင်မြင်ပါ။

အစ္စရေးနိုင်ငံတွင် မက်မုံသီး၊ ဆီးသီး၊ တရုပ်ဆီးသီး၊ နတ်သြဇာ၊ ချယ်ရီသီး အစရှိသည့် ရာသီ သီးနှံများဖြစ်ထွန်းအောင်မြင်ပြီး ဥရောပ စျေးကွက်သို့ လက်မလည်အောင် တင်ပို့လျတ်ရှိပါသည် ဂျာမဏီ၊ အင်္ဂလန် ပြင်သစ်နှင့် ဟော်လန်တိုင်းပြည်များကဲ့သို့ပန်းပေါသော တိုင်းပြည်များသို့ လဲအစ္စရေးပန်းများ စျေးကွက်ဖောက်ဝင်ပြီး အောင်မြင်လျက်ရှိပါသည်။ အစ္စရေးနိုင်ငံသည် ဟင်းသီးဟင်းရွက် သစ်သီး၀လံတို့ ကိုထုတ်လုပ်နိုင်သည်သာမက လယ်သမားများမှာတနှစ်လျင် သီးထပ် (၇)ထပ်မြောက် မျိုးစေ့ကြဲနိုင်သည်အထိဖြစ်သည်မှာ ကမ္ဘာက အံ့ဩအတုယူစရာပင်ဖြစ်ပါသည်။

အစာရေစာရှားပါးသည်ကို အစ္စရေးနိုင်ငံကအံ့ဩဖွယ်ရာဖြေရှင်းသည့်နည်းလမ်းများ အနက်ထင်ရှားကျော်ကြားသောနည်းလမ်းများမှာ

(၁) Drip irrigation

စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေဆုံးရှုံးမှုလျော့နည်းလာစေရန်အတွက် စနစ်တကျတွက်ချက်၍ အစက်ချရေပေးနည်းစနစ် အသုံးပြုခြင်းကိုဆန်းသစ်တီထွင်ပြီး လုပ်ဆောင်ခဲ့သည့် အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာပင်ဖြစ်ပါသည်။ အစ္စရေးနိုင်ငံ၏စိုက်ပျိုးနည်းပညာ အောင်မြင်မှုသည် ကမ္ဘာအနှံ့ လျင်မြန်စွာပြန့်နှံသွားပြီး ထင်ရှားသည့်သာဓကမှာ အာဖရိက၏ စိုက်ပျိုးအောင်မြင်မှုနှုန်း အင်မတန်နည်းပါးသည့် ဒေသတွင်းရှိ တောင်သူလယ်သမားများ၏ တစ်နှစ်တွင်သုံးကြိမ် သီးထပ်စိုက်ပျိုးနိုင်ခဲ့ခြင်းက ထင်ရှားစွာသက်သေထူလျက်ရှိပါသည်။

(၂) Grain

ရိတ်သိမ်းပြီးသား cocoons စပါး၊ ပြောင်း အစရှိသည်တို့ကို မှိုတက်ခြင်း၊ ပိုးမွှားကြောင့် ပျက်စီးခြင်းမှ ကာကွယ်ဖို့ရန် သိုလှောင်မှု နည်းလမ်းသစ်ကို တီထွင်ခဲ့ခြင်း ဖြစ်ပြီး သိုလှောင်မှု ကုန်ကျစရိတ် သက်သာခြင်းကြောင့် အာရှနိုင်ငံများတွင်သာမက အာဖရိကအစရှိသည့် လယ်ယာစိုက်ပျိုးမှုပြုလုပ်သည့် နိုင်ငံများတွင် တောင်သူလယ်သမားများအတွက် လွယ်ကူသက်သာစွာ သုံးဆွဲနိုင်ခြင်းကြောင့် အင်မတန်အကျိုးရှိလှသောနည်းလမ်းပင်ဖြစ်ပါသည်။

(၃) Biological pest control

သဘာဝနည်းလမ်းဖြင့် အသီးအနှံများ ပိုးမွားကျရောက်ခြင်းမှ ကာကွယ်သည့် နည်းလမ်းဖြစ်ပြီး ယခုအခါတွင် Bio-Bee ကုမ္ပဏီသည် ဂျပန်မှစ၍ ချီလီအစရှိသည့်နိုင်ငံပေါင်း ၃၂ နိုင်ငံအထိ လူသားအကျိုးပြု ပိုးမွားများ၊ ပျားပိတုန်းများကို ဖြန့်ဝေပြီး ဖြစ်ပါသည်။ ထင်ရှားသည့် သာဓကမှာ ကယ်လီဖိုးနီးယားမှ စတော်ဘယ်ရီသီးများ၏ ပိုးမွားကျရောက်ခြင်းကို တန်ပြန်လူသား အကျိုးပြု ပိုးမွားများဖြင့် သစ်ပင်သီးနှံများကို ဆိုးကျိုးဖြစ်စေသည့် ပိုးမွားများ၏ ရန်ကို ကာကွယ်ပေးခြင်း ဖြစ်ပါသည်။ ထိုနည်းလမ်းကြောင့် အစ္စရေးနိုင်ငံတွင်း ငရုတ်ချိုစိုက်ပျိုးသည့်သူများ၏ ပိုးမွားရန်ကာကွယ်ရန် ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ထားသည့် ပိုးသတ်ဆေးများ အသုံးပြုခြင်း ၇၅ ရာခိုင်နှုန်းခန့်လျော့ချနိုင်ခဲ့ပါသည်။

(၄) Dairy farming

မွေးမြူရေးလုပ်ငန်း နဲ့ နို့ထွက်ပစ္စည်း အထွက်နှုန်းကောင်းအောင် လုပ်ဆောင်ခြင်း နည်းလမ်းဖြစ်ပြီး ယခုအခါတွင် SAE Afikim ကုမ္ပဏီသည် ကမ္ဘာပေါ်၌ အကြီးဆုံးလို့ ခေါ်ဆိုနိုင်သည့် နွားကောင်ရေပေါင်း သုံးသောင်းကို ခေတ်မှီကွန်ပြူတာနဲ့ မွေးမြူရေး နည်းလမ်းများ သုံးပြီး မွေးမြူနိုင်ဖို့အတွက် ဗီယက်နမ်မှာလုပ်ဆောင်နေပြီး ဖြစ်ပါသည်။ ထိုလုပ်ဆောင်မှုသည် ဗီယက်နမ် နိုင်ငံတွင်းရှိသည့် မွေးမြှူရေးလုပ်ငန်းကို အထောက်အကူ ဖြစ်စေပြီး နို့ထွက်ပစ္စည်း အထွက်နှုန်းလည်း မြင့်တက်လာစေရန်အတွက် ဖြစ်ပါသည်။ တရုတ်နိုင်ငံမှလည်း မွေးမြူရေးဆိုင်ရာ လုပ်ငန်း အထွက်တိုးအောင်အစ္စရေးသို့ ပညာတော်သင်များစွာကို စေလွှတ်ပြီး ဖြစ်ပါသည်။

(၅) Fishing in the desert

သဲကန္တာရတွင် ငါးမွေးမြူခြင်း နည်းလမ်း ဖြစ်ပါသည်။ ငါးမွေးမြူရာတွင် ပြင်ပ၌ မွေးမြူလျင် ရောဂါကျရောက်ခြင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝဘေး ကြုံရခြင်း အစရှိသည်တို့ ကြုံတွေ့နိုင်ပြီး တီထွင်ဆန်းသစ်သော နည်းလမ်းဖြင့် ယခုအခါတွင် တိုက်များအတွင်းထဲ၌ မွေးမြူခြင်းသာမက မည်သည့်နေရာမဆို ငါးမွေးမြူနိုင်သည့် GFA (Grow Fish Anywhere) Advanced Systems ကိုအသုံးပြုပြီး မွေးမြူမှုနည်းလမ်းပင် ဖြစ်ပါသည်။

(၆) Squeezing every drop of water from the air

လေထုထဲမှ ရေညစ်ထုတ်ကာ အပင်စိုက်ခြင်း နည်းလမ်း ဖြစ်ပါသည်။ ရှေးခေတ် ကာလများတွင် ရေကိုကျောက်တုန်းများက ရယူ အသုံးပြုသည့် နည်းလမ်းကို အစ္စရေးလူမျိုးတို့ အသုံးပြုခဲ့သော်လည်း ယခုအခါတွင် သာ၍တိုးတက်သော နည်းလမ်းသစ်များဖြင့် မိုးခေါင်ရေရှားပါး ဒေသများတွင် လေထုထဲမှ ရေကို ရအောင် ထုတ်ယူသည့်နည်းလမ်းကို အသုံးပြုခြင်း ဖြစ်ပါသည်။ Tal-Ya tray ဟု အမည်တွင်ပြီး စိုက်ပျိုးရေးအတွက် ရေခံပလတ်စတစ်ခွက်ဖြင့် ပြန်လည် သုံးစွဲနိုင်သည့် နည်းများ ဖြစ်ပါသည်။

(၇) Growing potatoes with saltwater

ဆားငံရေဖြင့် အာလူးစိုက်ပျိုးခြင်း နည်းလမ်း ဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းကဲ့သို့ ပူပြင်းသော ဒေသများတွင် စိုက်ပျိုးရန် မဖြစ်ထွန်းနိုင်သည့် အာလူးစိုက်ခြင်းကို နှစ်ပေါင်းသုံးဆယ်တိတိ လေ့လာပြီး ယခုအခါတွင် ရေရှားပါးရာ ဒေသတွင်ပင် ဆားငံရေဖြင့် အာလူးစိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ရန် တီထွင်သော နည်းလမ်း ဖြစ်ပါသည်။ ယခုအခါ ရေရှားပါးသည့် ဒေသများ၊ ခြောက်သွေ့သော အပူပိုင်းဒေသများတွင်ပါ အာလူးကို စီးပွါးဖြစ်စိုက်ပျိုးနိုင်ကြပြီ ဖြစ်ပါသည်။

(မှတ်ချက်။ ။ အစ္စရေးနိုင်ငံသည် စိုက်ပျိုးနည်းပညာ မြင့်မားသော နိုင်ငံ ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းလမ်းများကို ထိုနိုင်ငံမှ စနစ်တကျ သင်ယူနိုင်ပါက မြန်မာနိုင်ငံအတွက် အင်မတန်အကျိုး ရှိနိုင်မည် ဖြစ်ပြီး အစာရေစာ ခေါင်းပါးမှုကို ဖြေရှင်းနိုင်ပါစေရန် အတွက် ရည်ရွယ်ပြီး ဝေမျှခြင်း ဖြစ်ပါသည်။)

Credit Original. Writer

Via စိုက်ပျိုးရေးနည်းပညာ

Be the first to comment

Leave a Reply

Your email address will not be published.


*